94 Shares 62 Views


Aug 03, 2018
94 62



ref : recode

unicode

Panasonic ရဲ့ စားပွဲထိုး စက်ရုပ်

Panasonic ရဲ့ နေအိမ်တွင်း သယ်ယူပို့ဆောင်ရေး စက်ရုပ် HOSPI ဟာ ဂျပန်ရှိ ဟိုတယ်မှာ ဧည့်သည်များကို ဝန်ဆောင်မှုပေးနေပါပြီ။ စက်ရုပ်က ဧည့်သည်များကို ရေဘူးများဖြင့် ဧည့်ခံခြင်း၊ ကားထွက်မယ့် အချိန်များကို အသိပေးခြင်းတို့ကို ပြုလုပ်ပေးမှာပါ။ စက်ရုပ်က Crown Plaza Ana Narita Hotel မှာ တာဝန်ထမ်းဆောင်မှာပါ။ အဲဒီနောက်မှာ တိုကျိုရဲ့ အဓိက နိုင်ငံတကာ လေဆိပ်ဖြစ်တဲ့ နရီတာ လေဆိပ်မှာ တာဝန်ယူမှာပါ။ အဲဒီလေဆိပ်မှာ ၅ ရက်ကြာ ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။

စက်ရုပ်ကို လက်ရှိမှာ ဂျပန်ရဲ့ ဆေးရုံများစွာမှာ အသုံးပြုနေပြီး ဆေးဝါးများ၊ အစားအစာများကို သယ်ယူပို့ဆောင်ပေးနေပါတယ်။ စက်ရုပ်က လူထိန်းချုပ်စရာမလိုဘဲ အလိုအလျှောက် အလုပ်လုပ်နိုင်ပါတယ်။ အတားအဆီးများကို ရှောင်သွားနိုင်တဲ့ Sensors များလည်း စက်ရုပ်မှာ တပ်ဆင်ထားပါတယ်။ စက်ရုပ်မှာ စပီကာ တပ်ဆင်ထားပြီး အသိပေးကြေညာချက်များကို အသံထွက် ဖတ်ပြနိုင်ပါတယ်။

၅ ပေ အမြင့်ရှိပြီး လက်ရှိလုပ်နေတဲ့ အလုပ်အပေါ် မူတည်၍ Display ကနေ စာသားများ ပြသခြင်း၊ နှုတ်ဆက်ခြင်း၊ ပြုံးပြခြင်းများကို ပြုလုပ်နိုင်ပါတယ်။ Panasonic က အဲဒီစက်ရုပ်ကို ၂၀၀၄ ခုနှစ် ကတည်းက တီထွင်နေတာ ဖြစ်ပါတယ်။
ref : recode

You may be interested

မျက်နှာမှ သွေးကြောများကို အာရုံခံပြီး Unlock လုပ်နိုင်မယ့် iPhone 11
Apple, HUBS, Mobiles & Tablets
0 shares0 views

မျက်နှာမှ သွေးကြောများကို အာရုံခံပြီး Unlock လုပ်နိုင်မယ့် iPhone 11

Ko Thuya - Mar 21, 2019

Samsung Galaxy S10 ရဲ့ Face Unlock ကို ဓါတ်ပုံအတုများနဲ့ လှည့်စားလို့ရတယ်ဆိုတဲ့ သတင်းများ မကြာခင်က ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီအတွက် မျက်နှာအာရုံခံ စနစ်ဟာ ရာနှုန်းပြည့် မလုံခြုံပါဘူး။ အဲဒါကြောင့် သူ့ထက် လုံခြုံတဲ့ နည်းပညာတစ်ခုကို Apple က…

Samsung Galaxy A40 စမတ်ဖုန်း ထွက်ရှိ
Mobiles & Tablets, NEWS, Samsung
47 shares155 views

Samsung Galaxy A40 စမတ်ဖုန်း ထွက်ရှိ

Nigma - Mar 21, 2019

Galaxy A Series ဖုန်းအသစ် Galaxy A30 နဲ့ Galaxy A50 တို့ ပြည်တွင်းဈေးကွက်ကို ဝင်ရောက်လာချိန်မှာ နောက်ထပ် Galaxy A Series ဖုန်းအသစ်တမျိုးကို နယ်သာလန်နိုင်ငံမှာ ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ Galaxy A30 နဲ့…

Messenger မှာ မက်ဆေ့တခုကို ရွေးချယ် Reply ပြန်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာ
NEWS, Softwares & Application
73 shares216 views

Messenger မှာ မက်ဆေ့တခုကို ရွေးချယ် Reply ပြန်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာ

Nigma - Mar 21, 2019

Messenger မှာ အဓိက လိုအပ်နေတဲ့ လုပ်ဆောင်ချက်အသစ်တခု ပါဝင်လာပါတယ်။ Quoted replies ဆိုတဲ့ လုပ်ဆောင်ချက်ပါ။ မက်ဆေ့တခုကို ရွေးချယ်ပြီး Reply ပြန်ပြောနိုင်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ သူငယ်ချင်းတွေ အများကြီးနဲ့ Group Chat ပြောတဲ့အခါ တယောက်တပေါက်နဲ့ ပြန်ပြောရတာ အခက်တွေ့ကြမှာပါ။…

Leave a Comment

Most from this category