114 Shares 87 Views

ဒီတစ္ပတ္အတြက္ ေရြးေပးခ်င္တဲ့ Gadgets မ်ား

Aug 05, 2018
114 87

လူေတြရဲ႕ ေန႔စဥ္ လူေနမႈဘ၀ကို အေထာက္အကူ ျပဳေပးတဲ့ Gadgets မ်ားစြာ ဒီေန႔ေခတ္မွာ ေပၚထြက္လာၾကပါၿပီ။ Gadgets for this week က႑မွာ ဒီတစ္ပတ္အတြက္ အေကာင္းဆံုး Gadgets မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

Autel Robotics EVO Compact Foldable Drone

သူက ဘယ္ေနရာမ်ိဳးမွာ မဆို အသံုးျပဳဖို႔ အဆင္ေျပတဲ့ ဒရုန္းေလးပါ။ သူ႔မွာ ထိပ္တန္း ကင္မရာ တစ္လံုး တပ္ဆင္ထားၿပီး 4K 60fps Ultra HD Video မ်ားကို ရိုက္ကူးေပးႏုိင္ပါတယ္။ ဓါတ္ပံုမ်ားကို 12MP အရည္အေသြးျဖင့္ ဖမ္းယူေပးႏုိင္ပါတယ္။ သူ႔ကို ေခါက္ခ်ိဳးႏုိင္တဲ့အတြက္ သြားေလရာ ယူေဆာင္သြားႏုိင္ပါတယ္ ကင္မရာကို 3-Axis Stabilized Gimbal မွာ တပ္ဆင္ထားတဲ့အတြက္ တုန္ခါမႈ မရွိတဲ့ ပံုရိပ္မ်ားကို ဖမ္းယူေပးပါတယ္။ HD Live View နဲ႔ အလုိအေလွ်ာက္ ပ်ံသန္းတဲ့ စြမ္းရည္မ်ားကို သင့္ စမတ္ဖုန္း App ကေန အသံုးျပဳႏုိင္ပါတယ္။ GPS/GLONASS ၿဂိဳလ္တု တည္ေနရာ ညႊန္ျပမႈ စနစ္မ်ားနဲ႔ အဆင့္ျမင့္ ကြန္ျပဴတာ ပံုရိပ္ေဖာ္ စနစ္မ်ား ပါပါတယ္။ သူက အတားအဆီးမ်ားကို ေရွာင္သြားႏုိင္ပါတယ္။ သူ႔အတြက္ စြမ္းရည္ျမင့္ Controller တစ္ခုကိုပါ ဖန္တီးေပးထားၿပီး ထိန္းခ်ဳပ္ ခလုတ္မ်ားနဲ႔ ၃.၃ လက္မ အရြယ္ OLED Display တစ္ခု ပါပါတယ္။ ၄.၃ မိုင္ အကြာအေ၀း အထိ Controller ကေန ထိန္းခ်ဳပ္ႏုိင္ပါတယ္။ Controller ရဲ႕ Navigation Wheel ကေန ကင္မရာ ဆက္တင္မ်ားကို ေျပာင္းလဲျခင္း၊ SD Card ကုိ ေဖာ္မက္ခ်ျခင္းနဲ႔ အျခား အလုပ္မ်ားစြာကို ျပဳလုပ္ႏုိင္ပါတယ္။ ဗီဒီယိုမ်ား ရိုက္ကူးျခင္း၊ ပိုင္ရွင္ထံ ျပန္လာျခင္းမ်ားကိုလည္း Controller ကေန ျပဳလုပ္ႏုိင္ပါတယ္။ ၉၉၉ ေဒၚလာ တန္ေၾကးရွိပါတယ္။

