0 Shares 79 Views

Facebook Messenger ရဲ႕ Chat Head ကို အျခား Messenger မ်ားမွာ ဘယ္လို သံုးမလဲ?

Aug 04, 2018
0 79

Google Hangouts , WhatsApp, Skype တို႔ အပါအ၀င္ Messenger မ်ားထံ Message မ်ား ၀င္လာတဲ့ အခါမွာ အဲဒီ Messenger ကိုဖြင့္ၿပီးမွ စာျပန္ရတာ အလုပ္ရႈပ္ပါတယ္။ Facebook Messenger ရဲ႕ Chat Head ကေတာ့ လက္ရွိသံုးေနတဲ့ App ကို ပိတ္စရာ မလိုဘဲ စာျပန္ႏုိင္တဲ့အတြက္ အလြန္အသံုး၀င္ပါတယ္။ quickReply အမည္ရ App က Messenger မ်ားကို ဖြင့္စရာမလိုဘဲ စာျပန္ႏုိင္ေအာင္ ကူညီေပးႏုိင္ပါတယ္။ quickReply က နာမည္ႀကီး Messenger မ်ားအပါအ၀င္ Line, Kik, Textra, Telegram စတဲ့ နာမည္သိပ္မႀကီးတဲ့ Messenger မ်ားကိုလည္း အေထာက္အပံ့ေပးပါတယ္။ သူက Messenger Chathead လို Pop-Up Window ကေန စာျပန္ႏုိင္ေအာင္ လုပ္ေပးႏုိင္သလို Notification Bar ကေနလည္း စာျပန္ႏုိင္ေအာင္ ျပဳလုပ္ေပးႏုိင္ပါတယ္။ စာမျပန္ခ်င္ရင္လည္း Notification Bar ကေန Mark as read ျပဳလုပ္ႏုိင္ပါတယ္။ ႀကိဳတင္ေရးသားထားတဲ့ Messages မ်ားကိုလည္း Reply လုပ္ႏုိင္ပါေသးတယ္။ သူက Contact တစ္ခုခ်င္းစီအတြက္ Notification တစ္ခုစီကိုလည္း ျပသေပးႏုိင္ပါတယ္။

License Agreement မွာ Accept လုပ္ေပးပါ။ ေနာက္အဆင့္မွာ ေအာက္ေျခမွ Please Activate quickReply ကို ႏွိပ္ပါ။ Phone Settings ထဲမွာ Activate လုပ္ေပးပါ။ ေနာက္အဆင့္မွာ Lets Start ကို ႏွိပ္ပါ။

Home Screen ေရာက္ရင္ Features ကို ႏွိပ္ပါ။

ChatHeads notification နဲ႔ Floating ChatHeads ေအာက္မွ ခလုတ္မ်ားကို On ေပးပါ။ Change settings of the floating ChatHeads ထဲမွာ Chat Head ရဲ႕ အရြယ္အစားနဲ႔ Transparency ကိုလည္း ေျပာင္းလဲႏုိင္ပါတယ္။

ဒါဆိုရင္ quickReply ကို Set Up လုပ္ၿပီးပါၿပီ။ သင့္ သူငယ္ခ်င္းတစ္ေယာက္က Facebook Messenger ကေန သင့္ထံ စာပို႔ရင္ ေအာက္က ပံုမွာလို Floating Chat Head နဲ႔ ျပေပးမွာပါ။ အေပၚက Chat Head က Facebook Messenger က ျဖစ္ပါတယ္။ ေအာက္က Chat Head က quickReply ကပါ။

ေအာက္က Chat Head ကို တစ္ခ်က္ႏွိပ္ရင္ စာျပန္ဖို႔ Box ေပၚလာမွာျဖစ္ပါတယ္။ စာရိုက္ၿပီးရင္ Send Button ကို ႏွိပ္ပါ။

ေနာက္တစ္နည္းက Notification Bar ကိုဆြဲခ်ပါ။ Chat Head Icon ကို တစ္ခ်က္ႏွိပ္ရင္ Pop Up Window ေပၚလာမွာ ျဖစ္ပါတယ္။ အဲဒီကေန စာရိုက္ၿပီး လွ်င္ျမန္စြာ ေပးပို႔ႏုိင္ပါတယ္။

Facebook Messenger မွာ Chat Head ကို နဂိုကတည္းက ပံ့ပိုးေပးထားတဲ့အတြက္ quickReply က သိပ္ၿပီး အသံုးမ၀င္ပါဘူး။ ဒါေပမယ့္ Chat Head ကို မေထာက္ပံ့တဲ့ Google Hangouts , Skype, WhatsApp , Line နဲ႔ အျခား Messenger မ်ားအတြက္ေတာ့ quickReply က အသံုး၀င္ပါတယ္။ အဲဒီ Messengers မ်ားကို ဖြင့္စရာမလိုဘဲ ၀င္လာတဲ့ Messages မ်ားကို လွ်င္ျမန္စြာ စာျပန္ႏုိင္မွာ ျဖစ္ပါတယ္။

သူ႔ရဲ႕ ဖိုင္အရြယ္အစားမွာ 2.3MB ရွိၿပီး Android 5.0 နဲ႔ သူ႕အထက္မွာ အသံုးျပဳနိုင္ပါတယ္။

Download

unicode

Facebook Messenger ရဲ့ Chat Head ကို အခြား Messenger များမှာ ဘယ်လို သုံးမလဲ?

