1680 Shares 3298 Views


Aug 06, 2018
1680 3298

[Zawgyi]






Ref: Android Authority

[Unicode]

Gorilla Glass 6 သုံး ပထမဆုံးစမတ်ဖုန်းဖြစ်လာနိုင်တဲ့ Oppo F9

စမတ်ဖုန်း Display တွေအတွက် အကြမ်းခံမှန်သားတွေ ထုတ်ပေးနေတဲ့ Corning ဟာ နောက်ဆုံးမျိုးဆက်သစ် Gorilla Glass 6 ကို ပြီးခဲ့တဲ့ ဂျူလိုင် ၁၈ ရက်နေ့လောက်က မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Gorilla Glass 6 သုံး ပထမဆုံးစမတ်ဖုန်းကို စတင်မြင်တွေ့ရတော့မှာပါ။

Corning ရဲ့ ယနေ့ ထုတ်ပြန်ခဲ့တဲ့သတင်းတခုအရ Oppo ရဲ့ အမည်မဖော်ပြထားတဲ့ Flagship ဖုန်းအသစ်ဟာ ပထမဆုံး Gorilla Glass 6 သုံး ဖုန်းဖြစ်လာမယ်လို့ သိရပါတယ်။

Oppo ရဲ့ နောက်အသစ်ထွက်မယ့် Flagship ဖုန်းကလည်း F9 လို့ သိထားရတာကြောင့်၊ Gorilla Glass 6 ဟာ F9 ဖုန်းမှာ ပါဝင်ဖို့ များနေတာပါ။

Corning ရဲ့ Gorilla Glass 6 ဟာ အမြင့်ပေ ၁ မီတာလောက်ကနေ ကြမ်းတမ်းမာကျောတဲ့မျက်နှာပြင်ပေါ်ကို ၁၅ ကြိမ်လောက် ပစ်ချတာတောင် မပွန်းမပဲ့ခံနိုင်ရှိပါတယ်။ F9 ဖုန်းမှာ အမှန်တကယ်ပါဝင်လာရင်တော့ Oppo ပရိတ်သတ်တွေအတွက် သတင်းကောင်းပါပဲ။ Corning ရဲ့ အဆိုအရ သုံးစွဲသူတွေဟာ တနှစ်မှာ အနည်းဆုံး ၇ ကြိမ်လောက်တော့ ပုံမှန်ဖုန်းပြုတ်ကျလေ့ရှိတာကြောင့် Gorilla Glass 6 ဟာ ၂ နှစ်လောက် အေးဆေးပြုတ်ကျဒဏ်ခံနိုင်မယ်လို့ သီအိုရီအရ ယူဆနိုင်ပါတယ်။

Oppo ဟာ လက်ရှိ Flagship ဖုန်းတွေဖြစ်တဲ့ Oppo Find X နဲ့ Oppo R15 တို့မှာလည်း Gorilla Glass 5 ကို အသုံးပြုထားတာကြောင့် F9 မှာလည်း သေချာပေါက် Gorilla Glass ကို အသုံးပြုဦးမှာပါ။

You may be interested

တလ ၃ ဒေါ်လာသာ ကျသင့်မယ့် Netflix မိုဘိုင်းသီးသန့် အစီအစဉ်ကို အိန္ဒိယမှာ စမ်းသပ်
NEWS, Softwares & Application
0 shares0 views

တလ ၃ ဒေါ်လာသာ ကျသင့်မယ့် Netflix မိုဘိုင်းသီးသန့် အစီအစဉ်ကို အိန္ဒိယမှာ စမ်းသပ်

Nigma - Mar 23, 2019

Netflix က အိန္ဒိယ အပါအဝင် နိုင်ငံအချို့မှာ မိုဘိုင်းသီးသန့် လစဉ်ကြေးအစီအစဉ်အသစ်တခုကို စမ်းသပ်လျက် ရှိပါတယ်။ ပုံမှန်အားဖြင့် Netflix ကို အိန္ဒိယက ဝယ်မယ်ဆိုရင် အနည်းဆုံး တလ ၇.၂၇ ဒေါ်လာ ပေးရပါတယ်။ မြန်မာနိုင်ငံကနေဆို အနည်းဆုံး ၇.၉၉ ဒေါ်လာ…

စုံတွဲများ အိပ်ယာထက်မှာ သာယာမှု ပိုရအောင် ကူညီပေးမယ့် Sex Toy
Gadgets, NEWS
0 shares0 views

စုံတွဲများ အိပ်ယာထက်မှာ သာယာမှု ပိုရအောင် ကူညီပေးမယ့် Sex Toy

Ko Thuya - Mar 23, 2019

ချစ်တင်းနှောမှုကို ကူညီပေးမယ့် ကိရိယာ ပေါ်လာပါပြီ။ Lovely အမည်ရ ချပ်ဝတ်တန်ဆာ ကွန်ပြူတာငယ်လေးက Tracker ဖြစ်သလို တစ်စိတ်တစ်ပိုင်းအားဖြင့် Sex Toy လည်း ဖြစ်ပါတယ်။ ဒေါ်လာ ၁၆၉ တန်ကြေးရှိပြီး အမျိုးသားလိင်တံရဲ့ အရင်းမှာ ၀တ်ဆင်ထားရမှာပါ။ ဆီလီကွန်ဖြင့် ပြုလုပ်ထားပြီး…

Evernote မှာ စာရိုက်စရာ မလိုဘဲ Notes များ ဘယ်လို မှတ်သားမလဲ ?
FEATURES, Softwares & Application
23 shares18 views

Evernote မှာ စာရိုက်စရာ မလိုဘဲ Notes များ ဘယ်လို မှတ်သားမလဲ ?

Ko Thuya - Mar 23, 2019

နာမည်ကျော် မှတ်စု မှတ်သားတဲ့ Evernote App မှာ စာသားများ အပြင် အသံမှတ်စုများ၊ ဗီဒီယို မှတ်စုများကိုလည်း မှတ်သားနိုင်ပါတယ်။ အင်တာနက်မှ သတင်း၊ ဆောင်းပါးများ၊ နည်းလမ်းများ အပါအ၀င် အရာအားလုံးကို မှတ်သားနိုင်ပါတယ်။ သူ့မှာ မှတ်စုများကို လျှင်မြန်လွယ်ကူစွာ မှတ်သားနိုင်တဲ့…

Leave a Comment

Most from this category