Segway’s Drift W1

Segway’s Drift W1 ဟာ ဒီဇိုင္း ဆန္းသစ္တဲ့ စကိတ္ျဖစ္ပါတယ္။ ယခုလထဲမွာ ေရာင္းခ်မယ္လို႔ ကုမၸဏီက ေၾကညာထားပါတယ္။ သူဟာ အျမင့္ဆံုး အေနျဖင့္ တစ္နာရီလွ်င္ ၇.၅ မိုင္ႏႈန္း သို႔မဟုတ္ တစ္နာရီလွ်င္ ၁၂ ကီလိုမီတာႏႈန္းျဖင့္ ေမာင္းႏွင္ႏုိင္ပါတယ္။ တစ္ခါအားသြင္းထားရင္ ၄၅ မိနစ္ၾကာ ေမာင္းႏွင္ႏုိင္တယ္လို႔ ကုမၸဏီရဲ႕ ၀က္ဆိုက္မွာ ေရးသားထားပါတယ္။ သူဟာ အရြယ္အစားနဲ႔ အေလးခ်ိန္ အပိုင္းမွာ အျခား စကိတ္မ်ားထက္ သာလြန္ပါတယ္။ သူဟာ ရွဴးဖိနပ္ အရြယ္အစားသာ ရွိၿပီး အေလးခ်ိန္မွာ ၈ ေပါင္ သို႔မဟုတ္ ၃.၅ ကီလိုဂရမ္သာ ရွိပါတယ္။ သူ႔ကို သြားေလရာယူေဆာင္သြားႏုိင္ပါတယ္။ သူဟာ လမ္းၾကမ္းမ်ားေပၚမွာေတာ့ ေမာင္းႏွင္လို႔ မရဘဲ ေခ်ာမြတ္တဲ့ လမ္းမ်ားမွာသာ ေမာင္းႏွင္ႏုိင္ပါတယ္။ ၉၉ ေဒၚလာျဖင့္ ႀကိဳတင္မွာယူထားႏုိင္ၿပီး ေရာင္းခ်ခ်ိန္မွာ ေဒၚလာ ၃၀၀ ထပ္မံေပးရမွာပါ။

Hudly Wireless

ကားမ်ားမွာ Head-up Display (HUD) မ်ား ပါလာၾကပါၿပီ။ သူတို႔က တည္ေနရာ လမ္းညႊန္မႈလို ယာဥ္ေမာင္းအတြက္ အသံုး၀င္တဲ့ သတင္းအခ်က္အလက္မ်ားကို ျပသေပးပါတယ္။ သူတို႔ဟာ ကား ေလကာမွန္အနားကေန ျပသေပးတဲ့အတြက္ ယာဥ္ေမာင္းဟာ သတင္း အခ်က္အလက္မ်ားကို ၾကည့္တဲ့ အခါမွာေတာင္ ယာဥ္လမ္းေၾကာင္းကို ဂရုစိုက္ႏုိင္ပါတယ္။ ဒါေပမယ့္ HUD မပါတဲ့ကားမ်ားစြာလည္း ရွိေနပါတယ္။ အဲဒီ ကားမ်ားအတြက္ Hudly Wireless ကို ဖန္တီးေပးထားပါတယ္။ သူ႔ကို ကားရဲ႕ OBD2 Socket မွာ တပ္ဆင္ရမွာပါ။ သူ႔ရဲ႕ ၀ိုင္ဖိုင္ ကြန္ရက္ကို သင့္ဖုန္းနဲ႔ ခ်ိတ္ဆက္ထားရင္ ဖုန္းစကရင္မွာေပၚတဲ့ အရာမ်ားကို သူ႔ရဲ႕ မ်က္ႏွာျပင္ကေန ျပသေပးမွာပါ။ သူ႔ရဲ႕ မ်က္ႏွာျပင္ဟာ ေဖာက္ထြင္းျမင္ရတဲ့ အမ်ိဳးအစား ျဖစ္တ့ဲအတြက္ ကားအေရွ႕မွ ျမင္ကြင္းကိုလည္း မကြယ္ထားပါဘူး။ Dashboard ရဲ႕ အလယ္နားမွာ သူ႔ကို တပ္ဆင္ဖို႔ အေကာင္းဆံုး ျဖစ္ပါတယ္။ သူက အလင္းေရာင္ကို အလိုအေလွ်ာက္ ေျပာင္းလဲေပးႏုိင္တဲ့အတြက္ ေနသာတဲ့ ေန႔မ်ားမွာ မ်က္ႏွာျပင္မွ အရာမ်ားကို ထင္ရွားစြာ ျမင္ရပါတယ္။ Android , iOS Device မ်ားအတြက္ သူ႔ရဲ႕ App ကို ထုတ္လုပ္ေပးထားၿပီး App ကေန Screen Mirroring ျပဳလုပ္ႏုိင္ပါတယ္။

