2117 Shares 5514 Views

Phone for You က႑အတြက္ ေရြးခ်ယ္ေပးလိုက္တဲ့ Huawei Nova 3

Aug 03, 2018
2117 5514

[Zawgyi]

ယခုတပတ္ Phone for You က႑မွာ ေရြးခ်ယ္ေပးခ်င္တဲ့ စမတ္ဖုန္းကေတာ့ Huawei ကေတာ့ ျပီးခဲ့တဲ့ ဂ်ဴလို္င္လကမွ မိတ္ဆက္သြားခဲ့တဲ့ Huawei Nova 3 ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ က်ပ္ ၅၅၉,၀၀၀ နဲ႔ Pre-Order မွာယူႏိုင္ေနျပီျဖစ္ျပီး၊ မၾကာခင္ စတင္ေရာင္းခ်သြားဖို႔ရွိတဲ့ ဖုန္းလည္း ျဖစ္ပါတယ္။

 

ဒီဇိုင္း

 

Nova 3 ဟာ အရင္ Nova စီးရီးေတြထက္ ဒီဇိုင္းအမ်ားၾကီး ပိုေကာင္းလာတဲ့ ဖုန္းျဖစ္ပါတယ္။ Flagship ဖုန္းေတြလို သတၱဳဖရိန္၊ ဖန္သားကိုယ္ထည္နဲ႔ ျဖစ္ျပီး အလွဆုံးအေရာင္ကေတာ့ Iris Purple အေရာင္ပဲ ျဖစ္ပါတယ္။ Huawei P20 Pro မွာ သုံးထားသလို ကာလာႏွစ္ေရာင္ေျပးကို အသုံးျပဳထားျပီး၊ အလင္းေရာင္ထိေတြ႕တဲ့အခါမွာ ေတာက္ပတဲ့ အေရာင္ေတြေျပးေနေကာ၊ ၾကည့္တဲ့ေထာင့္အလိုက္ အေရာင္ေျပာင္းလဲသြားတဲ့ ဒီဇိုင္းက ေတာ္ေတာ္ေလး အထာက်ပါတယ္။

ဖုန္းေရွ႕ဘက္မွာေတာ့ Notch ဒီဇိုင္းကို အသုံးျပဳထားျပီး၊ Notch ေနရာမွာ ဖုန္းေျပာရင္ နားေထာင္ဖို႔ Earpiece ၊ ေရွ႕ကင္မရာဆန္ဆာ ၂ လုံးနဲ႔ Notification LED နဲ႔ Face Unlock ကို အလင္းေရာင္နည္းတဲ့အခ်ိန္မွာ ေကာင္းေကာင္းအသုံးျပဳႏိုင္ဖို႔အတြက္ အနီေအာက္ေရာင္ျခည္ထိုးေပးတဲ့ မီးလုံးတလုံး တို႕ကို ထားေပးထားပါတယ္။

ဖုန္းေအာက္ဘက္မွာေတာ့ စပီကာတလုံး၊ မိုက္ခရိုဖုန္းတလုံး၊ USB-C Connector နဲ႔ 3.5mm နားၾကပ္ေပါက္တို႔ ပါဝင္ပါတယ္။ ဖုန္းအထူကလည္း ၀.၂၉ လက္မသာရွိတဲ့အတြက္ ပါးပါးေလးနဲ႕ ကိုင္လို႔ေကာင္းတဲ့ ဒီဇိုင္းပါ။

Display

 

Display ကေတာ့ 6.3-inch ရွိျပီး၊ 19.5:9 Aspect Ratio Display ျဖစ္ပါတယ္။ 2340×1080 pixels FullHD+ resolution ရွိတဲ့ IS LCD Display ကို အသုံးျပဳထားပါတယ္။ Brightness ေတာ္ေတာ္ေလးေကာင္းမြန္ျပီး၊ ကာလာေတြ တိက်ျပတ္သားမွဳရွိပါတယ္။ ေနေရာင္ထဲမွာေတာင္ ဖုန္းကို ေကာင္းေကာင္းျမင္ရမွာပါ။ Display မွာ တခုအားနည္းခ်က္ရွိတာဆိုလို႔ Gorilla Glass လိုမ်ိဳး အကာအကြယ္မွန္ မသုံးေပးထားတာပါ။ မကြဲမွန္ ကပ္ဖို႔ေတာ့ မျဖစ္မေနလိုပါလိမ့္မယ္။

