1390 Shares 3009 Views

သင့္ ဖုန္း အေဟာင္းေတြကို ပစ္မထားပါနဲ႔။ ဒီလို အသံုးခ်လိုက္ပါ။

Aug 06, 2018
1390 3009

သင့္ စမတ္ဖုန္းဟာ ၃ ႏွစ္ေလာက္ၾကာၿပီ ဆိုရင္ေတာ့ စြမ္းေဆာင္ရည္ က်ဆင္းၿပီး သံုးလို႔ အဆင္ေျပေတာ့မွာ မဟုတ္ပါဘူး။ အဲဒီအတြက္ ဖုန္း အသစ္တစ္လံုးေတာ့ ၀ယ္ဖို႔ လိုပါၿပီ။ ဒါေပမယ့္ ဖုန္းအေဟာင္းကို ေခ်ာင္ထိုးထားဖို႔ မလိုပါဘူး။ ဖုန္းအေဟာင္းကို အသံုးခ်ႏိုင္တဲ့ နည္းလမ္းမ်ားစြာ ရွိပါတယ္။

SIM Card မထည့္ဘဲ ဖုန္းေျပာပါ။

သင့္ဖုန္းမွာ SIM Card မထည့္ဘဲ ၀ိုင္ဖိုင္ ခ်ိတ္ဆက္ၿပီး Facebook Messenger, WhatsApp, Viber တို႔လို Messenger မ်ားကေန Voice Call, Video Call မ်ား ျပဳလုပ္ႏုိင္ပါတယ္။

Media Player or Memory Stick အျဖစ္ သံုးပါ။

သင့္ဖုန္းအေဟာင္းရဲ႕ Internal Storage နဲ႔ SD Card မွာ ဖုိင္မ်ား သိမ္းထားႏုိင္တဲ့အတြက္ Memory Stick လို သံုးႏုိင္ပါတယ္။ ဖုန္းမွာ သီခ်င္းမ်ား နားေထာင္ျခင္း၊ ရုပ္ရွင္ၾကည့္ျခင္းမ်ားကိုလည္း ျပဳလုပ္ႏုိင္ပါတယ္။

Portable GPS အျဖစ္ သံုးပါ။

သင့္ဖုန္းအေဟာင္းကို ကားနဲ႔ စက္ဘီးမွာ တည္ေနရာ ညႊန္ျပတဲ့ Portable GPS အျဖစ္ သံုးႏုိင္ပါတယ္။ အင္တာနက္ မလိုဘဲ တည္ေနရာမ်ားကို ညႊန္ျပေပးႏုိင္တဲ့ Sygic, TomTom, Nokia HERE တို႔လို App တစ္ခုကို ဖုန္းမွာ အင္စေတာလုပ္ပါ။ GPS Holder , Stand လို တစ္ခုခုကို အသံုးျပဳၿပီး ဖုန္းကို ကားရဲ႕ Dashboard အေပၚတင္ၿပီး ဖုန္းကေန တည္ေနရာလမ္းညႊန္ခ်က္မ်ားကို ၾကည့္ႏုိင္ပါတယ္။

Remote Control အျဖစ္ သံုးပါ။

အခုေနာက္ပိုင္း ဖုန္းေတြမွာ Infrared Blaster ပါတဲ့အတြက္ အီလက္ထေရာနစ္ ကိရိယာမ်ားကို ထိန္းခ်ဳပ္တဲ့ Remote အျဖစ္ သံုးႏုိင္ပါတယ္။ Remote က ဘက္ထရီကုန္ႏုိင္ေပမယ့္ ဖုန္းက အားျပန္ျဖည့္ႏုိင္တာက အားသာခ်က္တစ္ခု ျဖစ္ပါတယ္။