Ref : gigadgets, gadgetsflow

unicode

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

လူတွေရဲ့ နေ့စဉ် လူနေမှုဘဝကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။

Autel Robotics EVO Compact Foldable Drone

သူက ဘယ်နေရာမျိုးမှာ မဆို အသုံးပြုဖို့ အဆင်ပြေတဲ့ ဒရုန်းလေးပါ။ သူ့မှာ ထိပ်တန်း ကင်မရာ တစ်လုံး တပ်ဆင်ထားပြီး 4K 60fps Ultra HD Video များကို ရိုက်ကူးပေးနိုင်ပါတယ်။ ဓါတ်ပုံများကို 12MP အရည်အသွေးဖြင့် ဖမ်းယူပေးနိုင်ပါတယ်။ သူ့ကို ခေါက်ချိုးနိုင်တဲ့အတွက် သွားလေရာ ယူဆောင်သွားနိုင်ပါတယ် ကင်မရာကို 3-Axis Stabilized Gimbal မှာ တပ်ဆင်ထားတဲ့အတွက် တုန်ခါမှု မရှိတဲ့ ပုံရိပ်များကို ဖမ်းယူပေးပါတယ်။ HD Live View နဲ့ အလိုအလျှောက် ပျံသန်းတဲ့ စွမ်းရည်များကို သင့် စမတ်ဖုန်း App ကနေ အသုံးပြုနိုင်ပါတယ်။ GPS/GLONASS ဂြိုလ်တု တည်နေရာ ညွှန်ပြမှု စနစ်များနဲ့ အဆင့်မြင့် ကွန်ပြူတာ ပုံရိပ်ဖော် စနစ်များ ပါပါတယ်။ သူက အတားအဆီးများကို ရှောင်သွားနိုင်ပါတယ်။ သူ့အတွက် စွမ်းရည်မြင့် Controller တစ်ခုကိုပါ ဖန်တီးပေးထားပြီး ထိန်းချုပ် ခလုတ်များနဲ့ ၃.၃ လက်မ အရွယ် OLED Display တစ်ခု ပါပါတယ်။ ၄.၃ မိုင် အကွာအဝေး အထိ Controller ကနေ ထိန်းချုပ်နိုင်ပါတယ်။ Controller ရဲ့ Navigation Wheel ကနေ ကင်မရာ ဆက်တင်များကို ပြောင်းလဲခြင်း၊ SD Card ကို ဖော်မက်ချခြင်းနဲ့ အခြား အလုပ်များစွာကို ပြုလုပ်နိုင်ပါတယ်။ ဗီဒီယိုများ ရိုက်ကူးခြင်း၊ ပိုင်ရှင်ထံ ပြန်လာခြင်းများကိုလည်း Controller ကနေ ပြုလုပ်နိုင်ပါတယ်။ ၉၉၉ ဒေါ်လာ တန်ကြေးရှိပါတယ်။

Segway’s Drift W1

Segway’s Drift W1 ဟာ ဒီဇိုင်း ဆန်းသစ်တဲ့ စကိတ်ဖြစ်ပါတယ်။ ယခုလထဲမှာ ရောင်းချမယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။ သူဟာ အမြင့်ဆုံး အနေဖြင့် တစ်နာရီလျှင် ၇.၅ မိုင်နှုန်း သို့မဟုတ် တစ်နာရီလျှင် ၁၂ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်နိုင်ပါတယ်။ တစ်ခါအားသွင်းထားရင် ၄၅ မိနစ်ကြာ မောင်းနှင်နိုင်တယ်လို့ ကုမ္ပဏီရဲ့ ဝက်ဆိုက်မှာ ရေးသားထားပါတယ်။ သူဟာ အရွယ်အစားနဲ့ အလေးချိန် အပိုင်းမှာ အခြား စကိတ်များထက် သာလွန်ပါတယ်။ သူဟာ ရှူးဖိနပ် အရွယ်အစားသာ ရှိပြီး အလေးချိန်မှာ ၈ ပေါင် သို့မဟုတ် ၃.၅ ကီလိုဂရမ်သာ ရှိပါတယ်။ သူ့ကို သွားလေရာယူဆောင်သွားနိုင်ပါတယ်။ သူဟာ လမ်းကြမ်းများပေါ်မှာတော့ မောင်းနှင်လို့ မရဘဲ ချောမွတ်တဲ့ လမ်းများမှာသာ မောင်းနှင်နိုင်ပါတယ်။ ၉၉ ဒေါ်လာဖြင့် ကြိုတင်မှာယူထားနိုင်ပြီး ရောင်းချချိန်မှာ ဒေါ်လာ ၃၀၀ ထပ်မံပေးရမှာပါ။

