384 Shares 290 Views


Aug 07, 2018
384 290




Ref : gsmarena

unicode

Stylus နဲ့ ၆.၂ လက်မ မျက်နှာပြင်ပါတဲ့ LG Q8 (2018)

LG က V35 ThinQ ရဲ့ ဈေးသက်သာတဲ့ မော်ဒယ် ဖြစ်တဲ့ Q8 (2018) ကို ကြေညာလိုက်ပါတယ်။ သူ့မှာ ၆.၂ လက်မ FullVision Display နဲ့ ဒစ်ဂျစ်တယ် ဘောပင်ပါပါတယ်။ Octa-Core CPU ပါတဲ့ 14nm Snapdragon 450 Chipset မောင်းနှင်ထားပါတယ်။ 4/64GB ထည့်သွင်းထားတဲ့အပြင် 2TB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်တဲ့အတွက် ဒေတာများစွာ သိမ်းနိုင်မှာပါ။

အနောက်ဘက်မှာ PDAF ပါတဲ့ 16MP Camera နဲ့ အရှေ့ဘက်မှာ ၁၀၀ ဒီဂရီ မြင်ကွင်းကျယ် ကင်မရာဖြစ်တဲ့ 5MP ကို ထည့်သွင်းထားပါတယ်။ Group Selfie များ ရိုက်ဖို့ အလွန် ဂွတ်မှာပါ။ DTS:X 3D Surround Sound , Hi-Fi Quac DAC များပါတဲ့အတွက် သီချင်းနားထောင်ရင် အသံအရည်အသွေးက ရှယ်ပေါ့။ IP68 စံနှုန်းရှိတဲ့အတွက် ရေစိုခံနိုင်ပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 160.1 x 77.7 x 8.4 mm ဖြစ်ပါတယ်။ USB-C , Bluetooth , WiFi 802.11 များ ပါပါတယ်။ နားကြပ်ပေါက်ကိုလည်း မဖယ်ရှားထားပါဘူး။

Quick Charge 3.0 ပါတဲ့ 3300mAh Battery ထည့်သွင်းထားပါတယ်။ Aurora Black နဲ့ Moroccan Blue အရောင်များ ထုတ်လုပ်ပေးထားပါတယ်။ ကိုရီးယား ဝမ် ၅၃၉ ၀၀၀ သတ်မှတ်ထားပြီး ၄၈၀ ဒေါ်လာ ဝန်းကျင်ကျသင့်မှာပါ။

Ref : gsmarena

You may be interested

၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google
Google, HUBS, NEWS
0 shares0 views

၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google

Ko Thuya - Nov 16, 2018

ကမ္ဘာမှာ အင်တာနက် ဆက်သွယ်မှု မရသေးတဲ့ လူပေါင်း ဘီလီယမ်နဲ့ချီပြီး ရှိနေပါသေးတယ်။ အဲဒီ လူများအတွက် ဂူဂယ်လ်က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ Project Loon စီမံကိန်းကို ပြုလုပ်နေပါတယ်။ အခုလည်း လာမယ့်နှစ်မှာ ဂူဂယ်လ်က ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးတော့မှာ…

Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ
Facebook, HUBS, Mobiles & Tablets
163 shares57 views

Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ

Ko Thuya - Nov 16, 2018

Facebook က မက်ဆင်ဂျာမှာ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်နိုင်တဲ့ လုပ်ဆောင်ချက်ကို စမ်းသပ်နေခဲ့ပါတယ်။ အခုတော့ ဒီလုပ်ဆောင်ချက်ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပေးလိုက်ပါတယ်။ အရင်ကတော့ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်ရင် သင့်ဘက်ခြမ်းမှာသာ ပျက်သွားတာ ဖြစ်ပြီး လက်ခံရရှိသူရဲ့ ဘက်ခြမ်းမှာ ကျန်နေပါတယ်။ အခုတော့…

Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ
Android, HUBS, Mobiles & Tablets
120 shares14 views

Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ

Ko Thuya - Nov 16, 2018

ဆမ်ဆောင်းက One UI ပါတဲ့ Android 9.0 Pie ကို Galaxy S9 နဲ့ S9+ အတွက် ဖြန့်ချီပေးလိုက်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားမှ User များ ရရှိနေပါပြီ။ Android Pie အခြေပြု ဆမ်ဆောင်းရဲ့…

Leave a Comment

Most from this category