1131 Shares 1368 Views


Aug 04, 2018
1131 1368




Ref : gsmarena

unicode

ဒေါ်လာ ၃၀ တန် Keypad Phone များကို Xiaomi ရောင်းချ

ရှောင်မီက Qin အမည်ရ Keypad Phone များကိုကြေညာလိုက်ပါတယ်။ အဲဒီ ဖုန်းများကို ရှောင်မီက Crowdfunded Device အနေဖြင့် ထုတ်လုပ်ရောင်းချပေးလိုက်တာ ဖြစ်ပါတယ်။ သူတို့ကို ထုတ်လုပ်ရောင်းချဖို့ လူပေါင်း ၂၃၀၀၀ ကျော်က ရန်ပုံငွေ ထည့်ဝင်ထားပြီး လက်ရှိမှာ ယွမ် ၆၅ သန်း ရရှိထားပြီးပါပြီ။ AI စွမ်းရည်အချို့နဲ့ 4G ဆက်သွယ်မှုများ ပါပါတယ်။

Qin 1 နဲ့ Qin 1s စတဲ့ မော်ဒယ်နှစ်ခု ထုတ်လုပ်ပေးထားပါတယ်။ မော်ဒယ်နှစ်ခုစလုံးမှာ ၂.၈ လက်မ စကရင် တပ်ဆင်ထားပြီး အရည်အသွေးမှာ 240x320p ဖြစ်ပါတယ်။ သူ့ရဲ့ အရွယ်အစားအပြည့်အစုံမှာ 132 x 53.8 x 8.5 mm ဖြစ်ပါတယ်။ Dual SIM Slot များ ပါပါတယ်။ Qin 1 မှာ ARM7 CPU Core ပါတဲ့ MediaTekMT6260A Chipset, 8MB RAM , 16MB Storage များပါပါတယ်။ WiFi, Bluetooth 4.2 များ ပါပါတယ်။ GPS , LTE များတော့ မပါပါဘူး။ Nucleus အမည်ရ OS မောင်းနှင်ထားပါတယ်။ ၁၅ ရက် အသုံးခံတဲ့ 1480mAh Battery ထည့်ထားပါတယ်။

Qin 1s မှာ Cortex-A53 Core ၂ လုံးပါတဲ့ Spreadtrum SC9820 Chipset , 256MB RAM , 512MB Storage , WiFi , VoLTE, Bluetooth 4.2 , USB-C Charger များ ပါပါတယ်။ ဖုန်းနှစ်လုံးစလုံးမှာ ကင်မရာများ မပါပါဘူး။ အနက်နဲ့ အဖြူရောင်များ ထုတ်လုပ်ပေးထားပြီး ဒေါ်လာ ၃၀ ဝန်းကျင်ကျသင့်ပါတယ်။ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ရောင်းမှာပါ။

Ref : gsmarena

You may be interested

စကိတ်စီး ၀ါသနာရှင်များအတွက် Epic Skater 2
Android, FEATURES, Games
0 shares0 views

စကိတ်စီး ၀ါသနာရှင်များအတွက် Epic Skater 2

Ko Thuya - Feb 23, 2019

Epic Skater 2 ဟာ စကိတ်စီး ၀ါသနာရှင်များအတွက် ဂိမ်း ဖြစ်ပါတယ်။ တီထွင် ဖန်တီးမှုများဟာ အလွန်ကောင်းပါတယ်။ စိတ်လှုပ်ရှားစွာ ကစားရမှာပါ။ ဒါပေမယ့် ဂရပ်ဖစ် အပိုင်းမှာ သူက အနည်းငယ် အားနည်းပါတယ်။ သူဟာ အလွန်ကောင်းမွန်ပြီး အခမဲ့ ကစားနိုင်တဲ့…

သင့် Browser ကို နှေးကွေးစေတဲ့ Browser Extensions တွေကို ဘယ်လို ရှာမလဲ
FEATURES, HOW TO, Softwares & Application
94 shares16 views

သင့် Browser ကို နှေးကွေးစေတဲ့ Browser Extensions တွေကို ဘယ်လို ရှာမလဲ

Ko Thuya - Feb 23, 2019

Browser Extensions တွေဟာ အသုံးဝင်လှပါတယ်။ဒါပေမယ့် Browser Extensions တွေက သင့် System ရဲ့  Memory ကို အသုံးပြုနေကြပါတယ်။Browser Extensions အများအပြားအသုံးပြုခြင်းဟာ သင့် Browser ကို လေးလံစေပါတယ်။ အဲဒီအတွက် Memory အသုံးပြုမှုများတဲ့…

လာမယ့်တစ်ပတ်မှာ Redmi Note 7 Pro ကို ကြေညာမည်
Android, HUBS, Mobiles & Tablets
466 shares79 views

လာမယ့်တစ်ပတ်မှာ Redmi Note 7 Pro ကို ကြေညာမည်

Ko Thuya - Feb 23, 2019

Redmi ရဲ့ စီအီးအိုက Note 7 Pro ကို လာမယ့်တစ်ပတ်မှာ ကြေညာမယ်လို့ ၀ီဘိုကနေ အတည်ပြုလိုက်ပါတယ်။ သူ့မှာ 48MP Camera ပါလာမှာ ဖြစ်ပြီး Sony IMX586 ဖြစ်ပါတယ်။ မကြာခင်ကလည်း Redmi India က…

Leave a Comment

Most from this category