0 Shares 729 Views

Windows 10 ကို အလြယ္ကူဆုံး Clean Installation လုပ္နည္း

[Zawgyi]

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ Windows ျပန္တင္ခ်င္တဲ့သူေတြအတြက္ ဖိုင္ေတြ၊ ေဒတာေတြ တခုမွ မေပ်ာက္ဆုံးဘဲ၊ Settings ေတြကအစ ကိုယ္သတ္မွတ္ထားတဲ့အတိုင္း အဆင္သင့္ျပန္သုံးႏိုင္တဲ့ Clean Installation နည္းလမ္းတခုနဲ႔ မိတ္ဆက္ေပးပါရေစ။

Fresh Start လို႔ အမည္ေပးထားတဲ့ ယခု Feature ဟာ Windows 10 Creators Update မွာ စတင္ပါဝင္ခဲ့တဲ့ Feature ျဖစ္ျပီး၊ Windows ကို Clean Installation လြယ္လြယ္လုပ္ခ်င္တဲ့သူေတြအတြက္ အဆင္ေျပဆုံးျဖစ္ေအာင္ Microsoft က ၾကိဳးစားေပးထားတဲ့ Feature တခုပါ။

ကိုယ့္ PC က စက္တက္တာ၊ ပိတ္တာ မတရားၾကာေနရင္၊ မမ္မိုရီအသုံးျပဳမွဳ အရမ္းမ်ားေနရင္၊ Browsing လုပ္ရတာ ေႏွးေကြးေလးလံေနရင္၊ ဘက္ထရီအကုန္ျမန္ေနရင္ စသျဖင့္ Windows အသုံးျပဳေနက်လူေတြ ပုံမွန္ၾကဳံေတြ႕ေနရတဲ့ အခက္အခဲေလးေတြကို Fresh Start လုပ္ေပးျခင္းအားျဖင့္ ေျဖရွင္းႏိုင္ပါတယ္။ Fresh Start ကို က်ေနာ္သေဘာအက်ဆုံး တခ်က္ကေတာ့ အင္တာနက္ခ်ိတ္ဆက္ျပီး လုပ္မယ္ဆုိရင္ ေနာက္ဆုံး Up-to-date Windows ဗားရွင္းကိုပါ အလိုလိုျမွင့္ေပးသြားတာပါ။ Windows ျပန္တင္ဖို႔လည္း စိတ္ကူးရွိတယ္၊ Up-to-date ဗားရွင္းလည္း သုံးခ်င္တယ္ဆိုရင္ ဒီနည္းလမ္းက အလြယ္ကူဆုံးနည္းလမ္းတခု ျဖစ္ပါတယ္။

Fresh Start အသုံးျပဳနည္း

မွတ္ခ်က္ – Fresh Start မသုံးခင္ အရင္ဆုံး သတိေပးခ်င္တာကေတာ့ ဒီ Feature ဟာ သင့္စက္ထဲသြင္းထားတဲ့ Third-party Softwares ေတြ၊ Apps ေတြ အားလုံးကို ဖ်က္ပစ္ျပီး၊ Windows အသစ္အတိုင္း ျပန္သုံးရမွာျဖစ္လို႔ လိုအပ္တာေတြကို Backup ရယူထားဖို႔ အၾကံေပးခ်င္ပါတယ္။ ဒီ့အျပင္ Apps ေတြရဲ႕ ဒီဂ်စ္တယ္လို္င္စင္နဲ႔ Content ေတြကိုပါ ျဖဳတ္ပစ္ႏိုင္တဲ့အတြက္ Product Keys ေတြ၊ License ကုဒ္ေတြ ျပန္ရွာထားဖို႔ လည္း လိုပါလိမ့္မယ္။

