0 Shares 61 Views

ဓာတ္ခြဲခန္းမွာစမ္းသပ္ဖြံျဖိဳးထားတဲ့အဆုတ္ကို ပထမဆံုးေအာင္ျမင္စြာအစားထုိးနုိင္ခဲ့

Aug 05, 2018
0 61

[Zawgyi]
lab grown lung transplanted pigs picture2 dpi 300

ဓာတ္ခြဲခန္းမွာ ထားျပီးစမ္းသပ္ထားတဲ့ အဆုတ္ကို ဝက္ေတြပံုမွန္အတိုင္းအသက္ရႈႏုိင္ေအာင္ ဝက္ေတြဆီ ပထမဆံုးေအာင္ျမင္စြာအစားထိုးႏုိင္ခဲ့ပါျပီ။  လူေတြနဲ႔ဖြဲ႔စည္းတည္ေဆာက္ပံုခ်င္းခပ္ဆင္ဆင္ျဖစ္တဲ့အတြက္ ေနာင္မွာလည္း လူေတြအေနနဲ႔ အဆုတ္အစားထိုးကုသႏုိင္ေတာ့မယ့္အလားအလာေတြရိွေနပါတယ္။

ခႏၶာကိုယ္ရဲ႔အစိတ္အပိုင္းၾကီးတစ္ခုလံုးကို လံုးဝေျပာင္းလိုက္ဖို႔ဆိုတာ ဒါပထမဆံုးအၾကိမ္ေအာင္ျမင္ျခင္းပါပဲလို႔ တကၠဆက္တကၠသိုလ္ Galveston ဓာတ္ခြဲဌာနက တြဲဖက္ဒါရိုက္တာ Joan Nichols က ဆိုထားပါတယ္။ တစ္ရွဴးေတြဖြ႔ံျဖိဳးလာတာ ေသြးလည္ပတ္စနစ္ေတြဖြံျဖိဳးလာတာေတြကိုပါျပသႏုိင္ခဲ့ျပီး အသားစေတြထည့္တာဖယ္တာဘာညာမရိွဘဲ တိရစာၦန္ရဲ႕ခႏၶာကုိယ္ထဲကိုအဆုတ္တစ္ခုထည့္ေပးလိုက္ႏုိင္တာပါ။

အခုဆို ထိန္းသိမ္းဖန္တီးထားတဲ့အဆုတ္ စုစုေပါင္ ၆ခုရိွေနျပီျဖစ္ျပီး ၄ေကာင္မွာပဲ ထည့္သြင္းခြဲစိတ္ခဲ့ျပီျဖစ္ပါတယ္။ တစ္ေကာင္ခ်င္းစီရဲ႕ကိုယ္ထဲမွာ အဆုတ္ေတြက ဆက္လက္ဖြ႔ံျဖိဳးေနမွာျဖစ္ျပီး ဆဲလ္ေတြအသက္ရွင္ဖို႔တင္မက လိုအပ္တဲ့ေနရာမွာ လိုအပ္တဲ့ဆဲလ္ေတြေရာက္ဖုိ႔လည္း ေသြးေၾကာဆဲလ္ အဆုတ္ဆဲလ္ စတဲ့ဆဲလ္အမ်ိဳးအစားေပါင္းမ်ိဳးစံုကိုလည္းထပ္ထည့္ျပီး ေသခ်ာေအာင္လုပ္ခဲ့ၾကပါတယ္။

သုေတသီေတြကေတာ့ လူေတြအတြက္လည္း ဒီလို အဆုတ္မ်ိဳးဖြံျဖိဳးေအာင္ ဖန္တီးထားလို႔ရႏုိင္ေၾကာင္းျပသႏုိင္ခဲ့ပါျပီ။ တကယ္သံုးဖို႔အတြက္ဆိုရင္ေတာ့ ၅ႏွစ္ ၈ႏွစ္ေလာက္ ၾကိဳစမ္းသပ္စစ္ေဆးဖို႔လိုအပ္မွာပါ။ အားလံုးျပီးဆံုးသြားရင္ေတာ့ ေနာက္ဆံုးအေနနဲ႔ အတြင္းအဂၤါလဲဖို႔အေတာမသတ္ႏုိင္ေအာင္ေစာင့္ဆိုင္းေနရတဲ့ကိစၥက ေလ်ာ့သြားမလားပါပဲ။

Ref: DigitalTrends

[Unicode]

lab grown lung transplanted pigs picture2 dpi 300

ဓာတ်ခွဲခန်းမှာ ထားပြီးစမ်းသပ်ထားတဲ့ အဆုတ်ကို ဝက်တွေပုံမှန်အတိုင်းအသက်ရှုနိုင်အောင် ဝက်တွေဆီ ပထမဆုံးအောင်မြင်စွာအစားထိုးနိုင်ခဲ့ပါပြီ။  လူတွေနဲ့ဖွဲ့စည်းတည်ဆောက်ပုံချင်းခပ်ဆင်ဆင်ဖြစ်တဲ့အတွက် နောင်မှာလည်း လူတွေအနေနဲ့ အဆုတ်အစားထိုးကုသနိုင်တော့မယ့်အလားအလာတွေရှိနေပါတယ်။

ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းကြီးတစ်ခုလုံးကို လုံးဝပြောင်းလိုက်ဖို့ဆိုတာ ဒါပထမဆုံးအကြိမ်အောင်မြင်ခြင်းပါပဲလို့ တက္ကဆက်တက္ကသိုလ် Galveston ဓာတ်ခွဲဌာနက တွဲဖက်ဒါရိုက်တာ Joan Nichols က ဆိုထားပါတယ်။ တစ်ရှူးတွေဖွံ့ဖြိုးလာတာ သွေးလည်ပတ်စနစ်တွေဖွံဖြိုးလာတာတွေကိုပါပြသနိုင်ခဲ့ပြီး အသားစတွေထည့်တာဖယ်တာဘာညာမရှိဘဲ တိရစ္ဆာန်ရဲ့ခန္ဓာကိုယ်ထဲကိုအဆုတ်တစ်ခုထည့်ပေးလိုက်နိုင်တာပါ။

အခုဆို ထိန်းသိမ်းဖန်တီးထားတဲ့အဆုတ် စုစုပေါင် ၆ခုရှိနေပြီဖြစ်ပြီး ၄ကောင်မှာပဲ ထည့်သွင်းခွဲစိတ်ခဲ့ပြီဖြစ်ပါတယ်။ တစ်ကောင်ချင်းစီရဲ့ကိုယ်ထဲမှာ အဆုတ်တွေက ဆက်လက်ဖွံ့ဖြိုးနေမှာဖြစ်ပြီး ဆဲလ်တွေအသက်ရှင်ဖို့တင်မက လိုအပ်တဲ့နေရာမှာ လိုအပ်တဲ့ဆဲလ်တွေရောက်ဖို့လည်း သွေးကြောဆဲလ် အဆုတ်ဆဲလ် စတဲ့ဆဲလ်အမျိုးအစားပေါင်းမျိုးစုံကိုလည်းထပ်ထည့်ပြီး သေချာအောင်လုပ်ခဲ့ကြပါတယ်။

သုတေသီတွေကတော့ လူတွေအတွက်လည်း ဒီလို အဆုတ်မျိုးဖွံဖြိုးအောင် ဖန်တီးထားလို့ရနိုင်ကြောင်းပြသနိုင်ခဲ့ပါပြီ။ တကယ်သုံးဖို့အတွက်ဆိုရင်တော့ ၅နှစ် ၈နှစ်လောက် ကြိုစမ်းသပ်စစ်ဆေးဖို့လိုအပ်မှာပါ။ အားလုံးပြီးဆုံးသွားရင်တော့ နောက်ဆုံးအနေနဲ့ အတွင်းအင်္ဂါလဲဖို့အတောမသတ်နိုင်အောင်စောင့်ဆိုင်းနေရတဲ့ကိစ္စက လျော့သွားမလားပါပဲ။

Ref: DigitalTrends

You may be interested

Elon Musk က စိတ္နဲ႔ ကြန္ျပဴတာမ်ားကို ထိန္းခ်ဳပ္ႏုိင္တဲ့ နည္းပညာကို ဖန္တီးေန
NEWS, Tech Update
0 shares0 views

Elon Musk က စိတ္နဲ႔ ကြန္ျပဴတာမ်ားကို ထိန္းခ်ဳပ္ႏုိင္တဲ့ နည္းပညာကို ဖန္တီးေန

Ko Thuya - Jul 21, 2019

သိပၸံပညာရွင္မ်ားက ကြန္ျပဴတာမ်ားကို စိတ္နဲ႔ ထိန္းခ်ဳပ္ႏုိင္တဲ့ နည္းပညာမ်ားကို ဖန္တီးေနၾကပါတယ္။ အဲဒီ နည္းပညာဟာ ကိုယ္လက္အဂၤါ မသန္စြမ္းသူမ်ားအတြက္ အရမ္းကို အသံုး၀င္လာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ အျခား က႑မ်ားမွာလည္း ဒီနည္းပညာကို အသံုးခ်ႏုိင္မွာ ျဖစ္ပါတယ္။ အဲဒီ နည္းပညာကို ဖန္တီးေနတဲ့ ကုမၸဏီမ်ားထဲမွာ…

iPhone ကေန Android Phone ေျပာင္းကိုင္မႈ မ်ားျပားေန
Android, Apple, HUBS
0 shares35 views

iPhone ကေန Android Phone ေျပာင္းကိုင္မႈ မ်ားျပားေန

Ko Thuya - Jul 21, 2019

စမတ္ဖုန္း အေဟာင္းမ်ားကို အသစ္မ်ားနဲ႔ လဲလွယ္ေပးတဲ့ BankMyCell ရဲ႕ ေဒတာမ်ားအရ iPhone ကေန Samsung Phone ေျပာင္းကိုင္မႈ မ်ားျပားေနတယ္လို႔ သိရပါတယ္။ iPhone အေဟာင္း ပိုင္ရွင္မ်ားဟာ iPhone အသစ္မ်ားနဲ႔ လဲလွယ္ျခင္း မရွိေတာ့ဘဲ အျခား ဘရန္းမ်ားကို…

Redmi က သူ႔ရဲ႕ ပထမဆံုး Power Banks မ်ားကို ေရာင္းခ်
HUBS, NEWS, Storage Devices
0 shares52 views

Redmi က သူ႔ရဲ႕ ပထမဆံုး Power Banks မ်ားကို ေရာင္းခ်

Ko Thuya - Jul 21, 2019

Redmi က စမတ္ဖုန္းမ်ား အျပင္ ပါ၀ါဘန္႔မ်ားကို ထုတ္လုပ္ေရာင္းခ်လိုက္ပါတယ္။ ကုမၸဏီရဲ႕ ပထမဆံုး ပါ၀ါဘန္႔မ်ား ျဖစ္ပါတယ္။ 10000mAh နဲ႔ 20000mAh Power Bank မ်ား ျဖစ္ၿပီး ၅၉ ယြမ္နဲ႔ ၉၉ ယြမ္ အသီးသီး သတ္မွတ္ထားပါတယ္။…

Leave a Comment

Most from this category