0 Shares 78 Views

Xbox 360 ဂိမ်းစက်တွေထုတ်လုပ်မှုကို ရပ်တန့်တော့မယ့် Microsoft

အမေရိကန်နည်းပညာကုမ္ပဏီ Microsoft ဟာ ၂၀၀၅ခုနှစ်ကထုတ်လုပ်ခဲ့တဲ့ သူတို့ရဲ့ XBox 360 ဂိမ်းစက်တွေရဲ့ ထုတ်လုပ်မှုကို ရပ်တန့်တော့မယ်လို့ ပြောကြားခဲ့ပါတယ်။ ဘလော့ဂ် တစ်ခုမှာ ဖော်ပြခဲ့တဲ့
ဖော်ပြချက်အရ ဆော့ကစားသူတွေအနေနဲ့ ဒီဂိမ်းစက်တွေကိုအသုံးပြုပြီး နာရီပေါင်း ၇၈ဘီလျံအထိ ဆော့ကစားခဲ့ကြပြီဖြစ်တယ်လို့ Xbox ရဲ့ သူဌေး Phil Spencer ကပြောကြားခဲ့ပါတယ်။

Spencer က ကျန်ရှိနေတဲ့ XBox 360 ကွန်ဆိုးလ် တွေကို ဆက်လက်ရောင်းချသွားမှာဖြစ်ပြီး လက်ရှိသုံးစွဲနေတဲ့ အသုံးပြုသူတွေအတွက်ကိုလည်း Platform အနေနဲ့ ဆက်လက်ပြီး ဝန်ဆောင်မှုတွေ
ပေးသွားဦးမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီ XBox 360 ဟာ သက်တမ်း ဆယ်နှစ်ရှိနေပြီဖြစ်ပေမယ့် တကယ်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ဆက်လက်နာမည်ကျော်နေဆဲ ဂိမ်းကွန်ဆိုးလ်
လည်းဖြစ်ပါတယ်။

“ကျွန်တော်တို့အနေနဲ့ XBox 360 ရဲ့ အံ့အားသင့်ဖွယ် လုပ်ဆောင်နိုင်မှုတွေကို မေ့လို့ရမှာမဟုတ်ပါဘူး။ ဒါကြောင့် ဒီထုတ်ကုန်အနေနဲ့ ဆယ်စုနှစ်တစ်ခုကြာအောင် ကျွန်တော်တို့ကို အကျိုးကျေးဇူးများစေခဲ့တာပဲ
ဖြစ်ပါတယ်” လို့ ဘလော့ဂ်မှာရေးသားထားတာဖြစ်ပါတယ်။

XBox 360 ဟာ Microsoft ရဲ့ ပထမဦးဆုံး ဂိမ်းစက်ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ သူ့ကိုအဆင့်မြှင့်တင်မှုတွေပြုလုပ်ထားတဲ့ XBox 360S ကို ၂၀၁၀ပြည့်နှစ်မှာ
ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၃ခုနှစ်မှာ XBox ရဲ့ နောက်ဆုံးမျိုးဆက် XBox 360 E ကိုထုတ်လုပ်ခဲ့တာဖြစ်လို့ XBox 360 ဟာ ပင်မမိခင် ဂိမ်းစက်အဖြစ် ဆယ်စုနှစ်တစ်ခုကြာအောင် တည်တံ့ခဲ့တာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ XBox ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ Sony ကလည်း သူတို့ရဲ့ PlayStation မျိုးဆက်သစ်တစ်မျိုးဖြစ်တဲ့ NEO လို့အမည်ရတဲ့ အဆင့်မြှင့် ဂိမ်းကွန်ဆိုးလ် အသစ်တစ်မျိုးကို ထုတ်လုပ်မယ်လို့
သတင်းတွေကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ထားတာလည်းဖြစ်လို့ Microsoft နဲ့ Sony တို့ကြားက ဂိမ်းပိုင်းဆိုင်ရာအားပြိုင်မှုတွေကိုလည်း ဆက်လက်တွေ့မြင်ရဖို့ ရှိနေတာဖြစ်ပါတယ်။

xbox 360 1

XBox 360 Game Console

Ref: BBC, Wikipedia

You may be interested

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2
Android, HUBS, Mobiles & Tablets
150 shares246 views

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2

Ko Thuya - Jun 19, 2018

ရှောင်မီက ဧပြီလမှာ Mi 6X ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Android One Version ကို မကြေညာခဲ့ပါဘူး။ အခုတော့ Swiss Online Store တစ်ခုမှာ Xiaomi Mi A2 ကို…

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်
FEATURES, HOW TO, Mobile & Tablets
282 shares1263 views

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်

Ko Thuya - Jun 19, 2018

ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး စမတ်ဖုန်းများကို အသုံးပြုနေကြပါပြီ။ စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ များသောအားဖြင့် ၈ နာရီ ၀န်းကျင် ဖြစ်ကြပါတယ်။ ဒါပေမယ့် စမတ်ဖုန်းများရဲ့ ဘက်ထရီဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ စွမ်းရည် နည်းပါးလာကြပါတယ်။ အဲဒီအတွက် သင့် စမတ်ဖုန်း ဘက်ထရီ…

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple
Uncategorized
427 shares1346 views

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple

Nwe Oo - Jun 19, 2018

[Zawgyi]  Apple က တခြား Third-Party ဆားဗစ်သမားတွေပြင်ပြီးသား iPhone တွေ iPad တွေကိုပြင်ဆင်ပေးဖို့ ငြင်းဆန်တဲ့အတွက် သြစတေးလျတရားရုံးက Apple ကို A$9သန်း (ကန်ဒေါ်လာ၆.၅သန်း[or] ယူရို၅သန်း) ဒဏ်ငွေတပ်လိုက်ပါတယ်။ မနှစ်ကလည်း ဒီလိုပဲ အမှားအယွင်းဖြစ်နေတဲ့ iPhone, iPad…

Leave a Comment

Most from this category