  • Fresh Start ကို Windows 10 Settings ထဲက Device Performance & Health setting ထဲကေန အသုံးျပဳနိုင္ပါတယ္။
  • Get Started လုပ္လိုက္ျပီဆိုရင္ Fresh Start သုံးဖို႔ ေသခ်ာလားဆိုတာ Microsoft က ထပ္ေမးပါလိမ့္မယ္။ သင့္စက္အေပၚမူတည္ျပီး ပွ်မ္းမွ် ၾကာခ်ိန္ကိုလည္း ခန္႔မွန္းေဖာ္ျပေပးထားမွာပါ။
  • Next နွိပ္လိုက္မယ္ဆိုရင္ သင့္စက္ထဲ သြင္းထားတဲ့ ဘယ္ Apps ေတြ၊ Softwares ေတြကို ျဖဳတ္ပစ္ရမလဲဆိုတာ စစ္ေဆးပါလိမ့္မယ္။
  • စစ္ျပီးသြားရင္ Remove လုပ္မယ့္ စာရင္းကို ေဖာ္ျပပါလိမ့္မယ္။ ဖုန္းနဲ႔ ဓာတ္ပုံရိုက္ထားစရာမလိုပါဘူး။ အားလုံးျပီးဆုံးသြားရင္လည္း ဘယ္ Apps ေတြေတာ့ Remove လုပ္လိုက္ျပီဆိုတာ Microsoft က ထပ္ျပေပးသြားမွာျဖစ္တဲ့အတြက္ အခ်ိန္မေရြး ျပန္ၾကည့္ႏိုင္ပါတယ္။
  • ဒီလိုေပၚလာျပီဆိုရင္ေတာ့ Start နွိပ္လိုက္ပါ။ Laptop ဆိုရင္ အားသြင္းၾကိဳးတပ္ထားေပးပါ။
  • ထုံးစံအတိုင္း ဘယ္ေလာက္အထိ ျပီးျပီလဲဆိုတာ ရာခိုင္ႏွဳန္းနဲ႔ ျပေနပါလိမ့္မယ္။ နည္းနည္းၾကာမွာ ျဖစ္လို႔ လုပ္စရာရွိတာ လုပ္ေနပါ။
  • Fresh Start လုပ္ေနခ်ိန္အတြင္း PC က Restart တခါထက္မနည္း က်ႏိုင္ပါတယ္။ မစိုးရိမ္ပါနဲ႔။ သူ႕ဘာသာ ေရာက္တဲ့ေနရာကေန ျပန္လုပ္ေပးသြားမွာျဖစ္ပါတယ္။
  • ေနာက္ဆုံးတၾကိမ္ Restart က်ျပီးရင္ေတာ့ Login စခရင္ကို ျမင္ရပါလိမ့္မယ္။ ဒီအဆင့္မွာေတာ့ Windows 10 ေနာက္ဆုံးဗားရွင္းအတြက္ Updates ေတြကိုပါ တခါတည္း သြင္းေပးသြားမွာလည္း ျဖစ္ပါတယ္။
  • အားလုံးျပီးဆုံးသြားရင္ေတာ့ Windows 10 အသစ္ကို စတင္အသုံးျပဳႏိုင္ပါျပီ။ ကိုယ္ထားထားတဲ့ Wallpaper ကအစ၊ Wi-Fi password အဆုံး ဘာမွျပန္လုပ္စရာမလိုဘဲ အဆင္သင့္တန္းသုံးႏိုင္မွာ ျဖစ္ပါတယ္။
  • Fresh Start လုပ္ျပီးသြားခ်ိန္မွာ ကုိယ့္ PC အတြင္း မရွိေတာ့တဲ့ Apps စာရင္းကို Microsoft Edge icon ေလးနဲ႔ စာရင္းလုပ္ေပးထားပါတယ္။
  • တကယ္လို႔ ဒီဖိုင္ကို မွားဖ်က္မိလိုက္လည္း ကိစၥမရွိပါဘူး။ Windows 10 Settings ထဲက Fresh Start ေအာက္မွာ See removed apps ကို ႏွိပ္ျပီး အခ်ိန္မေရြး ျပန္ၾကည့္ႏိုင္ပါတယ္။

