330 Shares 181 Views

သင့္ ဓါတ္ပံုအေဟာင္းမ်ားကို ဒစ္ဂ်စ္တယ္ ဓါတ္ပံု အျဖစ္ ေျပာင္းေပးမယ့္ Google PhotoScan

Aug 02, 2018
330 181

Physical Photo မ်ားဟာ ကာလၾကာလာတာနဲ႔ အမွ် ပ်က္ဆီး ေပ်ာက္ဆံုးတတ္တဲ့အတြက္ ဒစ္ဂ်စ္တယ္ ဓါတ္ပံုအျဖစ္ ေျပာင္းၿပီး သင့္ရဲ႕ စမတ္ဖုန္း၊ ကြန္ျပဴတာနဲ႔ Cloud မ်ားမွာ သိမ္းထားသင့္ပါတယ္။ ဒီလိုလုပ္ေပးႏုိင္တာက Google PhotoScan ျဖစ္ပါတယ္။ သူဟာ Google ရဲ႕ Scanner App အသစ္ျဖစ္ၿပီး သင့္ရဲ႕ ဖုန္းကင္မရာကေန Physical Photo မ်ားကို စကင္လုပ္ေပးႏုိင္ပါတယ္။ သမားရိုးက်အားျဖင့္ Physical Photo မ်ားကို ဓါတ္ပံုရိုက္ၿပီး ဖုန္းမွာ သိမ္းေလ့ရွိၾကပါတယ္။ အဲဒီနည္းလမ္းဟာ အရည္အေသြးျမင့္တဲ့ ဒစ္ဂ်စ္တယ္ ဓါတ္ပံုကို မရရွိႏုိင္ပါဘူး။ Google PhotoScan က အဆင့္ျမင့္ ဒစ္ဂ်စ္တယ္ စကင္နည္းပညာျဖင့္ အရည္အေသြးျမင့္ ဒစ္ဂ်စ္တယ္ ဓါတ္ပံုမ်ားကို ဖမ္းယူေပးႏုိင္ပါတယ္။ ပတ္၀န္းက်င္မွ အလင္းေရာင္မ်ား ေတာက္ပေနတဲ့ အေျခအေနမ်ိဳးမွာေတာင္ ေျပျပစ္ေခ်ာေမြ႔တဲ့ ဓါတ္ပံုမ်ားကို ဖမ္းယူေပးႏုိင္တဲ့ နည္းပညာ ပါပါတယ္။ ဓါတ္ပံုရဲ႕ အစြန္းမ်ားကို ခြဲျခမ္းစိတ္ျဖာႏုိင္ၿပီး အလိုအေလွ်ာက္ Crop လုပ္ေပးႏုိင္ပါတယ္။ ဓါတ္ပံုကို ေဇာက္ထိုး စကင္လုပ္ရင္ေတာင္ မ်က္ႏွာကို ခြဲျခမ္းစိတ္ျဖာႏုိင္တဲ့ နည္းပညာေၾကာင့္ ဖမ္းယူလိုက္တဲ့ ဓါတ္ပံုကို အလိုအေလွ်ာက္ Rotate လုပ္ေပးႏုိင္ပါတယ္။ စကင္လုပ္ထားတဲ့ ဓါတ္ပံုမ်ားကို ဖုန္းမွာ သိမ္းႏိုင္ပါတယ္။ Google Photo မွာလည္း သိမ္းႏုိင္တဲ့အတြက္ Cloud မွာ ေကာ္ပီပြားထားႏိိုင္ပါတယ္။ Google Photo မွာ ဓါတ္ပံုမ်ားကို Edit လုပ္ႏိုင္ၿပီး သူငယ္ခ်င္းမ်ားနဲ႔ မွ်ေ၀ႏုိင္ပါေသးတယ္။

Google PhotoScan ကို ပထမဆံုး အႀကိမ္ဖြင့္ရင္ အသံုးျပဳပံုကို ျပသမွာ ျဖစ္ပါတယ္။ ၿပီးရင္ေတာ့ ေအာက္ေျခမွ Start Scanning ကို ႏွိပ္ပါ။ စကင္ဖတ္ခ်င္တဲ့ ဓါတ္ပံုကို ကင္မရာနဲ႔ ေဘာင္ထဲ၀င္ေအာင္ ခ်ိန္ရြယ္ပါ။ ပတ္၀န္းက်င္မွ အလင္းစူးရွေနတာကို ဂရုစိုက္ဖို႔ မလိုပါဘူး။ Shutter Button ကို ႏွိပ္ပါ။