Performance

Nova 3 ဟာ Nova စီးရီးေတြထဲမွာ စြမ္းေဆာင္ရည္အေကာင္းဆုံးဖုန္းတလုံးလို႔ေတာင္ ေျပာႏိုင္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ Huawei P20 Pro လို Flagship ေမာ္ဒယ္မွာ အသုံးျပဳခဲ့တဲ့ Kirin 970 Chipset ကိုပဲ Nova 3 မွာ ျပန္သုံးေပးထားတာျဖစ္ပါတယ္။ ဒီေတာ့ ငါးသိန္းခြဲေလာက္နဲ႔ P20 Pro ရဲ႕ စြမ္းေဆာင္ရည္နီးပါး ရရွိႏိုင္မွာပါ။ ဒီ့အျပင္ ဖုန္းစြမ္းေဆာင္ရည္ကို ျမွင့္ေပးတဲ့ အထူးသျဖင့္ ဂိမ္းေဆာ့တဲ့အခါ စြမ္းေဆာင္ရည္ပိုေကာင္းေစတဲ့ GPU Turbo နည္းပညာလည္း Nova 3 မွာ ပါဝင္လာပါတယ္။ Asphalt 9: Legends လို ဂိမ္းေတြကို ‘‘High Quality’’ ထားျပီး ေဆာ့ကစားႏိုင္ပါတယ္။

RAM အေနနဲ႔ 6GB အထိ ပါရွိမွာျဖစ္ျပီး၊ Storage ကလည္း 64GB နဲ႔ 256GB ဆိုျပီး ႏွစ္မ်ိဳး ေရြးခ်ယ္ႏိုင္ပါတယ္။ microSD ကတ္ ထပ္စိုက္ခ်င္ရင္လည္း SIM 2 ေနရာမွာ 256GB အထိ ထပ္စိုက္လို႔ ရပါေသးတယ္။ တျခား High-end feature ေတြျဖစ္တဲ့ NFC တို႔ Fast Charging စနစ္တို႔လည္း အသုံးျပဳႏိုင္ဦးမွာပါ၊ (NFC ကေတာ့ ေစ်းကြက္အလိုက္ တခ်ိဳ႕ေမာ္ဒယ္ေတြမွာပဲ ပါရွိမယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံအတြက္ ေမာ္ဒယ္မွာလည္း ပါရွိမွာလားဆိုတာကိုေတာ့ ေသခ်ာမသိရေသးပါဘူး။)

ကင္မရာ

Nova 3 မွာ အေရွ႔ကင္မရာႏွစ္လုံးနဲ႔ အေနာက္ကင္မရာႏွစ္လုံး စုစုေပါင္း ကင္မရာေလးလုံးထိ သုံးေပးထားပါတယ္။  24MP+16MP ေက်ာကင္မရာ မွာ ရွဳခင္းနဲ႔ အရာဝတၳဳ ၂၂ မ်ိဳးအထိ သိရွိျပင္ေပးႏိုင္ႏိုင္တဲ့ AI Scene Modes ေတြ ပါဝင္ပါတယ္။ ဗီဒီယိုရိုက္မယ္ဆိုရင္လည္း 4K အထိ ရိုက္ကူးႏိုင္ပါတယ္။

24MP + 2MP ေရွ႕ကင္မရာႏွစ္လုံးတြဲမွာလည္း AI နည္းပညာပါဝင္ျပီး၊ ရိုက္ကူးသမွ် Selfie ေတြကို ပေရာ္ဖက္ရွင္နယ္တေယာက္ ရိုက္ထားသလို ခ်က္ခ်င္းျပင္ေပးႏိုင္မွာျဖစ္ပါတယ္။ ရုပ္ပိုေခ်ာခ်င္တဲ့ လူေတြအတြက္လည္း Beauty Mode ပါဝင္ဦးမွာျဖစ္ပါတယ္။