Fresh Start ဟာ အရင္လို Windows 10 OS ၾကီးတခုလုံးကို Microsoft website ကေန ျပန္ Download ဆြဲ၊ DVD ဒါမွမဟုတ္ USB Drive နဲ႔ ျပန္သြင္းတာထက္စာရင္ ပိုမိုအဆင္ေျပတဲ့နည္းလမ္းတခုျဖစ္ပါတယ္။

Ref: Microsoft, Tech Republic

[Unicode]

Windows 10 ကို အလွယ်ကူဆုံး Clean Installation လုပ်နည်း

အကြောင်းအမျိုးမျိုးကြောင့် Windows ပြန်တင်ချင်တဲ့သူတွေအတွက် ဖိုင်တွေ၊ ဒေတာတွေ တခုမှ မပျောက်ဆုံးဘဲ၊ Settings တွေကအစ ကိုယ်သတ်မှတ်ထားတဲ့အတိုင်း အဆင်သင့်ပြန်သုံးနိုင်တဲ့ Clean Installation နည်းလမ်းတခုနဲ့ မိတ်ဆက်ပေးပါရစေ။

Fresh Start လို့ အမည်ပေးထားတဲ့ ယခု Feature ဟာ Windows 10 Creators Update မှာ စတင်ပါဝင်ခဲ့တဲ့ Feature ဖြစ်ပြီး၊ Windows ကို Clean Installation လွယ်လွယ်လုပ်ချင်တဲ့သူတွေအတွက် အဆင်ပြေဆုံးဖြစ်အောင် Microsoft က ကြိုးစားပေးထားတဲ့ Feature တခုပါ။

ကိုယ့် PC က စက်တက်တာ၊ ပိတ်တာ မတရားကြာနေရင်၊ မမ်မိုရီအသုံးပြုမှု အရမ်းများနေရင်၊ Browsing လုပ်ရတာ နှေးကွေးလေးလံနေရင်၊ ဘက်ထရီအကုန်မြန်နေရင် စသဖြင့် Windows အသုံးပြုနေကျလူတွေ ပုံမှန်ကြုံတွေ့နေရတဲ့ အခက်အခဲလေးတွေကို Fresh Start လုပ်ပေးခြင်းအားဖြင့် ဖြေရှင်းနိုင်ပါတယ်။ Fresh Start ကို ကျနော်သဘောအကျဆုံး တချက်ကတော့ အင်တာနက်ချိတ်ဆက်ပြီး လုပ်မယ်ဆိုရင် နောက်ဆုံး Up-to-date Windows ဗားရှင်းကိုပါ အလိုလိုမြှင့်ပေးသွားတာပါ။ Windows ပြန်တင်ဖို့လည်း စိတ်ကူးရှိတယ်၊ Up-to-date ဗားရှင်းလည်း သုံးချင်တယ်ဆိုရင် ဒီနည်းလမ်းက အလွယ်ကူဆုံးနည်းလမ်းတခု ဖြစ်ပါတယ်။

Fresh Start အသုံးပြုနည်း

မှတ်ချက် – Fresh Start မသုံးခင် အရင်ဆုံး သတိပေးချင်တာကတော့ ဒီ Feature ဟာ သင့်စက်ထဲသွင်းထားတဲ့ Third-party Softwares တွေ၊ Apps တွေ အားလုံးကို ဖျက်ပစ်ပြီး၊ Windows အသစ်အတိုင်း ပြန်သုံးရမှာဖြစ်လို့ လိုအပ်တာတွေကို Backup ရယူထားဖို့ အကြံပေးချင်ပါတယ်။ ဒီ့အပြင် Apps တွေရဲ့ ဒီဂျစ်တယ်လိုင်စင်နဲ့ Content တွေကိုပါ ဖြုတ်ပစ်နိုင်တဲ့အတွက် Product Keys တွေ၊ License ကုဒ်တွေ ပြန်ရှာထားဖို့ လည်း လိုပါလိမ့်မယ်။

