142 Shares 88 Views

Razer ရဲ႕ဒုတိယမ်ိဳးဆက္ Gaming Phone ကို ယခုႏွစ္ ေႏွာင္းပိုင္းမွာ ေၾကညာမည္

Aug 07, 2018
142 88

Razer က ယခင္ႏွစ္ ႏို၀င္ဘာလမွာ သူ႔ရဲ႕ ပထမဆံုး Gaming Phone ကို ေၾကညာခဲ့ပါတယ္။ အခုေတာ့ ဒုတိယ မ်ိဳးဆက္ Razer Phone 2 ကို ယခုႏွစ္ေႏွာင္းပိုင္းမွာ ျပသမယ္လို႔ ကုမၸဏီရဲ႕ ဒုတိယ ဥကၠဌ ျဖစ္သူ Chen Xiaoping က ေျပာပါတယ္။

ရွန္ဟိုင္းမွာ က်င္းပတဲ့ Game Conference China Joy 2018 မွာ သူက ဒီလို ေျပာခဲ့တာပါ။ သူက ဖုန္းအသစ္ကို တရုတ္မွာ ဒီဇင္ဘာလတြင္ ေၾကညာဖို႔ ေမွ်ာ္လင့္ထားၿပီး သူ႔ကို စတင္ ဖန္တီးေနၿပီလို႔ ေျပာပါတယ္။ တရုတ္ မီဒီယာတစ္ခုက Qualcomm ဟာ ဒီဇင္ဘာလ အေစာပိုင္းမွာ စြမ္းရည္ျမင့္ Chipset ကို ေၾကညာေလ့ရွိတဲ့အတြက္ အဲဒီ ဖုန္းဟာ Snapdragon 855 Chipset ထည့္သြင္းထားတဲ့ ပထမဆံုး ဖုန္း ျဖစ္လာႏိုင္တယ္လို႔ ေျပာပါတယ္။

Chen Xiaoping ကေတာ့ သူ႔မွာ ေနာက္ဆံုးထုတ္ Chipset ကို ထည့္သြင္းထားမယ္လို႔ ေျပာေပမယ့္ ေမာ္ဒယ္ကို မေျပာေသးပါဘူး။ ပထမဆံုး Razer Phone မွာ Snapdragon 835 Chipset , 8GB RAM , 5.7” QHD IGZO LCD Screen ( 120 Hz Refresh Rate) မ်ား ပါပါတယ္။ Quick Charge 4+ ပါတဲ့ 4000mAh Battery ထည့္ထားပါတယ္။ Android Nougat ထည့္သြင္းထားၿပီး ၂၀၁၈ ခုႏွစ္ ကြာတား ၁ မွာ Oreo ကို အဆင့္ျမွင့္ေပးလိုက္ပါတယ္။

သူ႔ကို ၆၉၉ ေဒၚလာျဖင့္ေရာင္းခ်ေပးခဲ့ၿပီး Razer Phone 2 ကလည္း ဒီေစ်းေလာက္ ရွိႏုိင္ပါတယ္။ ေဒၚလာ ၈၀၀ ေက်ာ္ တန္ေၾကးရွိတဲ့ Samsung Galaxy S9+ ထက္ ေစ်းသက္သာပါတယ္။ ၅၂၉ ေဒၚလာ ရွိတဲ့ OnePlus 6 ထက္ ေစ်းအနည္းငယ္မ်ားပါတယ္။

Ref : gsmarena

unicode

Razer ရဲ့ဒုတိယမျိုးဆက် Gaming Phone ကို ယခုနှစ် နှောင်းပိုင်းမှာ ကြေညာမည်

Razer က ယခင်နှစ် နိုဝင်ဘာလမှာ သူ့ရဲ့ ပထမဆုံး Gaming Phone ကို ကြေညာခဲ့ပါတယ်။ အခုတော့ ဒုတိယ မျိုးဆက် Razer Phone 2 ကို ယခုနှစ်နှောင်းပိုင်းမှာ ပြသမယ်လို့ ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ Chen Xiaoping က ပြောပါတယ်။

ရှန်ဟိုင်းမှာ ကျင်းပတဲ့ Game Conference China Joy 2018 မှာ သူက ဒီလို ပြောခဲ့တာပါ။ သူက ဖုန်းအသစ်ကို တရုတ်မှာ ဒီဇင်ဘာလတွင် ကြေညာဖို့ မျှော်လင့်ထားပြီး သူ့ကို စတင် ဖန်တီးနေပြီလို့ ပြောပါတယ်။ တရုတ် မီဒီယာတစ်ခုက Qualcomm ဟာ ဒီဇင်ဘာလ အစောပိုင်းမှာ စွမ်းရည်မြင့် Chipset ကို ကြေညာလေ့ရှိတဲ့အတွက် အဲဒီ ဖုန်းဟာ Snapdragon 855 Chipset ထည့်သွင်းထားတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