ေရွ႕ ကင္မရာကေန iPhone X က Animoji ပုံစံမ်ိဳး 3D Qmoji ေတြကို အသုံးျပဳႏိုင္မွာပါ။

Software and Battery Life

Huawei Nova 3 ဟာ Android 8.1 Oreo-based EMUI 8.2 နဲ႔ စတင္ထြက္ရွိလာတာျဖစ္ပါတယ္။ EMUI ရဲ႕ Feature ေတြျဖစ္တဲ့ Smart Screenshot ၊ Split-screen gesture ၊ Battery ေခၽြတာမွဳစနစ္ စတာေတြ စုံစုံလင္လင္ အသုံးျပဳနိုင္မွာပါ။ Full Screen အျပည့္ျပဖို႔အတြက္ Optimize မလုပ္ထားတဲ့ App ေတြကို ပိုေကာင္းေအာင္လုပ္ေပးမယ့္ Full Screen Setting ၊ Notch မၾကိဳက္တဲ့လူေတြအေနနဲ႔ App တခုခ်င္းစီအလိုက္ Notch ေဖ်ာက္ထားႏိုင္တဲ့ Notch settings တို႔လည္း အစုံအလင္ပါရွိလာပါတယ္။

Face Unlock နည္းပညာကလည္း ေတာ္ေတာ္ျမန္ဆန္ျပီး အထူးသျဖင့္ ေမွာင္ေနတဲ့အခ်ိန္ေတြမွာေတာင္ ေကာင္းေကာင္းအလုပ္လုပ္ပါတယ္။

ဘက္ထရီအေနနဲ႔ကေတာ့ Nova 3 မွာ Huawei ရဲ႕ SuperCharge အားအျမန္သြင္းစနစ္အသုံးျပဳနိုင္တဲ့ 3750mAh ဘက္ထရီပါဝင္ပါတယ္။ ဘက္ထရီက တေနကုန္နီးပါး အသုံးျပဳျပီးရင္ အျမဲတမ္း ၃၀ ကေန ၄၀ ရာခိုင္ႏွဳန္းေလာက္အထိ က်န္ေနေသးတာေၾကာင့္ ခဏခဏ အားျပန္သြင္းစရာလိုမွာမဟုတ္ပါဘူး။ SuperCharge ကေတာ့ ဖုန္းဘက္ထရီ ၀ ရာခိုင္ႏွဳန္းကေန ၁၀၀ ရာခိုင္ႏွဳန္း အျပည့္ျဖစ္ဖို႔အတြက္ ၂ နာရီေလာက္ ၾကာတာေၾကာင့္ အရမ္းအျမန္ၾကီးေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ဘက္ထရီသက္တမ္း ေတာ္ေတာ္ခံတဲ့အတြက္ ခံသာပါတယ္။

အဆုံးသတ္

Nova 3 ဟာ ဂ်ဴလိုင္လအတြင္း ထြက္ရွိလာခဲ့တဲ့ Mid-range ဖုန္းေတြထဲမွာ အေကာင္းဆုံး Android ဖုန္းတလုံးလို႔ ဆိုႏိုင္ပါတယ္။  Mid-range စမတ္ဖုန္းဆိုေပမယ့္ Flagship ဖုန္းတလုံးရဲ႕ ဒီဇိုင္းကာလာနဲ႔ စြမ္းေဆာင္ရည္ေတြကို အမီလိုက္ႏိုင္ျပီး Mid-range ဖုန္းေကာင္းေကာင္းကိုင္ခ်င္သူေတြ စဥ္းစားေရြးခ်ယ္သင့္တဲ့ ဖုန္းေကာင္းတလုံးျဖစ္ေၾကာင္း တင္ျပလိုက္ရပါတယ္။

Ref: GSM Arena, Gadgets NDTV

[Unicode]

ယခုတပတ် Phone for You ကဏ္ဍအတွက် ရွေးချယ်ပေးလိုက်တဲ့ Huawei Nova 3

ယခုတပတ် Phone for You ကဏ္ဍမှာ ရွေးချယ်ပေးချင်တဲ့ စမတ်ဖုန်းကတော့ Huawei ကတော့ ပြီးခဲ့တဲ့ ဂျူလိုင်လကမှ မိတ်ဆက်သွားခဲ့တဲ့ Huawei Nova 3 ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကျပ် ၅၅၉,၀၀၀ နဲ့ Pre-Order မှာယူနိုင်နေပြီဖြစ်ပြီး၊ မကြာခင် စတင်ရောင်းချသွားဖို့ရှိတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။