Google Hangouts , WhatsApp, Skype တို့ အပါအဝင် Messenger များထံ Message များ ဝင်လာတဲ့ အခါမှာ အဲဒီ Messenger ကိုဖွင့်ပြီးမှ စာပြန်ရတာ အလုပ်ရှုပ်ပါတယ်။ Facebook Messenger ရဲ့ Chat Head ကတော့ လက်ရှိသုံးနေတဲ့ App ကို ပိတ်စရာ မလိုဘဲ စာပြန်နိုင်တဲ့အတွက် အလွန်အသုံးဝင်ပါတယ်။ quickReply အမည်ရ App က Messenger များကို ဖွင့်စရာမလိုဘဲ စာပြန်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ quickReply က နာမည်ကြီး Messenger များအပါအဝင် Line, Kik, Textra, Telegram စတဲ့ နာမည်သိပ်မကြီးတဲ့ Messenger များကိုလည်း အထောက်အပံ့ပေးပါတယ်။ သူက Messenger Chathead လို Pop-Up Window ကနေ စာပြန်နိုင်အောင် လုပ်ပေးနိုင်သလို Notification Bar ကနေလည်း စာပြန်နိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ စာမပြန်ချင်ရင်လည်း Notification Bar ကနေ Mark as read ပြုလုပ်နိုင်ပါတယ်။ ကြိုတင်ရေးသားထားတဲ့ Messages များကိုလည်း Reply လုပ်နိုင်ပါသေးတယ်။ သူက Contact တစ်ခုချင်းစီအတွက် Notification တစ်ခုစီကိုလည်း ပြသပေးနိုင်ပါတယ်။

License Agreement မှာ Accept လုပ်ပေးပါ။ နောက်အဆင့်မှာ အောက်ခြေမှ Please Activate quickReply ကို နှိပ်ပါ။ Phone Settings ထဲမှာ Activate လုပ်ပေးပါ။ နောက်အဆင့်မှာ Lets Start ကို နှိပ်ပါ။

Home Screen ရောက်ရင် Features ကို နှိပ်ပါ။

ChatHeads notification နဲ့ Floating ChatHeads အောက်မှ ခလုတ်များကို On ပေးပါ။ Change settings of the floating ChatHeads ထဲမှာ Chat Head ရဲ့ အရွယ်အစားနဲ့ Transparency ကိုလည်း ပြောင်းလဲနိုင်ပါတယ်။

ဒါဆိုရင် quickReply ကို Set Up လုပ်ပြီးပါပြီ။ သင့် သူငယ်ချင်းတစ်ယောက်က Facebook Messenger ကနေ သင့်ထံ စာပို့ရင် အောက်က ပုံမှာလို Floating Chat Head နဲ့ ပြပေးမှာပါ။ အပေါ်က Chat Head က Facebook Messenger က ဖြစ်ပါတယ်။ အောက်က Chat Head က quickReply ကပါ။

အောက်က Chat Head ကို တစ်ချက်နှိပ်ရင် စာပြန်ဖို့ Box ပေါ်လာမှာဖြစ်ပါတယ်။ စာရိုက်ပြီးရင် Send Button ကို နှိပ်ပါ။

နောက်တစ်နည်းက Notification Bar ကိုဆွဲချပါ။ Chat Head Icon ကို တစ်ချက်နှိပ်ရင် Pop Up Window ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီကနေ စာရိုက်ပြီး လျှင်မြန်စွာ ပေးပို့နိုင်ပါတယ်။

Facebook Messenger မှာ Chat Head ကို နဂိုကတည်းက ပံ့ပိုးပေးထားတဲ့အတွက် quickReply က သိပ်ပြီး အသုံးမဝင်ပါဘူး။ ဒါပေမယ့် Chat Head ကို မထောက်ပံ့တဲ့ Google Hangouts , Skype, WhatsApp , Line နဲ့ အခြား Messenger များအတွက်တော့ quickReply က အသုံးဝင်ပါတယ်။ အဲဒီ Messengers များကို ဖွင့်စရာမလိုဘဲ ဝင်လာတဲ့ Messages များကို လျှင်မြန်စွာ စာပြန်နိုင်မှာ ဖြစ်ပါတယ်။

သူ့ရဲ့ ဖိုင်အရွယ်အစားမှာ 2.3MB ရှိပြီး Android 5.0 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

Download

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category