ေနာက္အဆင့္မွာ ဖုန္းကို ေရြ႕လ်ား၍ ေထာင့္ေလးေထာင့္မွ စက္လံုးမ်ားအား အလယ္မွ စက္၀ိုင္းကြင္းထဲသို႔ ေရာက္ေအာင္ ျပဳလုပ္ပါ။ မွ်ားထိုးျပသထားတဲ့ စက္လံုးထံ အရင္သြားပါ။

ေနာက္အဆင့္မွာလည္း မွ်ားထိုးျပသထားတဲ့ စက္လံုးထံသြားပါ။

စက္လံုးအားလံုးထံ သြားၿပီးရင္ေတာ့ ညာဘက္ေအာက္ေျခမွာ စကင္လုပ္ထားတဲ့ ဓါတ္ပံုကို ေတြ႔ရမွာပါ။

အဲဒါကို ႏွိပ္ရင္ စကင္လုပ္ထားတဲ့ ဓါတ္ပံုမ်ားကို ေတြ႔ရမွာ ျဖစ္ပါတယ္။ မႏွစ္သက္တဲ့ ဓါတ္ပံုမ်ားကို ဖ်က္ႏုိင္ပါတယ္။ စကင္လုပ္တဲ့ စကရင္မွာ Flash အဖြင့္၊ အပိတ္လုပ္ႏိုင္ပါတယ္။ Flash ကို ဖြင့္ၿပီး ၂ ႀကိမ္ေလာက္ စကင္လုပ္ပါ။ ၿပီးရင္ Flash ကုိ ပိတ္ၿပီး ၂ ႀကိမ္ေလာက္ စကင္လုပ္ပါ။ စာေရးသူအေတြ႕အႀကံဳအရ ၆ ႀကိမ္ေလာက္ စကင္လုပ္မွ ေကာင္းမြန္တဲ့ ရလဒ္ကို ရရွိတာ ျဖစ္ပါတယ္။

စကင္လုပ္ထားတဲ့ ဓါတ္ပံုမ်ားကို စမတ္ဖုန္းမွာ သိမ္းခ်င္ရင္ Save All ကို ႏွိပ္ပါ။ ေနာက္အဆင့္မွာ Save All ကို ထပ္ႏွိပ္ပါ။ ဒါဆိုရင္ ဓါတ္ပံုမ်ားကို စမတ္ဖုန္းမွာသာမက Google Photos မွာပါ သိမ္းေပးထားမွာ ျဖစ္ပါတယ္။

သင့္ဖုန္းမွာ Google Photos App ရွိရင္ Open Google Photos ခလုတ္ကို ႏွိပ္ပါ။ ဒါဆိုရင္ Google Photos App မွာ သင္စကင္ဖတ္ထားတဲ့ ဓါတ္ပံုမ်ားကို ေတြ႔ရမွာပါ။ အဲဒီကေန Edit လည္းလုပ္ႏုိင္ပါတယ္။ Open Google Photos ကို မႏွိပ္ဘဲ ေနာက္ထပ္ ဓါတ္ပံုမ်ား စကင္လုပ္ခ်င္ရင္ Scan More Photos ကို ႏွိပ္ပါ။

Google Photos မွာ သိမ္းရင္ အားသာတဲ့ အခ်က္မွာ သင့္ ဓါတ္ပံုမ်ားကို Cloud မွာသိမ္းေပးထားမွာ ျဖစ္ပါတယ္။ www.Photos.Google.com မွာ သင့္ရဲ႕ Google အေကာင့္နဲ႔ Login ၀င္ရင္ အဲဒီ ဓါတ္ပံုမ်ားကို ေတြ႔ရမွာ ျဖစ္ပါတယ္။

သူ႔ရဲ႕ ဖိုင္အရြယ္အစားဟာ 22MB ရွိၿပီး Android 5.0 နဲ႔ သူ႔အထက္မွာ အသံုးျပဳႏုိင္ပါတယ္။

Download

unicode

သင့် ဓါတ်ပုံအဟောင်းများကို ဒစ်ဂျစ်တယ် ဓါတ်ပုံ အဖြစ် ပြောင်းပေးမယ့် Google PhotoScan

