0 Shares 85 Views

တရုတ္အတြက္ ဆင္ဆာ ကန္႔သတ္ထားတဲ့ Search Engine ကို ဖန္တီးေနတဲ့ Google

Aug 06, 2018
0 85

Google က ယခင္တုန္းက တရုတ္မွာ သူ႔ရဲ႕ Search Engine ကို ၀န္ေဆာင္မႈေပးခဲ့ပါတယ္။ ဒါေပမယ့္ တရုတ္ အစိုးရရဲ႕ ပိတ္ပင္မႈကို ရင္ဆိုင္ခဲ့ရပါတယ္။ အခုေတာ့ ဂူဂယ္လ္က တရုတ္ အစိုးရရဲ႕ အလိုအတိုင္း လူ႔အခြင့္အေရး၊ ဒီမိုကေရစီ၊ ဘာသာေရး၊ ဆႏၵျပမႈမ်ားနဲ႔ ပတ္သက္တဲ့ ၀က္ဆိုက္မ်ား၊ ရွာေဖြမႈမ်ားကို ပိတ္ပင္ထားတဲ့ ရွာေဖြမႈ အင္ဂ်င္ကို ဖန္တီးေနပါတယ္။ ဂူဂယ္လ္ရဲ႕ ရွာေဖြမႈ အင္ဂ်င္ဟာ The New York Times, The Wall Street Journal တို႔လို တရုတ္က အလိုမရွိတဲ့ ၀က္ဆိုက္မ်ားကို ပိတ္ပင္ထားမွာျဖစ္ပါတယ္။ ဒါ့အျပင္ လူႀကီး ၀က္ဆိုက္မ်ားကိုပါ ပိတ္ပင္ထားမွာ ျဖစ္ပါတယ္။

ဒီစီမံကိန္းကို Dragonfly လို႔ အမည္ေပးထားပါတယ္။ ၂၀၁၇ ခုႏွစ္ကစၿပီး ဒီစီမံကိန္းကို ဖန္တီးေနတာ ျဖစ္ပါတယ္။ အတြင္း သတင္းမ်ားအရ ဂူဂယ္လ္ရဲ႕ စီမံကိန္းကို သိတဲ့ ၀န္ထမ္းေတာ္ေတာ္မ်ားမ်ား ရွိတယ္လို႔ ဆိုပါတယ္။ ယခုႏွစ္ ဇန္န၀ါရီလမွာ က်င္းပခဲ့တဲ့ Consumer Electronics Show (CES) ပြဲမွာ တရုတ္ အာဏာပိုင္မ်ားအား သရုပ္ျပသခဲ့ပါတယ္။

The Intercept က ရရွိထားတဲ့ အတြင္းပိုင္း စာရြက္စာတမ္းမ်ားအရ ဖိုင္နယ္ ဗားရွင္းကို လာမယ့္ ေျခာက္လကေန ကိုးလအတြင္းမွာ ေအာင္ျမင္စြာ ဖန္တီးႏုိင္မွာ ျဖစ္ၿပီး တရုတ္ အစိုးရထံ တင္ျပ၍ ခြင့္ျပဳခ်က္ ေတာင္းခံရမွာ ျဖစ္ပါတယ္။ ဂူဂယ္လ္ရဲ႕ စီမံကန္းကို တရုတ္ အာဏာပိုင္မ်ားကသာ ခြင့္ျပဳမယ္ဆိုရင္ ဂူဂယ္လ္ဟာ သူ႔ရဲ႕ ရွာေဖြမႈ အင္ဂ်င္ကို တရုတ္မွာ ျပန္လည္ အသက္သြင္းႏုိင္မွာ ျဖစ္ပါတယ္။

Ref : theverge

တရုတ်အတွက် ဆင်ဆာ ကန့်သတ်ထားတဲ့ Search Engine ကို ဖန်တီးနေတဲ့ Google

Google က ယခင်တုန်းက တရုတ်မှာ သူ့ရဲ့ Search Engine ကို ဝန်ဆောင်မှုပေးခဲ့ပါတယ်။ ဒါပေမယ့် တရုတ် အစိုးရရဲ့ ပိတ်ပင်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။ အခုတော့ ဂူဂယ်လ်က တရုတ် အစိုးရရဲ့ အလိုအတိုင်း လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ဘာသာရေး၊ ဆန္ဒပြမှုများနဲ့ ပတ်သက်တဲ့ ဝက်ဆိုက်များ၊ ရှာဖွေမှုများကို ပိတ်ပင်ထားတဲ့ ရှာဖွေမှု အင်ဂျင်ကို ဖန်တီးနေပါတယ်။ ဂူဂယ်လ်ရဲ့ ရှာဖွေမှု အင်ဂျင်ဟာ The New York Times, The Wall Street Journal တို့လို တရုတ်က အလိုမရှိတဲ့ ဝက်ဆိုက်များကို ပိတ်ပင်ထားမှာဖြစ်ပါတယ်။ ဒါ့အပြင် လူကြီး ဝက်ဆိုက်များကိုပါ ပိတ်ပင်ထားမှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းကို Dragonfly လို့ အမည်ပေးထားပါတယ်။ ၂၀၁၇ ခုနှစ်ကစပြီး ဒီစီမံကိန်းကို ဖန်တီးနေတာ ဖြစ်ပါတယ်။ အတွင်း သတင်းများအရ ဂူဂယ်လ်ရဲ့ စီမံကိန်းကို သိတဲ့ ဝန်ထမ်းတော်တော်များများ ရှိတယ်လို့ ဆိုပါတယ်။ ယခုနှစ် ဇန်နဝါရီလမှာ ကျင်းပခဲ့တဲ့ Consumer Electronics Show (CES) ပွဲမှာ တရုတ် အာဏာပိုင်များအား သရုပ်ပြသခဲ့ပါတယ်။