Fresh Start ကို Windows 10 Settings ထဲက Device Performance & Health setting ထဲကနေ အသုံးပြုနိုင်ပါတယ်။
Get Started လုပ်လိုက်ပြီဆိုရင် Fresh Start သုံးဖို့ သေချာလားဆိုတာ Microsoft က ထပ်မေးပါလိမ့်မယ်။ သင့်စက်အပေါ်မူတည်ပြီး ပျှမ်းမျှ ကြာချိန်ကိုလည်း ခန့်မှန်းဖော်ပြပေးထားမှာပါ။
Next နှိပ်လိုက်မယ်ဆိုရင် သင့်စက်ထဲ သွင်းထားတဲ့ ဘယ် Apps တွေ၊ Softwares တွေကို ဖြုတ်ပစ်ရမလဲဆိုတာ စစ်ဆေးပါလိမ့်မယ်။

စစ်ပြီးသွားရင် Remove လုပ်မယ့် စာရင်းကို ဖော်ပြပါလိမ့်မယ်။ ဖုန်းနဲ့ ဓာတ်ပုံရိုက်ထားစရာမလိုပါဘူး။ အားလုံးပြီးဆုံးသွားရင်လည်း ဘယ် Apps တွေတော့ Remove လုပ်လိုက်ပြီဆိုတာ Microsoft က ထပ်ပြပေးသွားမှာဖြစ်တဲ့အတွက် အချိန်မရွေး ပြန်ကြည့်နိုင်ပါတယ်။

ဒီလိုပေါ်လာပြီဆိုရင်တော့ Start နှိပ်လိုက်ပါ။ Laptop ဆိုရင် အားသွင်းကြိုးတပ်ထားပေးပါ။
ထုံးစံအတိုင်း ဘယ်လောက်အထိ ပြီးပြီလဲဆိုတာ ရာခိုင်နှုန်းနဲ့ ပြနေပါလိမ့်မယ်။ နည်းနည်းကြာမှာ ဖြစ်လို့ လုပ်စရာရှိတာ လုပ်နေပါ။


Fresh Start လုပ်နေချိန်အတွင်း PC က Restart တခါထက်မနည်း ကျနိုင်ပါတယ်။ မစိုးရိမ်ပါနဲ့။ သူ့ဘာသာ ရောက်တဲ့နေရာကနေ ပြန်လုပ်ပေးသွားမှာဖြစ်ပါတယ်။
နောက်ဆုံးတကြိမ် Restart ကျပြီးရင်တော့ Login စခရင်ကို မြင်ရပါလိမ့်မယ်။ ဒီအဆင့်မှာတော့ Windows 10 နောက်ဆုံးဗားရှင်းအတွက် Updates တွေကိုပါ တခါတည်း သွင်းပေးသွားမှာလည်း ဖြစ်ပါတယ်။


အားလုံးပြီးဆုံးသွားရင်တော့ Windows 10 အသစ်ကို စတင်အသုံးပြုနိုင်ပါပြီ။ ကိုယ်ထားထားတဲ့ Wallpaper ကအစ၊ Wi-Fi password အဆုံး ဘာမှပြန်လုပ်စရာမလိုဘဲ အဆင်သင့်တန်းသုံးနိုင်မှာ ဖြစ်ပါတယ်။

Fresh Start လုပ်ပြီးသွားချိန်မှာ ကိုယ့် PC အတွင်း မရှိတော့တဲ့ Apps စာရင်းကို Microsoft Edge icon လေးနဲ့ စာရင်းလုပ်ပေးထားပါတယ်။