Physical Photo များဟာ ကာလကြာလာတာနဲ့ အမျှ ပျက်ဆီး ပျောက်ဆုံးတတ်တဲ့အတွက် ဒစ်ဂျစ်တယ် ဓါတ်ပုံအဖြစ် ပြောင်းပြီး သင့်ရဲ့ စမတ်ဖုန်း၊ ကွန်ပြူတာနဲ့ Cloud များမှာ သိမ်းထားသင့်ပါတယ်။ ဒီလိုလုပ်ပေးနိုင်တာက Google PhotoScan ဖြစ်ပါတယ်။ သူဟာ Google ရဲ့ Scanner App အသစ်ဖြစ်ပြီး သင့်ရဲ့ ဖုန်းကင်မရာကနေ Physical Photo များကို စကင်လုပ်ပေးနိုင်ပါတယ်။ သမားရိုးကျအားဖြင့် Physical Photo များကို ဓါတ်ပုံရိုက်ပြီး ဖုန်းမှာ သိမ်းလေ့ရှိကြပါတယ်။ အဲဒီနည်းလမ်းဟာ အရည်အသွေးမြင့်တဲ့ ဒစ်ဂျစ်တယ် ဓါတ်ပုံကို မရရှိနိုင်ပါဘူး။ Google PhotoScan က အဆင့်မြင့် ဒစ်ဂျစ်တယ် စကင်နည်းပညာဖြင့် အရည်အသွေးမြင့် ဒစ်ဂျစ်တယ် ဓါတ်ပုံများကို ဖမ်းယူပေးနိုင်ပါတယ်။ ပတ်ဝန်းကျင်မှ အလင်းရောင်များ တောက်ပနေတဲ့ အခြေအနေမျိုးမှာတောင် ပြေပြစ်ချောမွေ့တဲ့ ဓါတ်ပုံများကို ဖမ်းယူပေးနိုင်တဲ့ နည်းပညာ ပါပါတယ်။ ဓါတ်ပုံရဲ့ အစွန်းများကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး အလိုအလျှောက် Crop လုပ်ပေးနိုင်ပါတယ်။ ဓါတ်ပုံကို ဇောက်ထိုး စကင်လုပ်ရင်တောင် မျက်နှာကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ နည်းပညာကြောင့် ဖမ်းယူလိုက်တဲ့ ဓါတ်ပုံကို အလိုအလျှောက် Rotate လုပ်ပေးနိုင်ပါတယ်။ စကင်လုပ်ထားတဲ့ ဓါတ်ပုံများကို ဖုန်းမှာ သိမ်းနိုင်ပါတယ်။ Google Photo မှာလည်း သိမ်းနိုင်တဲ့အတွက် Cloud မှာ ကော်ပီပွားထားနိုင်ပါတယ်။ Google Photo မှာ ဓါတ်ပုံများကို Edit လုပ်နိုင်ပြီး သူငယ်ချင်းများနဲ့ မျှဝေနိုင်ပါသေးတယ်။

Google PhotoScan ကို ပထမဆုံး အကြိမ်ဖွင့်ရင် အသုံးပြုပုံကို ပြသမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အောက်ခြေမှ Start Scanning ကို နှိပ်ပါ။ စကင်ဖတ်ချင်တဲ့ ဓါတ်ပုံကို ကင်မရာနဲ့ ဘောင်ထဲဝင်အောင် ချိန်ရွယ်ပါ။ ပတ်ဝန်းကျင်မှ အလင်းစူးရှနေတာကို ဂရုစိုက်ဖို့ မလိုပါဘူး။ Shutter Button ကို နှိပ်ပါ။

နောက်အဆင့်မှာ ဖုန်းကို ရွေ့လျား၍ ထောင့်လေးထောင့်မှ စက်လုံးများအား အလယ်မှ စက်ဝိုင်းကွင်းထဲသို့ ရောက်အောင် ပြုလုပ်ပါ။ မျှားထိုးပြသထားတဲ့ စက်လုံးထံ အရင်သွားပါ။

နောက်အဆင့်မှာလည်း မျှားထိုးပြသထားတဲ့ စက်လုံးထံသွားပါ။

စက်လုံးအားလုံးထံ သွားပြီးရင်တော့ ညာဘက်အောက်ခြေမှာ စကင်လုပ်ထားတဲ့ ဓါတ်ပုံကို တွေ့ရမှာပါ။