ဂိမ္းစက္အျဖစ္ သံုးပါ။

ဖုန္းအေဟာင္းမွာ စြမ္းရည္ျမင့္ ဂိမ္းေတြကို ကစားလို႔ အဆင္မေျပဘူးဆိုေပမယ့္ Candy Crush , Angry Birds တို႔လို ဂိမ္းေတြကိုေတာ့ ကစားႏုိင္ပါေသးတယ္။ Emulators ေတြ သံုးၿပီး ဂိမ္းစက္အဆင့္ ဂိမ္းေတြေတာင္ ကစားႏုိင္ပါတယ္။ ဖုန္းအေဟာင္းကို Gamepad , Joystick တို႔နဲ႔လည္း ခ်ိတ္ဆက္ ကစားႏုိင္ပါတယ္။

Ref : androidpit

unicode

သင့် ဖုန်း အဟောင်းတွေကို ပစ်မထားပါနဲ့။ ဒီလို အသုံးချလိုက်ပါ။

သင့် စမတ်ဖုန်းဟာ ၃ နှစ်လောက်ကြာပြီ ဆိုရင်တော့ စွမ်းဆောင်ရည် ကျဆင်းပြီး သုံးလို့ အဆင်ပြေတော့မှာ မဟုတ်ပါဘူး။ အဲဒီအတွက် ဖုန်း အသစ်တစ်လုံးတော့ ဝယ်ဖို့ လိုပါပြီ။ ဒါပေမယ့် ဖုန်းအဟောင်းကို ချောင်ထိုးထားဖို့ မလိုပါဘူး။ ဖုန်းအဟောင်းကို အသုံးချနိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။

SIM Card မထည့်ဘဲ ဖုန်းပြောပါ။

သင့်ဖုန်းမှာ SIM Card မထည့်ဘဲ ဝိုင်ဖိုင် ချိတ်ဆက်ပြီး Facebook Messenger, WhatsApp, Viber တို့လို Messenger များကနေ Voice Call, Video Call များ ပြုလုပ်နိုင်ပါတယ်။

Media Player or Memory Stick အဖြစ် သုံးပါ။

သင့်ဖုန်းအဟောင်းရဲ့ Internal Storage နဲ့ SD Card မှာ ဖိုင်များ သိမ်းထားနိုင်တဲ့အတွက် Memory Stick လို သုံးနိုင်ပါတယ်။ ဖုန်းမှာ သီချင်းများ နားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းများကိုလည်း ပြုလုပ်နိုင်ပါတယ်။

Portable GPS အဖြစ် သုံးပါ။

သင့်ဖုန်းအဟောင်းကို ကားနဲ့ စက်ဘီးမှာ တည်နေရာ ညွှန်ပြတဲ့ Portable GPS အဖြစ် သုံးနိုင်ပါတယ်။ အင်တာနက် မလိုဘဲ တည်နေရာများကို ညွှန်ပြပေးနိုင်တဲ့ Sygic, TomTom, Nokia HERE တို့လို App တစ်ခုကို ဖုန်းမှာ အင်စတောလုပ်ပါ။ GPS Holder , Stand လို တစ်ခုခုကို အသုံးပြုပြီး ဖုန်းကို ကားရဲ့ Dashboard အပေါ်တင်ပြီး ဖုန်းကနေ တည်နေရာလမ်းညွှန်ချက်များကို ကြည့်နိုင်ပါတယ်။

Remote Control အဖြစ် သုံးပါ။

အခုနောက်ပိုင်း ဖုန်းတွေမှာ Infrared Blaster ပါတဲ့အတွက် အီလက်ထရောနစ် ကိရိယာများကို ထိန်းချုပ်တဲ့ Remote အဖြစ် သုံးနိုင်ပါတယ်။ Remote က ဘက်ထရီကုန်နိုင်ပေမယ့် ဖုန်းက အားပြန်ဖြည့်နိုင်တာက အားသာချက်တစ်ခု ဖြစ်ပါတယ်။

ဂိမ်းစက်အဖြစ် သုံးပါ။

ဖုန်းအဟောင်းမှာ စွမ်းရည်မြင့် ဂိမ်းတွေကို ကစားလို့ အဆင်မပြေဘူးဆိုပေမယ့် Candy Crush , Angry Birds တို့လို ဂိမ်းတွေကိုတော့ ကစားနိုင်ပါသေးတယ်။ Emulators တွေ သုံးပြီး ဂိမ်းစက်အဆင့် ဂိမ်းတွေတောင် ကစားနိုင်ပါတယ်။ ဖုန်းအဟောင်းကို Gamepad , Joystick တို့နဲ့လည်း ချိတ်ဆက် ကစားနိုင်ပါတယ်။

