1686 Shares 13228 Views
Aug 05, 2018
1686 13228
Ref : tnw, inverse
unicode
Snapchat Filters များနဲ့ တူအောင် မျက်နှာခွဲစိတ်မှု ပြုလုပ်နေတဲ့ ဆယ်ကျော်သက်များ
Angelina Jolie ရဲ့ နှုတ်လမ်း၊ Salma Hayek ရဲ့ ရင်သားတို့လို ဆယ်လီတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများနဲ့ တူအောင် ခွဲစိတ်ပြုပြင်မှုများကို ယခင်က ပြုလုပ်လေ့ရှိကြပါတယ်။ ဒီ Trend ဟာ လွန်ခဲ့တဲ့ ဆယ်နှစ်၊ နှစ်နှစ်ဆယ်လောက်က စတင်ခဲ့တာပါ။ အခုတော့ Trend က ပြောင်းသွားပါပြီ။ အဲဒါကတော့ ဆယ်ကျော်သက်များဟာ သူတို့ နှစ်သက်တဲ့ Snapchat Filters များနဲ့ တူအောင် မျက်နှာကို ခွဲစိတ်ပြုပြင်နေကြပါတယ်တဲ့။
Boston Medical Center ရဲ့ Ethnic Skin Center မှ ဒါရိုက်တာ ဖြစ်သူ Dr. Neelam Vashi က ဒီဖြစ်စဉ်ကို Snapchat Dysmorphia လို့ အမည်ပေးထားပြီး လူငယ်များအတွက် ဒီ Trend ဟာ စိတ်ပူစရာ ဖြစ်တယ်လို့ ပြောပါတယ်။ သူဟာ Disorder တစ်မျိုးဖြစ်ပြီး လူငယ်များဟာ သူတို့ မျက်နှာမှ မပြောပလောက်တဲ့ အပြစ်အနာအဆာများကို ရှာဖွေကြပါတယ်။ ပြီးရင် ခွဲစိတ်ပြုပြင်မှုများ ပြုလုပ်ကြပါတယ်။
Vashi က ဒီလို ခွဲစိတ်ပြုပြင်မှုများကို တွေ့မြင်နေရတာ နှစ်အနည်းငယ်ရှိပြီလို့ ပြောပါတယ်။ သူမက ဒီ Trend ရဲ့ ဆိုးကျိုးများနဲ့ ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ်ကို ကြာသာပတေးနေ့က JAMA Facial Plastic Surgery မှာ ဖော်ပြခဲ့ပါတယ်။ “ လူငယ်တွေက ရှုထောင့်တစ်ခုကနေ သူတို့ကြိုက်တဲ့ အလင်းရောင်ဖြင့် ရိုက်ကူးထားတဲ့ ဓါတ်ပုံများကိုယူလာပါတယ်။ Filters များ သုံးထားတဲ့ သဘာ၀ မကျတဲ့ ဓါတ်ပုံများစွာကို ကျွန်မ တွေ့မြင်နေရပါတယ်။ သူတို့ဟာ Filters များနဲ့ တူအောင် ကြိုးစားနေတာက သဘာ၀ မကျပါဘူး။ “ လို့ သူမက ပြောပါတယ်။
Ref : tnw, inverse
You may be interested
အိန္ဒိယမှာ Xiaomi Mi Pay ငွေပေးချေဝန်ဆောင်မှု စတင် ရရှိ
NEWS, Softwares & Application
0 shares0 views
အိန္ဒိယမှာ Xiaomi Mi Pay ငွေပေးချေဝန်ဆောင်မှု စတင် ရရှိ
Nigma - Mar 19, 2019
Xioami ဟာ Redmi Go အပြင် Mi Pay ငွေပေးချေဝန်ဆောင်မှုကိုလည်း အိန္ဒိယမှာ ယနေ့ မိတ်ဆက်ခဲ့ပါတယ်။ Xiaomi ဟာ Mi Play ကို တရုတ်ပြည်တွင်းမှာ ၂၀၁၆ ခုနှစ်က စတင် ထုတ်ပေးခဲ့တာ ဖြစ်ပြီး၊ အိန္ဒိယမှာ…
Infinity-V Display နဲ့ ထွက်ရှိလာတဲ့ Samsung Galaxy A20
Mobiles & Tablets, NEWS, Samsung
102 shares103 views
Infinity-V Display နဲ့ ထွက်ရှိလာတဲ့ Samsung Galaxy A20
Nigma - Mar 19, 2019
Samsung က လွန်ခဲ့တဲ့လမှာ Galaxy A10, A30 နဲ့ A50 ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ ယနေ့မှာတော့ A စီးရီးအသစ်ဖြစ်တဲ့ Galaxy A20 ကို ထပ်မံ မိတ်ဆက်လိုက်ပြန်ပါတယ်။ Samsung Galaxy A20 မှာ Galaxy…
Honor 10 Lite ရဲ့ 3GB/32GB Model ထွက်ရှိ
Android, Huawei, HUBS
105 shares15 views
Honor 10 Lite ရဲ့ 3GB/32GB Model ထွက်ရှိ
Ko Thuya - Mar 19, 2019
Honor က အိန္ဒိယမှာ Honor 10 Lite ရဲ့ မော်ဒယ်အသစ်ကို ကြေညာလိုက်ပါတယ်။ သူဟာ 3GB RAM, 32GB Storage ပါတဲ့ တန်ဖိုးနည်း မော်ဒယ် ဖြစ်ပါတယ်။ မူလမော်ဒယ်မှာ 4GB RAM , 64GB…
Leave a Comment
Most from this category