0 Shares 159 Views
ဒိတ်လုပ်လို့ရတဲ့ Feature ကိုထည့်သွင်းတော့မှာဖြစ်တဲ့ Facebook
Aug 06, 2018
0 159
[Zawgyi]
Source: PhoneArena
[Unicode]
မေလတုန်းက ဖေ့စ်ဘွတ်ခ်ကနေ သူ့ရဲ့ App မှာ ဒိတ်လုပ်လို့ရမယ့် Feature တစ်ခုထည့်သွင်းမယ့်အကြောင်း အမြည်းပြောပြခဲ့ပြီးပါပြီ။ အရင်ကတော့ App သက်သက်တစ်ခုအနေနဲ့ထွက်မလားလို့ထင်ခဲ့ပေမယ့် အခုသိရတဲ့အတိုင်းဆို Facebook က သူ့ရဲ့ App ထဲမှာ ဒီ Feature ကို တိုက်ရိုက်ထည့်သွင်းပေးထားမှာပါ။
Image result for facebook dating feature
ဒီ Dating Feature ကို သူ့ရဲ့ Facebook main app မှာပဲ အခြေခံထည့်သွင်းထားပြီး အကုန်လုံးအတွက်မထွက်လာသေးပေမယ့် Facebook ရဲ့ ဝန်ထမ်းတွေကတော့ စမ်းသပ်သုံးစွဲပြီးသွားပါပြီ။
ဒီ Facebook Dating မှာတော့ user တွေအနေနဲ့ ဒီ Feature ကိုသုံးနေတဲ့တခြားလူတွေကိုတွေ့နိုင်မှာဖြစ်ပါတယ်။ Dating Feature ကို Enable လုပ်ပြီးသွားရင် လူတိုင်းမြင်နိုင်တဲ့  News Feed မှာပေါ်လာမှာတော့မဟုတ်ဘဲ ဒီ Feature ကိုပဲသုံးနေတဲ့ သူလိုကိုယ်လိုလူတွေကို မြင်ရမှာပါ။
Image result for works facebook dating feature
ကိုယ့်သူငယ်ချင်းရဲ့သူငယ်ချင်းတွေ (Friends of your Friends) တွေက ကိုယ့်ကိုမြင်စေချင်တယ်ဆိုရင်လည်း မြင်အောင်ရွေးပေးနိုင်သလို Groups တွေ Events တွေလည်းဖွဲ့နိုင်ပြီး ကိုယ့်အကြောင်း Facebook က သိသလောက်အချက်အလက်တွေနဲ့ ကိုယ်နဲ့ကိုက်ညီနိုင်ချေရှိတဲ့လူတွေကို ရှာဖွေပေးမှာဖြစ်ပါတယ်။
Image result for facebook dating feature
ကိုယ့် profile နဲ့ကိုက်ညီတဲ့လူကိုတွေ့ပြီဆိုရင်တော့ သူကလည်း စိတ်ဝင်စားတဲ့အရိပ်အယောင်မျိုးရှိတယ်ဆိုရင်တော့ Messenger ကနေဖြစ်ဖြစ် WhatsApp ကနေဖြစ်ဖြစ် အပြန်အလှန်စာပို့နိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့် Spam ဖြစ်တဲ့ နှောင့်ယှက်သလိုကိစ္စမျိုးမဖြစ်အောင် စိတ်ဝင်စားကြောင်းပြတဲ့ လူအရေအတွက်ကို ဖေ့စ်ဘွတ်ခ်က ကန့်သတ်ထားပါတယ်။ တကယ်လို့ Dating မှာ တစ်ယောက်ယောက်ကို ဘလော့လိုက်ရင်တော့င် ေ့ဖစ်ဘွတ်ခ်မှာတော့ ဘလော့သွားမှာမဟုတ်ပါဘူး။
ဒီ Dating Feature က ဘာငွေကုန်ကြေးကျမှလည်းမရှိသလို ဘာကြော်ငြာမှလည်း ပြမှာမဟုတ်ပါဘူး။ ဒါပေမယ့် နောင်ကျရင်တော့ ငွေရေးကြေးရေးနဲ့ဖြစ်လာမယ့် Feature တစ်ခုလည်းဖြစ်လာနိုင်ပါတယ်။ အမေရိကန်မှာတော့ ဒီ Feature ကို ၁၈နှ်ပြည့်ပြီးသူတွေပဲ သုံးလို့ရနိုင်မှာဖြစ်ပါတယ်တဲ့။
Source: PhoneArena
You may be interested
Google က ကင်ညာတွင် မိုးပျံဘောလုံးများနဲ့ အင်တာနက် ထုတ်လွှင့်ပေးမည်
Google, HUBS, NEWS
0 shares0 views
Google က ကင်ညာတွင် မိုးပျံဘောလုံးများနဲ့ အင်တာနက် ထုတ်လွှင့်ပေးမည်
Ko Thuya - Jul 20, 2019
ကမ္ဘာမှာ အင်တာနက် ဆက်သွယ်မှု မရသေးတဲ့ လူပေါင်း ဘီလီယမ်နဲ့ချီပြီး ရှိနေပါသေးတယ်။ အဲဒီ လူများအတွက် ဂူဂယ်လ်က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ Project Loon စီမံကိန်းကို ပြုလုပ်နေပါတယ်။ အခုလည်း ဒီနှစ်ထဲမှာ ဂူဂယ်လ်က ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးတော့မှာ…
Watch Party ကို Messenger မှာ ထည့်သွင်းပေးမယ့် Facebook
Audio & Video, Facebook, HUBS
0 shares6 views
Watch Party ကို Messenger မှာ ထည့်သွင်းပေးမယ့် Facebook
Ko Thuya - Jul 20, 2019
Facebook က Group များအတွက် Watch Party ကို ထည့်သွင်းပေးထားပါတယ်။ ဒီလုပ်ဆောင်ချက်က ဂရုထဲမှ လူများ ဗီဒီယိုတစ်ခုကို အတူတကွ ကြည့်ရှုနိုင်ပြီး ဗီဒီယိုနဲ့ ပတ်သက်တဲ့ ကွန်းမန့်များကို ရေးသားနိုင်မှာ ဖြစ်ပါတယ်။ ကြည့်ရှုတဲ့ လူများကို Watch Party…
အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို သတိပေးမယ့် Instagram
NEWS, Security & Safety
0 shares6 views
အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို သတိပေးမယ့် Instagram
Ko Thuya - Jul 20, 2019
အင်စတာဂရမ်က သူ့ရဲ့မူဝါဒ အချို့ကို ပြောင်းလဲမှုများ ပြုလုပ်လိုက်ပါတယ်။ သူ့ရဲ စည်းကမ်းများကို မလိုက်နာသူများအား အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို ကြိုတင် သတိပေးတော့မှာဖြစ်ပါတယ်။ အင်စတာဂရမ်က သူဖယ်ရှားမယ့် User ရဲ့ Posts, Comments , Stories များကို အသိပေးမှာ ဖြစ်ပြီး ဘာ့ကြောင့်…
Leave a Comment
Most from this category