The Intercept က ရရှိထားတဲ့ အတွင်းပိုင်း စာရွက်စာတမ်းများအရ ဖိုင်နယ် ဗားရှင်းကို လာမယ့် ခြောက်လကနေ ကိုးလအတွင်းမှာ အောင်မြင်စွာ ဖန်တီးနိုင်မှာ ဖြစ်ပြီး တရုတ် အစိုးရထံ တင်ပြ၍ ခွင့်ပြုချက် တောင်းခံရမှာ ဖြစ်ပါတယ်။ ဂူဂယ်လ်ရဲ့ စီမံကန်းကို တရုတ် အာဏာပိုင်များကသာ ခွင့်ပြုမယ်ဆိုရင် ဂူဂယ်လ်ဟာ သူ့ရဲ့ ရှာဖွေမှု အင်ဂျင်ကို တရုတ်မှာ ပြန်လည် အသက်သွင်းနိုင်မှာ ဖြစ်ပါတယ်။

Ref : theverge

You may be interested

တရုတ္မွာ စကၠန္႔ ၆၀ အတြင္း ေဒၚလာ ၁၄၄ သန္းဖိုး ေရာင္းခ်ႏုိင္ခဲ့တဲ့ OnePlus 7 Pro
Android, HUBS, Mobiles & Tablets
shares0 views

တရုတ္မွာ စကၠန္႔ ၆၀ အတြင္း ေဒၚလာ ၁၄၄ သန္းဖိုး ေရာင္းခ်ႏုိင္ခဲ့တဲ့ OnePlus 7 Pro

Ko Thuya - May 26, 2019

OnePlus 7 Pro ဟာ အိႏၵိယမွာ ေရာင္းအား စံခ်ိန္တင္ၿပီးေနာက္မွာ တရုတ္မွာ စကၠန္႔ ၆၀ အတြင္း ေဒၚလာ ၁၄၄ သန္းဖိုး ေရာင္းခ်ႏုိင္ခဲ့တယ္လို႔ သိရပါတယ္။ တရုတ္ရဲ႕ အြန္လိုင္းစတိုး JingDong က သူ႔ စတိုးမွာ ေရာင္းအား…

OPPO Reno 10x Zoom ရဲ႕ ပန္းေရာင္ဗားရွင္းကို ဇြန္လ ၁၈ ရက္မွာ ေရာင္းမည္
Android, HUBS, Mobiles & Tablets
0 shares0 views

OPPO Reno 10x Zoom ရဲ႕ ပန္းေရာင္ဗားရွင္းကို ဇြန္လ ၁၈ ရက္မွာ ေရာင္းမည္

Ko Thuya - May 26, 2019

OPPO Reno 10x Zoom ကို ေၾကညာစဥ္မွာ Ocean Green နဲ႔ Jet Black အေရာင္ႏွစ္ခုသာ ထုတ္လုပ္ထားပါတယ္။ အခုေတာ့ အမ်ိဳးသမီးမ်ား ႏွစ္သက္တဲ့ ပန္းေရာင္ ေမာ္ဒယ္ကို ထုတ္လုပ္ေပးေတာ့မွာ ျဖစ္ပါတယ္။ တရုတ္မွာ ၁၈ ရက္ေန႔တြင္…

မဟာသႏၲာေက်ာက္တန္းဆီ ေရငုပ္သေဘၤာ ငွားစီးႏိုင္တဲ့ ‘scUber’ ဝန္ေဆာင္မႈကို Uber စတင္
NEWS
0 shares15 views

မဟာသႏၲာေက်ာက္တန္းဆီ ေရငုပ္သေဘၤာ ငွားစီးႏိုင္တဲ့ ‘scUber’ ဝန္ေဆာင္မႈကို Uber စတင္

Nigma - May 25, 2019

Uber နဲ႔ တကၠစီ အျပင္ ေရငုပ္သေဘၤာပါ ငွားႏိုင္ၿပီ ျဖစ္ပါတယ္။ အငွားယာဥ္ဝန္ေဆာင္မႈ ကုမၸဏီ Uber က ေရငုပ္သေဘၤာ ငွားစီးၿပီး၊ ေရေအာက္က မဟာသႏၲာေက်ာက္တန္း (Great Barrier Reef) ဆီ သြားေရာက္ၾကည့္ရႈႏိုင္တဲ့ ဝန္ေဆာင္မႈတခုကို စတင္လိုက္ပါတယ္။ 'scUber'…

Leave a Comment

Most from this category