Chen Xiaoping ကတော့ သူ့မှာ နောက်ဆုံးထုတ် Chipset ကို ထည့်သွင်းထားမယ်လို့ ပြောပေမယ့် မော်ဒယ်ကို မပြောသေးပါဘူး။ ပထမဆုံး Razer Phone မှာ Snapdragon 835 Chipset , 8GB RAM , 5.7” QHD IGZO LCD Screen ( 120 Hz Refresh Rate) များ ပါပါတယ်။ Quick Charge 4+ ပါတဲ့ 4000mAh Battery ထည့်ထားပါတယ်။ Android Nougat ထည့်သွင်းထားပြီး ၂၀၁၈ ခုနှစ် ကွာတား ၁ မှာ Oreo ကို အဆင့်မြှင့်ပေးလိုက်ပါတယ်။

သူ့ကို ၆၉၉ ဒေါ်လာဖြင့်ရောင်းချပေးခဲ့ပြီး Razer Phone 2 ကလည်း ဒီဈေးလောက် ရှိနိုင်ပါတယ်။ ဒေါ်လာ ၈၀၀ ကျော် တန်ကြေးရှိတဲ့ Samsung Galaxy S9+ ထက် ဈေးသက်သာပါတယ်။ ၅၂၉ ဒေါ်လာ ရှိတဲ့ OnePlus 6 ထက် ဈေးအနည်းငယ်များပါတယ်။

Ref : gsmarena

You may be interested

ကင္မရာ ၃ လံုး ပါတဲ့ Huawei Mate 20 Pro ရဲ႕ ဓါတ္ပုံမ်ား ထြက္ေပၚလာ
Android, Huawei, HUBS
0 shares0 views

ကင္မရာ ၃ လံုး ပါတဲ့ Huawei Mate 20 Pro ရဲ႕ ဓါတ္ပုံမ်ား ထြက္ေပၚလာ

Ko Thuya - Sep 25, 2018

Huawei Mate 20 Pro ရဲ႕ ဓါတ္ပံုမ်ား ေပါက္ၾကားထြက္ေပၚလာပါတယ္။ အျပာ၊ အနက္နဲ႔ မိုးျပာေရာင္မ်ား ျဖစ္ပါတယ္။ စြဲေဆာင္မႈ အေကာင္းဆံုးက Twilight အမည္ရ မုိုးျပာေရာင္ ျဖစ္ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ လက IFA ပြဲမွာ ေၾကညာခဲ့တဲ့…

Drop Test မွာ အေျခအေန မေကာင္းခဲ့တဲ့ iPhone XS နဲ႔ XS Max
Apple, HUBS, Mobiles & Tablets
215 shares59 views

Drop Test မွာ အေျခအေန မေကာင္းခဲ့တဲ့ iPhone XS နဲ႔ XS Max

Ko Thuya - Sep 25, 2018

Apple ကေတာ့ iPhone XS နဲ႔ XS Max မွာ သံုးထားတဲ့ ဖန္သားဟာ အလြန္ မာေက်ာၾကံ႕ခိုင္တယ္လို႔ ေၾကညာထားပါတယ္။ အခုေတာ့ အဲဒီ စမတ္ဖုန္းမ်ားရဲ႕ အၾကမ္းခံမႈကို စမ္းသပ္တဲ့ ဗီဒီယိုတစ္ခု ထြက္ေပၚလာပါတယ္။ Drop Test မွာ…

iPhone XS နဲ႔ iPhone XS Max တို႔အတြက္ Tips & Tricks မ်ား (အပိုင္း ၂)
Apple, FEATURES, HOW TO
141 shares52 views

iPhone XS နဲ႔ iPhone XS Max တို႔အတြက္ Tips & Tricks မ်ား (အပိုင္း ၂)

Ko Thuya - Sep 24, 2018

iPhone XS နဲ႔ iPhone XS Max တို႔မွာ ယခင္ႏွစ္ iPhone X ထက္ ေျပာင္းလဲတိုးတက္လာမႈမ်ား ပါ၀င္လာပါတယ္။ ေျပာင္းလဲသြားတဲ့ Tips & Tricks မ်ားလည္း ပါလာပါတယ္။ အိုင္ဖုန္း အေဟာင္း ကိုင္ထားသူမ်ားအတြက္လည္း နည္းလမ္းအခ်ိဳ႕ဟာ…

Leave a Comment

Most from this category