အဲဒါကို နှိပ်ရင် စကင်လုပ်ထားတဲ့ ဓါတ်ပုံများကို တွေ့ရမှာ ဖြစ်ပါတယ်။ မနှစ်သက်တဲ့ ဓါတ်ပုံများကို ဖျက်နိုင်ပါတယ်။ စကင်လုပ်တဲ့ စကရင်မှာ Flash အဖွင့်၊ အပိတ်လုပ်နိုင်ပါတယ်။ Flash ကို ဖွင့်ပြီး ၂ ကြိမ်လောက် စကင်လုပ်ပါ။ ပြီးရင် Flash ကို ပိတ်ပြီး ၂ ကြိမ်လောက် စကင်လုပ်ပါ။ စာရေးသူအတွေ့အကြုံအရ ၆ ကြိမ်လောက် စကင်လုပ်မှ ကောင်းမွန်တဲ့ ရလဒ်ကို ရရှိတာ ဖြစ်ပါတယ်။

စကင်လုပ်ထားတဲ့ ဓါတ်ပုံများကို စမတ်ဖုန်းမှာ သိမ်းချင်ရင် Save All ကို နှိပ်ပါ။ နောက်အဆင့်မှာ Save All ကို ထပ်နှိပ်ပါ။ ဒါဆိုရင် ဓါတ်ပုံများကို စမတ်ဖုန်းမှာသာမက Google Photos မှာပါ သိမ်းပေးထားမှာ ဖြစ်ပါတယ်။

သင့်ဖုန်းမှာ Google Photos App ရှိရင် Open Google Photos ခလုတ်ကို နှိပ်ပါ။ ဒါဆိုရင် Google Photos App မှာ သင်စကင်ဖတ်ထားတဲ့ ဓါတ်ပုံများကို တွေ့ရမှာပါ။ အဲဒီကနေ Edit လည်းလုပ်နိုင်ပါတယ်။ Open Google Photos ကို မနှိပ်ဘဲ နောက်ထပ် ဓါတ်ပုံများ စကင်လုပ်ချင်ရင် Scan More Photos ကို နှိပ်ပါ။

Google Photos မှာ သိမ်းရင် အားသာတဲ့ အချက်မှာ သင့် ဓါတ်ပုံများကို Cloud မှာသိမ်းပေးထားမှာ ဖြစ်ပါတယ်။ www.Photos.Google.com မှာ သင့်ရဲ့ Google အကောင့်နဲ့ Login ဝင်ရင် အဲဒီ ဓါတ်ပုံများကို တွေ့ရမှာ ဖြစ်ပါတယ်။

သူ့ရဲ့ ဖိုင်အရွယ်အစားဟာ 22MB ရှိပြီး Android 5.0 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

Download

You may be interested

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2
Android, FEATURES, Games
0 shares0 views

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2

Ko Thuya - Feb 23, 2019

Epic Skater 2 ဟာ စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ ဂိမ္း ျဖစ္ပါတယ္။ တီထြင္ ဖန္တီးမႈမ်ားဟာ အလြန္ေကာင္းပါတယ္။ စိတ္လႈပ္ရွားစြာ ကစားရမွာပါ။ ဒါေပမယ့္ ဂရပ္ဖစ္ အပိုင္းမွာ သူက အနည္းငယ္ အားနည္းပါတယ္။ သူဟာ အလြန္ေကာင္းမြန္ၿပီး အခမဲ့ ကစားႏုိင္တဲ့…

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ
FEATURES, HOW TO, Softwares & Application
94 shares16 views

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ

Ko Thuya - Feb 23, 2019

Browser Extensions ေတြဟာ အသံုး၀င္လွပါတယ္။ဒါေပမယ့္ Browser Extensions ေတြက သင့္ System ရဲ ့ Memory ကို အသံုးျပဳေနၾကပါတယ္။Browser Extensions အမ်ားအျပားအသံုးျပဳျခင္းဟာ သင့္ Browser ကို ေလးလံေစပါတယ္။ အဲဒီအတြက္ Memory အသံုးျပဳမွုမ်ားတဲ့…

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္
Android, HUBS, Mobiles & Tablets
466 shares79 views

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္

Ko Thuya - Feb 23, 2019

Redmi ရဲ႕ စီအီးအိုက Note 7 Pro ကို လာမယ့္တစ္ပတ္မွာ ေၾကညာမယ္လို႔ ၀ီဘိုကေန အတည္ျပဳလိုက္ပါတယ္။ သူ႔မွာ 48MP Camera ပါလာမွာ ျဖစ္ၿပီး Sony IMX586 ျဖစ္ပါတယ္။ မၾကာခင္ကလည္း Redmi India က…

Leave a Comment

Most from this category