1356 Shares 1639 Views

Huawei Honor 10 GT ရဲ႕ Lily White အေရာင္ကို ေရာင္းခ်

Aug 05, 2018
1356 1639

ဟြာေ၀းက ဇူလိုင္လမွာ Honor 10 GT ရဲ႕အျပာေရာင္ကို စတင္ မိတ္ဆက္ခဲ့ပါတယ္။ အခုေတာ့ လီလီ အျဖဴေရာင္ေမာ္ဒယ္ကို ေရာင္းခ်ေပးလိုက္ပါတယ္။ လီလီ အျဖဴေရာင္ကို ယြမ္ ၃၂၉၉(၄၈၄ ေဒၚလာ) သတ္မွတ္ထားပါတယ္။ အေရာင္သာ ကြဲျပားၿပီး Specs နဲ႔ ေစ်းႏႈန္းမ်ားက မူလေမာ္ဒယ္နဲ႔ တူပါတယ္။

သူ႔မွာ ဖုန္းရဲ႕ စြမ္းရည္ကို ၆၀ ရာခုိင္ႏႈန္း တိုးတက္ေစတ့ဲ GPU Turbo နည္းပညာလည္း ပါလာပါတယ္။ သူ႔မွာ ၅.၈၄ လက္မ မ်က္ႏွာျပင္အက်ယ္ရွိတဲ့ IPS LCD Display ကို အသုံးျပဳထားၿပီး 19:9 Aspect Ratio ျဖစ္ပါတယ္။ Resolution က 1080 x 2280 pixels ပါဝင္ၿပီး Pixel density ကေတာ့ 432ppi ရွိပါမယ္။ Processor အပိုင္းမွာ Huawei ရဲ႕ ကိုယ္ပိုင္ Processor ျဖစ္တဲ့ Kirin 970 ကို ထည့္သြင္းေပးထားပါတယ္။ Memory Storage ကိုေတာ့ 64GB နဲ႔ 128GB ဆိုၿပီး ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။ 8GB RAM ပါပါတယ္။ microSD Card Slot ေတာ့ ပါဝင္မွာ မဟုတ္ပါဘူး။

Software အပိုင္းမွာေတာ့ Android 8.1 Oreo ကို Customize လုပ္ထားတဲ့ EMUI 8.1 နဲ႔ ပြဲထြက္လာတာ ျဖစ္ပါတယ္။ f/1.8 Aperture ပါဝင္တဲ့ 16MP ကင္မရာ ၁လုံးနဲ႔ 24MP ကင္မရာ ၁လုံးတို႔ကို ေက်ာဘက္မွာ အလ်ားလိုက္ တပ္ဆင္ထားတာ ျဖစ္ပါတယ္။ Selfie ႐ိုက္ဖို႔အတြက္ f/2.0 Aperture ပါဝင္တဲ့ 24MP ကင္မရာကို ေရွ႕ဘက္မ်က္ႏွာျပင္မွာ တပ္ဆင္ထားပါတယ္။ Honor 10 မွာ တပ္ဆင္ထားတဲ့ ကင္မရာေတြဟာ Artificial Intelligence (AI) နည္းပညာ ပါဝင္တဲ့အတြက္ မ်က္ႏွာကို ပိုမိုေခ်ာေမြ႕လာေအာင္ အလိုအေလ်ာက္ ျပင္ဆင္ေပးမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ေက်ာဘက္ ကင္မရာက 4K ဗီဒီယိုမ်ားကို ႐ိုက္ကူးႏိုင္ၿပီး ေရွ႕ဘက္ကင္မရာကေတာ့ 1080p ဗီဒီယိုမ်ားကို ႐ိုက္ကူးႏိုင္မွာ ျဖစ္ပါတယ္။

ဘက္ထရီ သိုေလွာင္မႈ ပမာဏ 3400mAh ပါဝင္ၿပီး 4.5A Fast Charge စနစ္လည္း ရရွိမွာ ျဖစ္ပါတယ္။ Honor 10 ရဲ႕ အျမန္အားသြင္း စနစ္ဟာ ၂၅မိနစ္အတြင္းမွာ ၅၀% ထိ အားသြင္းႏိုင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Fingerprint Sensor ပါဝင္တဲ့ Home Button ကို ထည့္သြင္းထားၿပီး Face Unlock စနစ္လည္း အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

Ref : gsmarena

unicode

Huawei Honor 10 GT ရဲ့ Lily White အရောင်ကို ရောင်းချ

ဟွာဝေးက ဇူလိုင်လမှာ Honor 10 GT ရဲ့အပြာရောင်ကို စတင် မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ လီလီ အဖြူရောင်မော်ဒယ်ကို ရောင်းချပေးလိုက်ပါတယ်။ လီလီ အဖြူရောင်ကို ယွမ် ၃၂၉၉(၄၈၄ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ အရောင်သာ ကွဲပြားပြီး Specs နဲ့ ဈေးနှုန်းများက မူလမော်ဒယ်နဲ့ တူပါတယ်။