ဒီဇိုင်း

Nova 3 ဟာ အရင် Nova စီးရီးတွေထက် ဒီဇိုင်းအများကြီး ပိုကောင်းလာတဲ့ ဖုန်းဖြစ်ပါတယ်။ Flagship ဖုန်းတွေလို သတ္တုဖရိန်၊ ဖန်သားကိုယ်ထည်နဲ့ ဖြစ်ပြီး အလှဆုံးအရောင်ကတော့ Iris Purple အရောင်ပဲ ဖြစ်ပါတယ်။ Huawei P20 Pro မှာ သုံးထားသလို ကာလာနှစ်ရောင်ပြေးကို အသုံးပြုထားပြီး၊ အလင်းရောင်ထိတွေ့တဲ့အခါမှာ တောက်ပတဲ့ အရောင်တွေပြေးနေကော၊ ကြည့်တဲ့ထောင့်အလိုက် အရောင်ပြောင်းလဲသွားတဲ့ ဒီဇိုင်းက တော်တော်လေး အထာကျပါတယ်။

ဖုန်းရှေ့ဘက်မှာတော့ Notch ဒီဇိုင်းကို အသုံးပြုထားပြီး၊ Notch နေရာမှာ ဖုန်းပြောရင် နားထောင်ဖို့ Earpiece ၊ ရှေ့ကင်မရာဆန်ဆာ ၂ လုံးနဲ့ Notification LED နဲ့ Face Unlock ကို အလင်းရောင်နည်းတဲ့အချိန်မှာ ကောင်းကောင်းအသုံးပြုနိုင်ဖို့အတွက် အနီအောက်ရောင်ခြည်ထိုးပေးတဲ့ မီးလုံးတလုံး တို့ကို ထားပေးထားပါတယ်။

ဖုန်းအောက်ဘက်မှာတော့ စပီကာတလုံး၊ မိုက်ခရိုဖုန်းတလုံး၊ USB-C Connector နဲ့ 3.5mm နားကြပ်ပေါက်တို့ ပါဝင်ပါတယ်။ ဖုန်းအထူကလည်း ဝ.၂၉ လက်မသာရှိတဲ့အတွက် ပါးပါးလေးနဲ့ ကိုင်လို့ကောင်းတဲ့ ဒီဇိုင်းပါ။

Display

Display ကတော့ 6.3-inch ရှိပြီး၊ 19.5:9 Aspect Ratio Display ဖြစ်ပါတယ်။ 2340×1080 pixels FullHD+ resolution ရှိတဲ့ IS LCD Display ကို အသုံးပြုထားပါတယ်။ Brightness တော်တော်လေးကောင်းမွန်ပြီး၊ ကာလာတွေ တိကျပြတ်သားမှုရှိပါတယ်။ နေရောင်ထဲမှာတောင် ဖုန်းကို ကောင်းကောင်းမြင်ရမှာပါ။ Display မှာ တခုအားနည်းချက်ရှိတာဆိုလို့ Gorilla Glass လိုမျိုး အကာအကွယ်မှန် မသုံးပေးထားတာပါ။ မကွဲမှန် ကပ်ဖို့တော့ မဖြစ်မနေလိုပါလိမ့်မယ်။

Performance

Nova 3 ဟာ Nova စီးရီးတွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးဖုန်းတလုံးလို့တောင် ပြောနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ Huawei P20 Pro လို Flagship မော်ဒယ်မှာ အသုံးပြုခဲ့တဲ့ Kirin 970 Chipset ကိုပဲ Nova 3 မှာ ပြန်သုံးပေးထားတာဖြစ်ပါတယ်။ ဒီတော့ ငါးသိန်းခွဲလောက်နဲ့ P20 Pro ရဲ့ စွမ်းဆောင်ရည်နီးပါး ရရှိနိုင်မှာပါ။ ဒီ့အပြင် ဖုန်းစွမ်းဆောင်ရည်ကို မြှင့်ပေးတဲ့ အထူးသဖြင့် ဂိမ်းဆော့တဲ့အခါ စွမ်းဆောင်ရည်ပိုကောင်းစေတဲ့ GPU Turbo နည်းပညာလည်း Nova 3 မှာ ပါဝင်လာပါတယ်။ Asphalt 9: Legends လို ဂိမ်းတွေကို ‘‘High Quality’’ ထားပြီး ဆော့ကစားနိုင်ပါတယ်။

