287 Shares 103 Views

ZTE က Nubia Red Magic ရဲ႕ အထူးထုတ္ေမာ္ဒယ္ကို ေရာင္းခ်

Aug 03, 2018
287 103

China Joy Tech ျပပြဲမွာ ZTE က Nubia Red Magic ရဲ႕ Limited Edition Model ကို မိတ္ဆက္လိုက္ပါတယ္။ သူဟာ Gaming Phone ျဖစ္ၿပီး မူလက အနီနဲ႔ အနက္ေရာင္မ်ား ထုတ္လုပ္ေပးထားပါတယ္။ ယခုေမာ္ဒယ္ကေတာ့ Camouflage ျဖစ္ပါတယ္။ အေနာက္ဘက္ ဒီဇိုင္းကို ေလဆာျဖင့္ ပံုေဖာ္ထားပါတယ္။ လက္ေဗြရာမ်ား မထင္က်န္ေစေအာင္ အလႊာတစ္ထပ္ျဖင့္ ဖံုးအုပ္ထားပါတယ္။ သူ႔ရဲ႕ ေစ်းႏႈန္းဟာ မူလေမာ္ဒယ္မ်ားနဲ႔ တူညီၿပီး 6GB/64GG Model ကို ယြမ္ ၂၅၀၀ နဲ႔ 8GB/128GB Model ကို ယြမ္ ၃၀၀၀ သတ္မွတ္ထားပါတယ္။ ၃၆၅ နဲ႔ ၄၄၀ ေဒၚလာ အသီးသီး က်သင့္မွာပါ။

Nubia Red Magic က မ်က္ႏွာျပင္ ၆ လက္မရွိၿပီး LCD 2160×1080 px ႐ုပ္ထြက္ႏွင့္ ေထာက္ပံ့ထားပါတယ္။ NEG Dinore T2X-1 မွန္သံုးထားပါတယ္။ ဒီဇုိင္းပုိင္းက ဒီဖုန္းရဲ႕အားသာခ်က္လုိ႔ ေျပာႏုိင္ေပမယ့္လည္း ပါ၀ါေထာက္ပံ့ပုိင္းကုိလည္း အေကာင္းဆံုး လုပ္ေဆာင္ထားပါေသးတယ္။ ဒီဖုန္းကုိ Snapdragon 835 ႏွင့္ ပါ၀ါေထာက္ပံ့ထားပါတယ္။ Chipset က ပါ၀ါအျမင့္ဆံုး Snapdragon Chipset ေတာ့ မဟုတ္ပါဘူး။ Xiaomi ရဲ႕ Black Shark မွာေတာ့ Snapdragon 845 သံုးထားပါတယ္။ ဒါေပမယ့္ ႐ုပ္ထြက္ေဖာ္ျပမႈအပိုင္းမွာ 1080p screen ပဲ သံုးထားပါတယ္။

Red Magic မွာ ေက်ာဘက္ကင္မရာ 24MPနဲ႔အတူ f/1.7 Lens သံုးထားပါတယ္။ ေရွ႕ကင္မရာက 8MP နဲ႔ wide-angle lens f/2.0 ျဖစ္ပါတယ္။ဒါေၾကာင့္ ေရွ႕ကင္မရာနဲ႔ ျမင္ကြင္းက်ယ္ ႐ုိက္ကူးႏုိင္ပါမယ္။ Nubia Red Magic မွာ ဘက္ထရီ 3800 mAh ပါ၀င္ၿပီး အလွ်င္အျမန္အားသြင္းစနစ္ ေထာက္ပံ့ေပးထားပါတယ္။ လက္ေဗြရာစနစ္ကုိ ေက်ာဘက္မွာ ထည့္သြင္းထားပါတယ္။ ဂိမ္းဖုန္းလို႔ဆိုေပမယ့္ စပီကာတစ္လံုးတည္းပဲ တပ္ဆင္ေပးထားပါတယ္။ ဒါေပမယ့္ DTS အသံစနစ္ေထာက္ပံ့ေပးထားပါတယ္။

Ref : gsmarena

unicode

ZTE က Nubia Red Magic ရဲ့ အထူးထုတ်မော်ဒယ်ကို ရောင်းချ

China Joy Tech ပြပွဲမှာ ZTE က Nubia Red Magic ရဲ့ Limited Edition Model ကို မိတ်ဆက်လိုက်ပါတယ်။ သူဟာ Gaming Phone ဖြစ်ပြီး မူလက အနီနဲ့ အနက်ရောင်များ ထုတ်လုပ်ပေးထားပါတယ်။ ယခုမော်ဒယ်ကတော့ Camouflage ဖြစ်ပါတယ်။ အနောက်ဘက် ဒီဇိုင်းကို လေဆာဖြင့် ပုံဖော်ထားပါတယ်။ လက်ဗွေရာများ မထင်ကျန်စေအောင် အလွှာတစ်ထပ်ဖြင့် ဖုံးအုပ်ထားပါတယ်။ သူ့ရဲ့ ဈေးနှုန်းဟာ မူလမော်ဒယ်များနဲ့ တူညီပြီး 6GB/64GG Model ကို ယွမ် ၂၅၀၀ နဲ့ 8GB/128GB Model ကို ယွမ် ၃၀၀၀ သတ်မှတ်ထားပါတယ်။ ၃၆၅ နဲ့ ၄၄၀ ဒေါ်လာ အသီးသီး ကျသင့်မှာပါ။