Ref : androidpit

You may be interested

Google က အိႏၵိယမွာ AI ကို သံုး၍ ေရႀကီးမႈကို ခန္႔မွန္းေန
NEWS, Softwares & Application, Tech Update
0 shares0 views

Google က အိႏၵိယမွာ AI ကို သံုး၍ ေရႀကီးမႈကို ခန္႔မွန္းေန

Ko Thuya - Sep 26, 2018

Google က ေဒသတြင္း အစိုးရ ဌာနမ်ားနဲ႔ ပူးေပါင္း၍ Maps နဲ႔ Search တို႔မွာ သဘာ၀ ေဘးအႏၱရာယ္မ်ားနဲ႔ ပတ္သက္ၿပီး အသိေပးမႈမ်ား ျပဳလုပ္ေနတာ ႏွစ္မ်ားစြာ ၾကာေနပါၿပီ။ အခုလည္း ဂူဂယ္လ္က အိႏၵိယမွာ AI ကို သံုး၍…

အေရျပား ကင္ဆာ ျဖစ္ပြားျခင္းကို ေလွ်ာ့ခ်ေပးမယ့္ တန္ဖိုးနည္း လက္ေကာက္
Gadgets, NEWS
26 shares10 views

အေရျပား ကင္ဆာ ျဖစ္ပြားျခင္းကို ေလွ်ာ့ခ်ေပးမယ့္ တန္ဖိုးနည္း လက္ေကာက္

Ko Thuya - Sep 26, 2018

အေမရိကန္ လူမ်ိဳး ၁၀ ကေန ၈၀ ရာခုိင္ႏႈန္းဟာ ဗီတာမင္ ဒီ အားနည္းေနပါတယ္။ ၾသစေၾတးလ်ႏိုင္ငံ၊ မဲလ္ဘုန္း နည္းပညာ တကၠသိုလ္၊ အသံုးခ် ဓါတုေဗဒနဲ႔ ပတ္၀န္းက်င္ သိပၸံပညာ ဌာနမွ ပါေမာကၡ ျဖစ္သူ Bansal က ဒီ…

ျပီးျပည့္စံုေသာ ဓာတ္ပံုရိုက္ခ်က္မ်ားႏွင့္ ဆန္းသစ္ေသာ ဒီဇိုင္းကို အာမခံထားသည့္ Vivo V11 AI စမတ္ဖုန္းကို ျမန္မာႏိုုင္ငံတြင္ စတင္မိတ္ဆက္
HUBS, Vivo
38 shares55 views

ျပီးျပည့္စံုေသာ ဓာတ္ပံုရိုက္ခ်က္မ်ားႏွင့္ ဆန္းသစ္ေသာ ဒီဇိုင္းကို အာမခံထားသည့္ Vivo V11 AI စမတ္ဖုန္းကို ျမန္မာႏိုုင္ငံတြင္ စတင္မိတ္ဆက္

Creepy Tyler - Sep 26, 2018

ရန္ကုန္၊ ျမန္မာ၊ စက္တင္ဘာ ၂၅၊ ၂၀၁၈ - Vivo မွ ၎၏ထုတ္ကုန္သစ္ျဖစ္သည့္ ဆန္းသစ္ေသာ Vivo V11 စမတ္ဖုုန္း ကို ယေန႔တြင္ ျမန္မာႏိုင္ငံတြင္ မိတ္ဆက္ခဲ့သည္။ နာမည္ေက်ာ္ လူၾကိဳက္မ်ားေသာ V အမ်ိဳးအစား စမတ္ဖုန္းမ်ား စာရင္းဝင္ ဤ ဥာဏ္ရည္တု AI…

Leave a Comment

Most from this category