424 Shares 538 Views

Zombie ေတြနဲ႔ တိုက္ခိုက္ရမယ့္ The Walking Dead: Our World

Aug 04, 2018
424 538

The Walking Dead: Our World ဟာ Pokemon Go လို AR Game တစ္ခုပါ။ ေနအိမ္ ျပင္ပကို ထြက္ၿပီး ကစားရမွာ ျဖစ္ပါတယ္။ သင့္ရဲ႕ လမ္းေၾကာင္းမွ Zombie မ်ားကို ရင္ဆိုင္တိုက္ခို္က္ရမွာ ျဖစ္ပါတယ္။ ေျပးေျပးလႊားလႊားနဲ႔ ရင္ခုန္ စိတ္လႈပ္ရွားေစမွာ အေသအခ်ာပါပဲ။ ဇာတ္ေကာင္မ်ားကို စုေဆာင္းရပါတယ္။ ဇာတ္ေကာင္မ်ားထဲမွ The Walking Ded TV Series မ်ားထဲမွ နာမည္ေက်ာ္မ်ား ျဖစ္တဲ့ Rick , Daryl , Michonne တို႔ ပါ၀င္ပါတယ္။

အပတ္စဥ္တိုင္း စိန္ေခၚပြဲမ်ား ထည့္ေပးထားတာက တစ္ပတ္တစ္မ်ိဳး မရိုးႏုိင္ေအာင္ ျဖစ္ေစပါတယ္။ အျခား လူမ်ားနဲ႔ ပူးေပါင္းၿပီး ကစားရတဲ့ အခန္းမ်ားလည္း ပါပါတယ္။ ျပင္ပမွ တကယ့္ ပန္းျခံမ်ားထဲသြားၿပီးလည္း ဖုတ္ေကာင္မ်ားနဲ႔ တိုက္ခုိက္ရမွာက ေပ်ာ္ဖို႔ အလြန္ေကာင္းမွာပါ။

သင့္ ပတ္၀န္းက်င္မွ တည္ေနရာမ်ားကို စူးစမ္းေလ့လာၿပီး ဖုတ္ေကာင္မ်ားကို ရွင္းထုတ္ရမွာျဖစ္ပါတယ္။ သူငယ္ခ်င္းမ်ားနဲ႔လည္း ခ်ိတ္ဆက္ကစားႏုိင္ပါတယ္။ လက္နက္မ်ား၊ အိုင္တမ္မ်ားကိုလည္း စုေဆာင္းရမွာပါ။ လူသားမ်ားကို ဖုတ္ေကာင္မ်ားလက္ကေန ကယ္တင္ျခင္း၊ ခိုလႈံစရာ ေနအိမ္မ်ား တည္ေဆာက္ျခင္း စတဲ့ ၿမိဳ႕ပ်က္ႀကီး တစ္ခုကို သင္က ျပန္လည္တည္ေဆာက္ရမွာက အလြန္ စိတ္လႈပ္ရွားစရာပါ။

သူဟာ Pokemon Go ေလာက္ေတာ့ အရည္အေသြး မျမင့္ေပမယ့္ Presentation မ်ားက လန္းပါတယ္။ Bugs အနည္းငယ္ရွိေပမယ့္ မၾကာမီမွာ Developers မ်ားက ျပင္ဆင္ေပးမွာပါ။ Android 5.0 နဲ႔ အထက္မွာ ကစားႏုိင္ၿပီး ဖိုင္အရြယ္အစားမွာ 100MB ရွိပါတယ္။

Download

Ref : play store

unicode

Zombie တွေနဲ့ တိုက်ခိုက်ရမယ့် The Walking Dead: Our World

The Walking Dead: Our World ဟာ Pokemon Go လို AR Game တစ်ခုပါ။ နေအိမ် ပြင်ပကို ထွက်ပြီး ကစားရမှာ ဖြစ်ပါတယ်။ သင့်ရဲ့ လမ်းကြောင်းမှ Zombie များကို ရင်ဆိုင်တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ ပြေးပြေးလွှားလွှားနဲ့ ရင်ခုန် စိတ်လှုပ်ရှားစေမှာ အသေအချာပါပဲ။ ဇာတ်ကောင်များကို စုဆောင်းရပါတယ်။ ဇာတ်ကောင်များထဲမှ The Walking Ded TV Series များထဲမှ နာမည်ကျော်များ ဖြစ်တဲ့ Rick , Daryl , Michonne တို့ ပါဝင်ပါတယ်။