RAM အနေနဲ့ 6GB အထိ ပါရှိမှာဖြစ်ပြီး၊ Storage ကလည်း 64GB နဲ့ 256GB ဆိုပြီး နှစ်မျိုး ရွေးချယ်နိုင်ပါတယ်။ microSD ကတ် ထပ်စိုက်ချင်ရင်လည်း SIM 2 နေရာမှာ 256GB အထိ ထပ်စိုက်လို့ ရပါသေးတယ်။ တခြား High-end feature တွေဖြစ်တဲ့ NFC တို့ Fast Charging စနစ်တို့လည်း အသုံးပြုနိုင်ဦးမှာပါ၊ (NFC ကတော့ ဈေးကွက်အလိုက် တချို့မော်ဒယ်တွေမှာပဲ ပါရှိမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအတွက် မော်ဒယ်မှာလည်း ပါရှိမှာလားဆိုတာကိုတော့ သေချာမသိရသေးပါဘူး။)

ကင်မရာ

Nova 3 မှာ အရှေ့ကင်မရာနှစ်လုံးနဲ့ အနောက်ကင်မရာနှစ်လုံး စုစုပေါင်း ကင်မရာလေးလုံးထိ သုံးပေးထားပါတယ်။  24MP+16MP ကျောကင်မရာ မှာ ရှုခင်းနဲ့ အရာဝတ္ထု ၂၂ မျိုးအထိ သိရှိပြင်ပေးနိုင်နိုင်တဲ့ AI Scene Modes တွေ ပါဝင်ပါတယ်။ ဗီဒီယိုရိုက်မယ်ဆိုရင်လည်း 4K အထိ ရိုက်ကူးနိုင်ပါတယ်။

24MP + 2MP ရှေ့ကင်မရာနှစ်လုံးတွဲမှာလည်း AI နည်းပညာပါဝင်ပြီး၊ ရိုက်ကူးသမျှ Selfie တွေကို ပရော်ဖက်ရှင်နယ်တယောက် ရိုက်ထားသလို ချက်ချင်းပြင်ပေးနိုင်မှာဖြစ်ပါတယ်။ ရုပ်ပိုချောချင်တဲ့ လူတွေအတွက်လည်း Beauty Mode ပါဝင်ဦးမှာဖြစ်ပါတယ်။

ရှေ့ ကင်မရာကနေ iPhone X က Animoji ပုံစံမျိုး 3D Qmoji တွေကို အသုံးပြုနိုင်မှာပါ။

Software and Battery Life

Huawei Nova 3 ဟာ Android 8.1 Oreo-based EMUI 8.2 နဲ့ စတင်ထွက်ရှိလာတာဖြစ်ပါတယ်။ EMUI ရဲ့ Feature တွေဖြစ်တဲ့ Smart Screenshot ၊ Split-screen gesture ၊ Battery ချွေတာမှုစနစ် စတာတွေ စုံစုံလင်လင် အသုံးပြုနိုင်မှာပါ။ Full Screen အပြည့်ပြဖို့အတွက် Optimize မလုပ်ထားတဲ့ App တွေကို ပိုကောင်းအောင်လုပ်ပေးမယ့် Full Screen Setting ၊ Notch မကြိုက်တဲ့လူတွေအနေနဲ့ App တခုချင်းစီအလိုက် Notch ဖျောက်ထားနိုင်တဲ့ Notch settings တို့လည်း အစုံအလင်ပါရှိလာပါတယ်။

Face Unlock နည်းပညာကလည်း တော်တော်မြန်ဆန်ပြီး အထူးသဖြင့် မှောင်နေတဲ့အချိန်တွေမှာတောင် ကောင်းကောင်းအလုပ်လုပ်ပါတယ်။

ဘက်ထရီအနေနဲ့ကတော့ Nova 3 မှာ Huawei ရဲ့ SuperCharge အားအမြန်သွင်းစနစ်အသုံးပြုနိုင်တဲ့ 3750mAh ဘက်ထရီပါဝင်ပါတယ်။ ဘက်ထရီက တနေကုန်နီးပါး အသုံးပြုပြီးရင် အမြဲတမ်း ၃၀ ကနေ ၄၀ ရာခိုင်နှုန်းလောက်အထိ ကျန်နေသေးတာကြောင့် ခဏခဏ အားပြန်သွင်းစရာလိုမှာမဟုတ်ပါဘူး။ SuperCharge ကတော့ ဖုန်းဘက်ထရီ ၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်း အပြည့်ဖြစ်ဖို့အတွက် ၂ နာရီလောက် ကြာတာကြောင့် အရမ်းအမြန်ကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဘက်ထရီသက်တမ်း တော်တော်ခံတဲ့အတွက် ခံသာပါတယ်။