Hudly Wireless

ကားများမှာ Head-up Display (HUD) များ ပါလာကြပါပြီ။ သူတို့က တည်နေရာ လမ်းညွှန်မှုလို ယာဉ်မောင်းအတွက် အသုံးဝင်တဲ့ သတင်းအချက်အလက်များကို ပြသပေးပါတယ်။ သူတို့ဟာ ကား လေကာမှန်အနားကနေ ပြသပေးတဲ့အတွက် ယာဉ်မောင်းဟာ သတင်း အချက်အလက်များကို ကြည့်တဲ့ အခါမှာတောင် ယာဉ်လမ်းကြောင်းကို ဂရုစိုက်နိုင်ပါတယ်။ ဒါပေမယ့် HUD မပါတဲ့ကားများစွာလည်း ရှိနေပါတယ်။ အဲဒီ ကားများအတွက် Hudly Wireless ကို ဖန်တီးပေးထားပါတယ်။ သူ့ကို ကားရဲ့ OBD2 Socket မှာ တပ်ဆင်ရမှာပါ။ သူ့ရဲ့ ဝိုင်ဖိုင် ကွန်ရက်ကို သင့်ဖုန်းနဲ့ ချိတ်ဆက်ထားရင် ဖုန်းစကရင်မှာပေါ်တဲ့ အရာများကို သူ့ရဲ့ မျက်နှာပြင်ကနေ ပြသပေးမှာပါ။ သူ့ရဲ့ မျက်နှာပြင်ဟာ ဖောက်ထွင်းမြင်ရတဲ့ အမျိုးအစား ဖြစ်တဲ့အတွက် ကားအရှေ့မှ မြင်ကွင်းကိုလည်း မကွယ်ထားပါဘူး။ Dashboard ရဲ့ အလယ်နားမှာ သူ့ကို တပ်ဆင်ဖို့ အကောင်းဆုံး ဖြစ်ပါတယ်။ သူက အလင်းရောင်ကို အလိုအလျှောက် ပြောင်းလဲပေးနိုင်တဲ့အတွက် နေသာတဲ့ နေ့များမှာ မျက်နှာပြင်မှ အရာများကို ထင်ရှားစွာ မြင်ရပါတယ်။ Android , iOS Device များအတွက် သူ့ရဲ့ App ကို ထုတ်လုပ်ပေးထားပြီး App ကနေ Screen Mirroring ပြုလုပ်နိုင်ပါတယ်။

Ref : gigadgets, gadgetsflow

You may be interested

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
FEATURES, gadgets, Life Style
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Feb 17, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ 11/2/2019 48MP Camera ပါလာမယ့္ Vivo V15 Pro AR Navigation Feature ကို Google Maps မွာ စမ္းသပ္ေန 12/2/2019 ဆိုက္ဘာ လံုျခံဳေရး အတြက္…

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္
Android, HUBS, LG
88 shares12 views

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္

Ko Thuya - Feb 17, 2019

နာမည္ေက်ာ္ Leaker တစ္ဦး ျဖစ္တဲ့ Evan Blass က LG ရဲ႕ 5G Phone ျဖစ္တဲ့ V50 ThinQ ကို မွ်ေ၀လိုက္ပါတယ္။ ဓါတ္ပံုမွ ဖုန္းပံုတြင္ ၂၄ ရက္ကို ျပသထားတာကို ျမင္ရတဲ့ အတြက္…

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro
Android, Huawei, HUBS
136 shares27 views

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro

Ko Thuya - Feb 17, 2019

Huawei က မတ္လကုန္မွာ P30 Series မ်ားကို ျပင္သစ္ႏိုင္ငံ ပဲရစ္တြင္ ေၾကညာမယ္လို႔ ေျပာထားပါတယ္။ Huawei P20 ကိုလည္း ၿပီးခဲ့တဲ့ ႏွစ္ မတ္လကုန္မွာ ပဲရစ္တြင္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ P30 နဲ႔ P30…

Leave a Comment

Most from this category