အပတ်စဉ်တိုင်း စိန်ခေါ်ပွဲများ ထည့်ပေးထားတာက တစ်ပတ်တစ်မျိုး မရိုးနိုင်အောင် ဖြစ်စေပါတယ်။ အခြား လူများနဲ့ ပူးပေါင်းပြီး ကစားရတဲ့ အခန်းများလည်း ပါပါတယ်။ ပြင်ပမှ တကယ့် ပန်းခြံများထဲသွားပြီးလည်း ဖုတ်ကောင်များနဲ့ တိုက်ခိုက်ရမှာက ပျော်ဖို့ အလွန်ကောင်းမှာပါ။

သင့် ပတ်ဝန်းကျင်မှ တည်နေရာများကို စူးစမ်းလေ့လာပြီး ဖုတ်ကောင်များကို ရှင်းထုတ်ရမှာဖြစ်ပါတယ်။ သူငယ်ချင်းများနဲ့လည်း ချိတ်ဆက်ကစားနိုင်ပါတယ်။ လက်နက်များ၊ အိုင်တမ်များကိုလည်း စုဆောင်းရမှာပါ။ လူသားများကို ဖုတ်ကောင်များလက်ကနေ ကယ်တင်ခြင်း၊ ခိုလှုံစရာ နေအိမ်များ တည်ဆောက်ခြင်း စတဲ့ မြို့ပျက်ကြီး တစ်ခုကို သင်က ပြန်လည်တည်ဆောက်ရမှာက အလွန် စိတ်လှုပ်ရှားစရာပါ။

သူဟာ Pokemon Go လောက်တော့ အရည်အသွေး မမြင့်ပေမယ့် Presentation များက လန်းပါတယ်။ Bugs အနည်းငယ်ရှိပေမယ့် မကြာမီမှာ Developers များက ပြင်ဆင်ပေးမှာပါ။ Android 5.0 နဲ့ အထက်မှာ ကစားနိုင်ပြီး ဖိုင်အရွယ်အစားမှာ 100MB ရှိပါတယ်။

Download

Ref : play store

You may be interested

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္
Mobiles & Tablets, NEWS
0 shares0 views

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္

Nigma - Mar 19, 2019

ယေန႔မွာ Xiaomi က မ်ိဳးဆက္သစ္ Black Shark 2 ဂိမ္းမင္းဖုန္းကို မိတ္ဆက္လိုက္ပါတယ္။ ပထမ Black Shark ဖုန္းက နာမည္ေကာင္းရခဲ့သလိုပဲ အခု Black Shark 2 ဟာလည္း ေသခ်ာေပါက္ လူႀကိဳက္မ်ားမယ့္ ဖုန္းတလုံးပါ။ Black…

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ
Android, HUBS, Mobiles & Tablets
75 shares143 views

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ

Ko Thuya - Mar 19, 2019

OPPO A5 ရဲ႕ အမႊာတစ္ေယာက္ ထြက္ေပၚလာပါတယ္။ သူကေတာ့ OPPO A5s ျဖစ္ပါတယ္။ အခ်ိဳ႕ ႏိုင္ငံမ်ားမွာ သူ႔ကို AX5 , AX5s အမည္မ်ားနဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။ AX5 မွာ Helio P35 နဲ႔…

Vivo မွ V15 အားမိတ္ဆက္ျခင္း ၾကိဳတင္မွာယူျခင္းျဖင့္ အထူးလက္ေဆာင္ပစၥည္းရရွိနိုင္ပါသည္
Local, Local News, Mobiles & Tablets
87 shares33 views

Vivo မွ V15 အားမိတ္ဆက္ျခင္း ၾကိဳတင္မွာယူျခင္းျဖင့္ အထူးလက္ေဆာင္ပစၥည္းရရွိနိုင္ပါသည္

Ko Ko PR - Mar 19, 2019

ဆန္းသစ္လွပသည့္ Vivo V15 Pro စမတ္ဖုန္းကို မိတ္ဆက္ၿပီးသည့္ေနာက္ Vivo Myanmar မွ Vivo V15 ကို ထပ္မံ ျဖန္႔ခ်ီေတာ့မည္ျဖစ္သည္။ ယခင္ V15Pro ကဲ့သို႔ ဆန္းသစ္လွပေသာ ျမင့္တက္ပြင့္ထြက္လာသည့္ ေရွ႕ကင္မရာ၊ ၆.၅၃ လက္မ ရွိမွန္သားျပင္အျပည့္မ်က္ႏွာျပင္…

Leave a Comment

Most from this category