သူ့မှာ ဖုန်းရဲ့ စွမ်းရည်ကို ၆၀ ရာခိုင်နှုန်း တိုးတက်စေတဲ့ GPU Turbo နည်းပညာလည်း ပါလာပါတယ်။ သူ့မှာ ၅.၈၄ လက်မ မျက်နှာပြင်အကျယ်ရှိတဲ့ IPS LCD Display ကို အသုံးပြုထားပြီး 19:9 Aspect Ratio ဖြစ်ပါတယ်။ Resolution က 1080 x 2280 pixels ပါဝင်ပြီး Pixel density ကတော့ 432ppi ရှိပါမယ်။ Processor အပိုင်းမှာ Huawei ရဲ့ ကိုယ်ပိုင် Processor ဖြစ်တဲ့ Kirin 970 ကို ထည့်သွင်းပေးထားပါတယ်။ Memory Storage ကိုတော့ 64GB နဲ့ 128GB ဆိုပြီး ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ 8GB RAM ပါပါတယ်။ microSD Card Slot တော့ ပါဝင်မှာ မဟုတ်ပါဘူး။

Software အပိုင်းမှာတော့ Android 8.1 Oreo ကို Customize လုပ်ထားတဲ့ EMUI 8.1 နဲ့ ပွဲထွက်လာတာ ဖြစ်ပါတယ်။ f/1.8 Aperture ပါဝင်တဲ့ 16MP ကင်မရာ ၁လုံးနဲ့ 24MP ကင်မရာ ၁လုံးတို့ကို ကျောဘက်မှာ အလျားလိုက် တပ်ဆင်ထားတာ ဖြစ်ပါတယ်။ Selfie ရိုက်ဖို့အတွက် f/2.0 Aperture ပါဝင်တဲ့ 24MP ကင်မရာကို ရှေ့ဘက်မျက်နှာပြင်မှာ တပ်ဆင်ထားပါတယ်။ Honor 10 မှာ တပ်ဆင်ထားတဲ့ ကင်မရာတွေဟာ Artificial Intelligence (AI) နည်းပညာ ပါဝင်တဲ့အတွက် မျက်နှာကို ပိုမိုချောမွေ့လာအောင် အလိုအလျောက် ပြင်ဆင်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကျောဘက် ကင်မရာက 4K ဗီဒီယိုများကို ရိုက်ကူးနိုင်ပြီး ရှေ့ဘက်ကင်မရာကတော့ 1080p ဗီဒီယိုများကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ဘက်ထရီ သိုလှောင်မှု ပမာဏ 3400mAh ပါဝင်ပြီး 4.5A Fast Charge စနစ်လည်း ရရှိမှာ ဖြစ်ပါတယ်။ Honor 10 ရဲ့ အမြန်အားသွင်း စနစ်ဟာ ၂၅မိနစ်အတွင်းမှာ ၅၀% ထိ အားသွင်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Fingerprint Sensor ပါဝင်တဲ့ Home Button ကို ထည့်သွင်းထားပြီး Face Unlock စနစ်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ref : gsmarena

You may be interested

၀က္ဆုိက္မ်ားမွ သတင္း၊ ေဆာင္းပါးမ်ားကို Facebook မွာ ဘယ္လို သိမ္းမလဲ ?
FEATURES, Softwares & Application
0 shares0 views

၀က္ဆုိက္မ်ားမွ သတင္း၊ ေဆာင္းပါးမ်ားကို Facebook မွာ ဘယ္လို သိမ္းမလဲ ?

Ko Thuya - Aug 21, 2018

Facebook က သူ႔ရဲ႕ လူမႈကြန္ရက္မ်ားမွ သတင္း၊ ေဆာင္းပါး ၊ ပို႔စ္၊ ဗီဒီယို ၊ ဓါတ္ပံုမ်ားကို Facebook ထဲမွာ သိမ္းထားႏုိင္တဲ့ စြမ္းေဆာင္ခ်က္ကို ထည့္ေပးထားတာ ၾကာပါၿပီ။ ဒါေပမယ့္ ၀က္ဆိုက္မ်ားကို ၾကည့္ေနရင္းကေန သတင္း၊ ေဆာင္းပါးမ်ားကို Facebook…

စြမ္းေဆာင္ရည္ ၆ဆပိုျမင့္တဲ့ RTX 2000 စီးရီး GPU ေတြကို မိတ္ဆက္လိုက္တဲ့ Nvidia
Gaming, NEWS
131 shares63 views

စြမ္းေဆာင္ရည္ ၆ဆပိုျမင့္တဲ့ RTX 2000 စီးရီး GPU ေတြကို မိတ္ဆက္လိုက္တဲ့ Nvidia

Nwe Oo - Aug 21, 2018

[Zawgyi] ၂၀၁၈ Gamescom မွာေတာ့ Nvidia ကေန သူ႔ရဲ႕ high-end graphic ကဒ္ေတြျဖစ္တဲ့ GeForce RTX 2070, RTX 2080 နဲ႔ RTX 2080 Ti တို႔ကို မိတ္ဆက္လိုက္ပါတယ္။ ဒီ 20-series…

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ႕ သတင္းအခ်က္အလက္မ်ား Geekbench မွာ ထြက္ေပၚလာ
Android, HUBS, Mobiles & Tablets
1333 shares226 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ႕ သတင္းအခ်က္အလက္မ်ား Geekbench မွာ ထြက္ေပၚလာ

Ko Thuya - Aug 21, 2018

ေရွာင္မီက Pocophone F1 အမည္ရ စမတ္ဖုန္း အသစ္ကို ဖန္တီးေနတဲ့ သတင္းမ်ား မၾကာခဏ ထြက္ေပၚလာပါတယ္။ သူ႔ကို ယခုလ ၂၂ ရက္ေန႔မွာ အိႏၵိယမွာ ေၾကညာမယ္လို႔လည္း သတင္းထြက္ေနပါတယ္။ အခုေတာ့ Geekbench မွာ သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ား ထြက္ေပၚလာၿပီး…

Leave a Comment

Most from this category