တကယ်လို့ ဒီဖိုင်ကို မှားဖျက်မိလိုက်လည်း ကိစ္စမရှိပါဘူး။ Windows 10 Settings ထဲက Fresh Start အောက်မှာ See removed apps ကို နှိပ်ပြီး အချိန်မရွေး ပြန်ကြည့်နိုင်ပါတယ်။
Fresh Start ဟာ အရင်လို Windows 10 OS ကြီးတခုလုံးကို Microsoft website ကနေ ပြန် Download ဆွဲ၊ DVD ဒါမှမဟုတ် USB Drive နဲ့ ပြန်သွင်းတာထက်စာရင် ပိုမိုအဆင်ပြေတဲ့နည်းလမ်းတခုဖြစ်ပါတယ်။

Ref: Microsoft, Tech Republic

You may be interested

Google က ကင္ညာတြင္ မိုးပ်ံေဘာလံုးမ်ားနဲ႔ အင္တာနက္ ထုတ္လႊင့္ေပးမည္
Google, HUBS, NEWS
0 shares0 views

Google က ကင္ညာတြင္ မိုးပ်ံေဘာလံုးမ်ားနဲ႔ အင္တာနက္ ထုတ္လႊင့္ေပးမည္

Ko Thuya - Jul 20, 2019

ကမာၻမွာ အင္တာနက္ ဆက္သြယ္မႈ မရေသးတဲ့ လူေပါင္း ဘီလီယမ္နဲ႔ခ်ီၿပီး ရွိေနပါေသးတယ္။ အဲဒီ လူမ်ားအတြက္ ဂူဂယ္လ္က မိုးပ်ံေဘာလံုးမ်ားျဖင့္ အင္တာနက္ ထုတ္လႊင့္ေပးတဲ့ Project Loon စီမံကိန္းကို ျပဳလုပ္ေနပါတယ္။ အခုလည္း ဒီႏွစ္ထဲမွာ ဂူဂယ္လ္က ကင္ညာတြင္ မိုးပ်ံေဘာလံုးမ်ားျဖင့္ အင္တာနက္လႊင့္ေပးေတာ့မွာ…

Watch Party ကို Messenger မွာ ထည့္သြင္းေပးမယ့္ Facebook
Audio & Video, Facebook, HUBS
0 shares6 views

Watch Party ကို Messenger မွာ ထည့္သြင္းေပးမယ့္ Facebook

Ko Thuya - Jul 20, 2019

Facebook က Group မ်ားအတြက္ Watch Party ကို ထည့္သြင္းေပးထားပါတယ္။ ဒီလုပ္ေဆာင္ခ်က္က ဂရုထဲမွ လူမ်ား ဗီဒီယိုတစ္ခုကို အတူတကြ ၾကည့္ရႈႏိုင္ၿပီး ဗီဒီယိုနဲ႔ ပတ္သက္တဲ့ ကြန္းမန္႔မ်ားကို ေရးသားႏိုင္မွာ ျဖစ္ပါတယ္။ ၾကည့္ရႈတဲ့ လူမ်ားကို Watch Party…

အေကာင့္ပိတ္သိမ္းခံရေတာ့မယ္ဆိုတာကို သတိေပးမယ့္ Instagram
NEWS, Security & Safety
0 shares6 views

အေကာင့္ပိတ္သိမ္းခံရေတာ့မယ္ဆိုတာကို သတိေပးမယ့္ Instagram

Ko Thuya - Jul 20, 2019

အင္စတာဂရမ္က သူ႔ရဲ႕မူ၀ါဒ အခ်ိဳ႕ကို ေျပာင္းလဲမႈမ်ား ျပဳလုပ္လိုက္ပါတယ္။ သူ႔ရဲဲ စည္းကမ္းမ်ားကို မလိုက္နာသူမ်ားအား အေကာင့္ပိတ္သိမ္းခံရေတာ့မယ္ဆိုတာကို ႀကိဳတင္ သတိေပးေတာ့မွာျဖစ္ပါတယ္။ အင္စတာဂရမ္က သူဖယ္ရွားမယ့္ User ရဲ႕ Posts, Comments , Stories မ်ားကို အသိေပးမွာ ျဖစ္ၿပီး ဘာ့ေၾကာင့္…

Leave a Comment

Most from this category