0 Shares 122 Views


Aug 04, 2018
0 122




Ref : gsmarena

unicode

5G သုံးနိုင်မယ့် Moto Z3

Motorola က အမေရိကန်မှာ ပွဲတစ်ခု ကျင်းပ၍ Moto Z3 ကို ကြေညာလိုက်ပါတယ်။ အမေရိကန်မှာ Verizon ကနေ ရောင်းချပေးပြီး လာမယ့်နှစ် 5G ကို ဝန်ဆောင်မှုပေးချိန်မှာ 5G MotoMod ကို ဝယ်ယူ၍ သုံးနိုင်ပါတယ်။ သူ့မှာ ၆ လက်မ Super AMOLED Screen ထည့်သွင်းထားပြီး မျက်နှာပြင် အရည်အသွေးမှာ 1080x2160p ဖြစ်ပါတယ်။ မျက်နှာပြင် အချိုးမှာ 18:9 ဖြစ်ပါတယ်။ သူဟာ Chipset နဲ့ကင်မရာများကလွဲပြီး ကျန် အစိတ်အပိုင်းများဟာ Z3 Play နဲ့ တူညီပါတယ်။

ယခင်နှစ်ထုတ် စွမ်းဆောင်ရည်မြင့် Qualcomm Snapdragon 835 SoC ထည့်သွင်းထားပါတယ်။ 4GB RAM , 64GB Internal Storage များပါပါတယ်။ 3000mAh Battery က အနည်းငယ် အားနည်းပါတယ်။ အနောက်ဘက်မှာ 12MP+12MP Camera များကို Dual-LED Flash နဲ့ပူးတွဲ ထည့်ထားပါတယ်။ အရှေ့ဘက်မှာ 8MP Camera တစ်လုံး ပါပြီး ၈၄ ဒီဂရီ မြင်ကွင်းကျယ်ဓါတ်ပုံများကို ဖမ်းယူပေးပါတယ်။

Stock Android 8.1 Oreo ထည့်သွင်းထားပါတယ်။ User Interface မှာ Navigation Button များ ပါပါတယ်။ သူဟာ ရေစက်ရေပေါက်များကို ခံနိုင်ရည်ရှိပါတယ်။ လက်ဗွေရာ ကိရိယာကို ညာဘက်မှာ ထည့်သွင်းထားပါတယ်။ ပါဝါခလုတ်ကိုဘယ်ဘက်မှာ တပ်ဆင်ထားပါတယ်။ Ceramic Black သာ ထုတ်လုပ်ပေးထားပြီး သြဂုတ်လ ၁၆ ရက်နေ့မှာ ၄၈၀ ဒေါ်လာဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။ Verizon ကနေ တစ်လလျှင် ဒေါ်လာ ၂၀ ဖြင့် ၂၄ လ အရစ်ကျဝယ်ယူနိုင်ပါတယ်။ 5G MotoMod ရဲ့ ဈေးနှုန်းကို ယခုနှစ်ကုန်မှာ ကြေညာမှာ ဖြစ်ပါတယ်။

Ref : gsmarena

You may be interested

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်
Android, HUBS, Mobiles & Tablets
0 shares0 views

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်

Ko Thuya - May 26, 2019

OPPO Reno 10x Zoom ကို ကြေညာစဉ်မှာ Ocean Green နဲ့ Jet Black အရောင်နှစ်ခုသာ ထုတ်လုပ်ထားပါတယ်။ အခုတော့ အမျိုးသမီးများ နှစ်သက်တဲ့ ပန်းရောင် မော်ဒယ်ကို ထုတ်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။ တရုတ်မှာ ၁၈ ရက်နေ့တွင်…

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares15 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares382 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

Leave a Comment

Most from this category