0 Shares 208 Views
Aug 06, 2018
0 208
Ref : gsmarena
unicode
Notch ပါတဲ့ စမတ်ဖုန်း ရောင်းအား အကောင်းဆုံးဟာ Huawei ဖြစ်နေ
Notch ပါတဲ့ စမတ်ဖုန်း Trend ဟာ ၂၀၁၈ ခုှနှစ်မှာ အရှိန်မြင့်လာပါပြီ။ အခုတော့ စစ်တမ်းတစ်ခုက ယခုနှစ် ပထမနှစ်ဝက်မှာ Notch ပါတဲ့ Smartphone ရောင်းအား အကောင်းဆုံးဟာ Huawei ဖြစ်တယ်လို့ ဖော်ပြလိုက်ပါတယ်။ Sigmaintell Consulting ရဲ့ စစ်တမ်း ဖြစ်ပြီး ပထမနှစ်ဝက်မှာ ဟွာဝေးဟာ Notch ပါတဲ့ စမတ်ဖုန်း အလုံးရေ ၂၅.၄ သန်း ရောင်းချနိုင်ခဲ့တယ်လို့ ပြောပါတယ်။
Apple က ၂၀.၇ သန်းဖြင့် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ Oppo က တတိယ ၊ Vivo က စတုတ္ထနဲ Xiaomi က ပဌ္စမ နေရာမှာ ရပ်တည်နေကြပါတယ်။ ဟွာဝေးဟာ ပထမနှစ်ဝက်မှာ စမတ်ဖုန်း အလုံးရေ သန်း ၁၀၀ ကျော်ရောင်းချထားတယ်လို့ အခြား စစ်တမ်းတစ်ခုက ဖော်ပြထားတဲ့အတွက် ဟွာဝေး ရောင်းချထားတဲ့ ဖုန်းလေးလုံးမှာ တစ်လုံးဟာ Notch ပါတဲ့ Smartphone ဖြစ်နေပါတယ်။
ပထမနှစ်ဝက်မှာ ကမ္ဘာအဝန်းတွင် Notch ပါတဲ့ စမတ်ဖုန်း အလုံးရေ စုစုပေါင်း ၈၆.၁ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက Huawei ဟာ Apple ကို ကျော်တက်ပြီး ကမ္ဘာ့ ဒုတိယ ရောင်းအား အကောင်းဆုံး ဖုန်း ထုတ်လုပ်သူ ဖြစ်လာတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ်။ ယခုနှစ် ဒုတိယကွာတား ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်းမှာ ဟွာဝေးဟာ ဖုန်း အလုံးရေ ၅၄.၂ သန်း ရောင်းချခဲ့ရပါတယ်။ သူဟာ တရုတ်မှာလည်း ရောင်းအား အကောင်းဆုံး ဖြစ်နေပြီး ဈေးကွက်ဝေစု ၂၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ Samsung ကတော့ ကမ္ဘာ့ ရောင်းအား အကောင်းဆုံး စာရင်းမှာ နံပါတ် ၁ နေရာကို သိမ်းပိုက်ထားပြီး ဈေးကွက်ဝေစု ၂၀.၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။
Ref : gsmarena
You may be interested
LG TV ၂၀၁၉ မော်ဒယ်တွေမှာ Alexa ပါဝင်လာမည်
NEWS
0 shares0 views
LG TV ၂၀၁၉ မော်ဒယ်တွေမှာ Alexa ပါဝင်လာမည်
Nigma - May 26, 2019
၂၀၁၉ ခုနှစ်ထုတ် LG TV အားလုံးမှာ ယခုလကုန်ကစပြီး Alexa အသံထိန်းချုပ်မှုစနစ်ကို ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။ မြောက်အမေရိကမှာ အရင် Update လုပ်ပေးမှာဖြစ်ပြီး၊ ဥရောပနဲ့ အာရှဘက်မှာတော့ စောင့်ရဦးမှာ ဖြစ်ပါတယ်။ LG TV တွေမှာ Amazon ရဲ့…
တရုတ်မှာ စက္ကန့် ၆၀ အတွင်း ဒေါ်လာ ၁၄၄ သန်းဖိုး ရောင်းချနိုင်ခဲ့တဲ့ OnePlus 7 Pro
Android, HUBS, Mobiles & Tablets
0 shares0 views
တရုတ်မှာ စက္ကန့် ၆၀ အတွင်း ဒေါ်လာ ၁၄၄ သန်းဖိုး ရောင်းချနိုင်ခဲ့တဲ့ OnePlus 7 Pro
Ko Thuya - May 26, 2019
OnePlus 7 Pro ဟာ အိန္ဒိယမှာ ရောင်းအား စံချိန်တင်ပြီးနောက်မှာ တရုတ်မှာ စက္ကန့် ၆၀ အတွင်း ဒေါ်လာ ၁၄၄ သန်းဖိုး ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်ရဲ့ အွန်လိုင်းစတိုး JingDong က သူ့ စတိုးမှာ ရောင်းအား…
OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်
Android, HUBS, Mobiles & Tablets
0 shares9 views
OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်
Ko Thuya - May 26, 2019
OPPO Reno 10x Zoom ကို ကြေညာစဉ်မှာ Ocean Green နဲ့ Jet Black အရောင်နှစ်ခုသာ ထုတ်လုပ်ထားပါတယ်။ အခုတော့ အမျိုးသမီးများ နှစ်သက်တဲ့ ပန်းရောင် မော်ဒယ်ကို ထုတ်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။ တရုတ်မှာ ၁၈ ရက်နေ့တွင်…
Leave a Comment
Most from this category