အဆုံးသတ်

Nova 3 ဟာ ဂျူလိုင်လအတွင်း ထွက်ရှိလာခဲ့တဲ့ Mid-range ဖုန်းတွေထဲမှာ အကောင်းဆုံး Android ဖုန်းတလုံးလို့ ဆိုနိုင်ပါတယ်။  Mid-range စမတ်ဖုန်းဆိုပေမယ့် Flagship ဖုန်းတလုံးရဲ့ ဒီဇိုင်းကာလာနဲ့ စွမ်းဆောင်ရည်တွေကို အမီလိုက်နိုင်ပြီး Mid-range ဖုန်းကောင်းကောင်းကိုင်ချင်သူတွေ စဉ်းစားရွေးချယ်သင့်တဲ့ ဖုန်းကောင်းတလုံးဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Ref: GSM Arena, Gadgets NDTV

You may be interested

Android ကို Pro လို သံုးနိုင္မယ့္ Tips မ်ား
Android, FEATURES, HUBS
115 shares31 views

Android ကို Pro လို သံုးနိုင္မယ့္ Tips မ်ား

Ko Thuya - Nov 19, 2018

Android ေပၚလာတာ ဆယ္စုႏွစ္တစ္ခုေက်ာ္လာပါၿပီ။ Update တစ္ခုထြက္တိုင္းမွာ လုပ္ေဆာင္ခ်က္ အသစ္မ်ား ပါလာပါတယ္။ အခ်ိဳ႕ လုပ္ေဆာင္ခ်က္ေတြကို လူေတြ သိပ္မသိၾကပါဘူး။ ဒီပို႔စ္မွာ အန္းဒရြိဳက္ကို ဆရာတစ္ဆူလို သံုးႏိုင္မယ့္ နည္းလမ္းမ်ားကို ေဖာ္ျပလိုက္ပါတယ္။ ၁။ App မ်ားအတြက္ သီးျခား Shortcuts…

Instagram မွ User မ်ားရဲ႕ Password မ်ား ေပါက္ၾကား
Facebook, HUBS, NEWS
56 shares10 views

Instagram မွ User မ်ားရဲ႕ Password မ်ား ေပါက္ၾကား

Ko Thuya - Nov 19, 2018

Instagram မၾကာခင္က မိတ္ဆက္ခဲ့တဲ့ Download Your Data Tool ကေန User မ်ားရဲ႕ Password မ်ား ေပါက္ၾကားသြားတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ဒါေပမယ့္ User အနည္းငယ္သာ ေပါက္ၾကားသြားတာ ျဖစ္ၿပီး အခုေတာ့ လံုျခံဳေရး ဟာကြက္ကို…

အင္တာနက္မွာ ဆယ္လီ ျဖစ္လာတဲ့ ဂ်ပန္မွ ေၾကာင္ႏွစ္ေကာင္
NEWS, Odd
86 shares25 views

အင္တာနက္မွာ ဆယ္လီ ျဖစ္လာတဲ့ ဂ်ပန္မွ ေၾကာင္ႏွစ္ေကာင္

Ko Thuya - Nov 19, 2018

ခ်စ္စရာ အနက္နဲ႔ အ၀ါေရာင္ ေၾကာင္ေလး ႏွစ္ေကာင္ဟာ ဂ်ပန္ႏုိင္ငံ ဟီရိုရွီးမားၿမိဳ႕မွ အနုပညာ ျပတိုက္ကို တစ္ပတ္လွ်င္ ၂ ႀကိမ္၊ ၃ ႀကိမ္ေလာက္ ၀င္ဖို႔ ႀကိဳးစားေနပါတယ္။ သူတို႔ ဒီလိုလုပ္ေနတာ ၂ ႏွစ္ေလာက္ ရွိပါၿပီ။ လံုျခံဳေရး ၀န္ထမ္းမ်ားေၾကာင့္…

Leave a Comment

Most from this category