Nubia Red Magic က မျက်နှာပြင် ၆ လက်မရှိပြီး LCD 2160×1080 px ရုပ်ထွက်နှင့် ထောက်ပံ့ထားပါတယ်။ NEG Dinore T2X-1 မှန်သုံးထားပါတယ်။ ဒီဇိုင်းပိုင်းက ဒီဖုန်းရဲ့အားသာချက်လို့ ပြောနိုင်ပေမယ့်လည်း ပါဝါထောက်ပံ့ပိုင်းကိုလည်း အကောင်းဆုံး လုပ်ဆောင်ထားပါသေးတယ်။ ဒီဖုန်းကို Snapdragon 835 နှင့် ပါဝါထောက်ပံ့ထားပါတယ်။ Chipset က ပါဝါအမြင့်ဆုံး Snapdragon Chipset တော့ မဟုတ်ပါဘူး။ Xiaomi ရဲ့ Black Shark မှာတော့ Snapdragon 845 သုံးထားပါတယ်။ ဒါပေမယ့် ရုပ်ထွက်ဖော်ပြမှုအပိုင်းမှာ 1080p screen ပဲ သုံးထားပါတယ်။

Red Magic မှာ ကျောဘက်ကင်မရာ 24MPနဲ့အတူ f/1.7 Lens သုံးထားပါတယ်။ ရှေ့ကင်မရာက 8MP နဲ့ wide-angle lens f/2.0 ဖြစ်ပါတယ်။ဒါကြောင့် ရှေ့ကင်မရာနဲ့ မြင်ကွင်းကျယ် ရိုက်ကူးနိုင်ပါမယ်။ Nubia Red Magic မှာ ဘက်ထရီ 3800 mAh ပါဝင်ပြီး အလျှင်အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားပါတယ်။ လက်ဗွေရာစနစ်ကို ကျောဘက်မှာ ထည့်သွင်းထားပါတယ်။ ဂိမ်းဖုန်းလို့ဆိုပေမယ့် စပီကာတစ်လုံးတည်းပဲ တပ်ဆင်ပေးထားပါတယ်။ ဒါပေမယ့် DTS အသံစနစ်ထောက်ပံ့ပေးထားပါတယ်။

Ref : gsmarena

You may be interested

အေရျပား ကင္ဆာ ျဖစ္ပြားျခင္းကို ေလွ်ာ့ခ်ေပးမယ့္ တန္ဖိုးနည္း လက္ေကာက္
Gadgets, NEWS
0 shares0 views

အေရျပား ကင္ဆာ ျဖစ္ပြားျခင္းကို ေလွ်ာ့ခ်ေပးမယ့္ တန္ဖိုးနည္း လက္ေကာက္

Ko Thuya - Sep 26, 2018

အေမရိကန္ လူမ်ိဳး ၁၀ ကေန ၈၀ ရာခုိင္ႏႈန္းဟာ ဗီတာမင္ ဒီ အားနည္းေနပါတယ္။ ၾသစေၾတးလ်ႏိုင္ငံ၊ မဲလ္ဘုန္း နည္းပညာ တကၠသိုလ္၊ အသံုးခ် ဓါတုေဗဒနဲ႔ ပတ္၀န္းက်င္ သိပၸံပညာ ဌာနမွ ပါေမာကၡ ျဖစ္သူ Bansal က ဒီ…

ျပီးျပည့္စံုေသာ ဓာတ္ပံုရိုက္ခ်က္မ်ားႏွင့္ ဆန္းသစ္ေသာ ဒီဇိုင္းကို အာမခံထားသည့္ Vivo V11 AI စမတ္ဖုန္းကို ျမန္မာႏိုုင္ငံတြင္ စတင္မိတ္ဆက္
HUBS, Vivo
0 shares0 views

ျပီးျပည့္စံုေသာ ဓာတ္ပံုရိုက္ခ်က္မ်ားႏွင့္ ဆန္းသစ္ေသာ ဒီဇိုင္းကို အာမခံထားသည့္ Vivo V11 AI စမတ္ဖုန္းကို ျမန္မာႏိုုင္ငံတြင္ စတင္မိတ္ဆက္

Creepy Tyler - Sep 26, 2018

ရန္ကုန္၊ ျမန္မာ၊ စက္တင္ဘာ ၂၅၊ ၂၀၁၈ - Vivo မွ ၎၏ထုတ္ကုန္သစ္ျဖစ္သည့္ ဆန္းသစ္ေသာ Vivo V11 စမတ္ဖုုန္း ကို ယေန႔တြင္ ျမန္မာႏိုင္ငံတြင္ မိတ္ဆက္ခဲ့သည္။ နာမည္ေက်ာ္ လူၾကိဳက္မ်ားေသာ V အမ်ိဳးအစား စမတ္ဖုန္းမ်ား စာရင္းဝင္ ဤ ဥာဏ္ရည္တု AI…

DisplayMate ရဲ႕ အေကာင္းဆံုး မ်က္ႏွာျပင္ အျဖစ္ သတ္မွတ္ခံလိုက္ရတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
67 shares25 views

DisplayMate ရဲ႕ အေကာင္းဆံုး မ်က္ႏွာျပင္ အျဖစ္ သတ္မွတ္ခံလိုက္ရတဲ့ iPhone XS Max

Ko Thuya - Sep 26, 2018

Samsung Galaxy Note 9 ထြက္ရွိၿပီး သိပ္မၾကာခင္မွာပဲ DisplayMate က သူ႔ကို စမ္းသပ္ခဲ့ၿပီး ထြက္ရွိၿပီး သမွ် စမတ္ဖုန္းမ်ားထဲမွာ သူဟာ အေကာင္းဆံုး မ်က္ႏွာျပင္ကို ပိုင္ဆိုင္ထားတယ္လို႔ သံုးသပ္ခဲ့ပါတယ္။ အခုေတာ့ Note 9 ရဲ႕ သရဖူကို…

Leave a Comment

Most from this category