838 Shares 2701 Views


Aug 05, 2018
838 2701





Ref : gsmarena

အိန္ဒိယမှာ Galaxy S9+ ရောင်းအားကို ကျော်တက်သွားတဲ့ OnePlus 6

OnePlus ဟာ အိန္ဒိယမှာ သမိုင်းမှတ်တမ်းတစ်ခု ရေးထိုးနိုင်ခဲ့ပါတယ်။ အဲဒါကတော့ ယခုနှစ် ဒုတိယ ကွာတားတွင် စွမ်းရည်မြင့် ဖုန်းဈေးကွက်မှာ OnePlus 6 ဟာ Galaxy S9+ ထက် ရောင်းအား ပိုများခဲ့တာပါ။ ဒါဟာ သမိုင်းကြောင်းတစ်လျှောက်မှာ ပထမဆုံး အကြိမ် ရောင်းအား ပိုကောင်းခဲ့တာ ဖြစ်ပါတယ်။

ဒီသုတေသန စစ်တမ်းကို Counterpoint က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယတွင် ဒုတိယ ကွာတားမှာ ရောင်းအား အးကောင်းဆုံး စွမ်းရည်မြင့် ဖုန်း စာရင်းမှာ OnePlus 6 က နံပါတ် ၁ နေရာကို သိမ်းပိုက်ထားပြီး စွမ်းရည်မြင့် ဖုန်းဈေးကွက်ရဲ့ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ Samsung Galaxy S9+ က နံပါတ် ၂ နေရာမှာ ရပ်တည်နေပြီး ဈေးကွက်ဝေစုရဲ့ ၁၂ ရာခိုင်နှုန်းကို အုပ်စိုးထားပါတယ်။ OnePlus 5T က နံပါတ် ၃ နေရာမှာ ရှိနေပြီး ဈေးကွက်ဝေစုရဲ့ ၁၀ ရာခိုင်နှုန်းကို ရရှိထားပါတယ်။

Apple ရဲ့ iPhone 8 နဲ့ iPhone X တို့ဟာ သက်တမ်း အနည်းငယ် ကြာသွားပြီ ဖြစ်တဲ့အတွက် ဒုတိယကွာတားမှာ အိန္ဒိယတွင် ရောင်းအား မကောင်းခဲ့ပါဘူး။ တန်ဖိုးကြီးမြင့်မှုကလည်း ရောင်းအား မကောင်းတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

Counterpoint က စွမ်းရည်မြင့် ဖုန်းလို့ ဆိုရာမှာ ရူပီး ၃၀၀၀၀ နဲ့ အထက်များပြားတဲ့ ဖုန်းများကို ဆိုလိုပါတယ်။ ဒေါ်လာအားဖြင့် ၄၄၀ နဲ့ အထက်ဖြစ်ပါတယ်။ ဒေါ်လာ ၄၄၀ ကို အခြေခံ ဈေးနှုန်း သတ်မှတ်တာ နည်းပါးပေမယ့် OnePlus နဲ့ ကုမ္ပဏီ အချို့ဟာ ရူပီး ၄၀၀၀၀ အောက် စွမ်းရည်မြင့် ဖုန်းများကို ထုတ်လုပ်ရောင်းချနေကြပါတယ်။

Ref : gsmarena

You may be interested

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်
Android, Apple, HUBS
0 shares0 views

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်

Ko Thuya - Jan 17, 2019

ဆမ်ဆောင်းက ဒီလ ၂၀ ရက်နေ့မှာ ခေါက်ချိုး စမတ်ဖုန်းကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Huawei နဲ့ LG တို့ကလည်း သူတို့ရဲ့ ခေါက်ချိုး စမတ်ဖုန်းများကို ပြသကြတော့မှာ ဖြစ်ပါတယ်။ Apple ကလည်း ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။ ကုမ္ပဏီက ပြိုင်ဖက်များနဲ့…

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ
Gadgets, NEWS
0 shares0 views

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယနေ့မှာ Adapt BB ဆိုတဲ့ နည်းပညာမြင့် ဘတ်စကတ်ဘောဖိနပ်တမျိုးကို မိတ်ဆက်လိုက်ပါတယ်။ Adapt BB ဖိနပ်ဟာ အလိုအလျောက်ကြိုးချည်နိုင်ပြီး၊ ခြေထောက်အရွယ်အစားနဲ့  အံကိုက် ဖြစ်နေအောင် အလိုအလျောက် ကြိုးအတင်းအလျော့ လုပ်ပေးနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး။ အရင်က…

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်
Android, HUBS, LG
93 shares9 views

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်

Ko Thuya - Jan 17, 2019

လာမယ့်လမှာ ဘာစီလိုနာတွင် MWC 2019 ကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ Xiaomi နဲ့ Sony တို့က အဲဒီပွဲမှာ ပါဝင် ပြသဖို့ ဖိတ်စာများ ဝေငှထားပြီးပါပြီ။ LG ကလည်း အဲဒီပွဲမှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမယ်လို့ တောင်ကိုရီးယားကနေ…

Leave a Comment

Most from this category