1609 Shares 5871 Views

Fortnite Android နဲ႔ပတ္သတ္ျပီး သိသင့္သမွ်

Aug 02, 2018
1609 5871

[Zawgyi]

PC ေတြ Console နဲ႔ iOS gamer ေတြ အေဆာ့အမ်ားဆံုးဂိမ္းျဖစ္ေနေပမယ့္ Android သမားေတြအတြက္ သတင္းအစအနေတာင္သိပ္မၾကားခဲ့ရတဲ့ Fortnite က အခုေရာ ဘယ္လိုသတင္းေလးေတြထြက္လာေနျပီလဲ??

null

လက္ရိွအခ်ိန္ထိေတာ့ Android User ေတြအတြက္မထြက္ေသးေပမယ့္ မၾကာေတာ့တ့ဲအခ်ိန္ (ၾသဂုတ္၂၄)ေလာက္မွာ ထြက္လာႏုိင္ေခ်ရိွလို႔ သိပ္ေစာင့္ရေတာ့မယ္မထင္ပါဘူး။ ဒီေတာ့ မၾကာခင္ကုိယ့္ဖုန္း တက္ဘလက္ေတြမွာရေတာ့မယ့္ ဒီဂိမ္းနဲ႔ပတ္သတ္ျပီး  ဘာေတြသိထားသင့္လဲၾကည့္ရေအာင္..

Fortnite on Android ကဘာလဲ??

မိုဘိုင္းလ္ဗားရွင္းကလည္း PC ေတြ console ေတြမွာလိုပဲ လက္နက္ေတြလည္းအတူတူ၊ ေျမပံုတူတူနဲ႔ update schedule ေတြလည္း တူတူပဲလာမွာပါ။

Control ေတြကလည္း Touchscreen ကေနပဲထိန္းရံုပဲျဖစ္ျပီး ပစၥည္းေကာက္တာေတြ၊ တံခါးဖြင့္တာေတြအတြက္ေတာ့ ေအာ္တိုလုပ္ေပးေတာ့ေဆာ့ရပိုလြယ္ပါတယ္။ UI Element ကေတြကေတာ့ နည္းနည္းေလးကြဲျပားပါတယ္။ Extra building button ေတြေပၚလာတတ္တာေတြ on-screen ေျခရာေတြေရာ အနီးအနားဘယ္ကေနေသနတ္သံလာသလဲဆိုတာေျပာႏိုင္တဲ့ Gunshot indicator ေတြကလြဲရင္ က်န္တာက တူတူပါပဲ။

ထြက္ရိွမယ့္ရက္

Epic Games ကေတာ့ ထြက္မယ့္ရက္အတိအက်ကို ခုခ်ိန္ထိမေၾကညာေသးေပမယ့္ ဒီေႏြရာသီမွာထြက္မယ္လို႔မွန္းထားေၾကာင္းေတာ့ ေျပာထားပါတယ္။ သူ႔ရဲ႕ဝဘ္ဆုိဒ္မွာလည္း Android ဗားရွင္းကိုမၾကာခင္လအနည္းငယ္အတြင္းမွာထြက္မယ္လို႔ေျပာျပီးသားပါ။

ဒါေပမယ့္ အခု XDA Developer ေတြနဲ႔ 9to5Google ကေတာ့ Android ေတြအတြက္ Fortnite က ဒီလမကုန္ခင္ Samsung Galaxy Note 9 ေတြထြက္ျပီးတဲ့အခ်ိန္နဲ႔ကိုက္ျပီးထြက္လာမယ္လို႔ ဆိုထားပါတယ္။

Galaxy Note 9 ေတြကိုေတာ့ ၾသဂုတ္လ ၂၄ ရက္ေန႔မွာရႏုိင္မွာျဖစ္ျပီး Fortnite Android က Note 9 ေတြအတြက္ပဲ သီးသန္႔အေနနဲ႔ ရက္ ၃၀ ေလာက္အရင္ေစာရေနမွာျဖစ္ပါတယ္။ က်န္တဲ့ Android ဖုန္းေတြအတြက္ကေတာ့ စက္တင္ဘာ ၂၃ ေလာက္မွ ရမယ့္ပံုပါပဲ။

ဒါ့ျပင္ Note 9 ကိုဝယ္တာနဲ႔ ($150/AU$200 ေလာက္တန္တဲ့) free V-Buck ေတြအျပင္ Skin အသစ္ေတြနဲ႔ တျခားတျခားေသာ အရာေတြပါ ရဦးမွာျဖစ္ေၾကာင္း ဝဘ္ဆုိဒ္ေတြကေဖာ္ျပထားပါတယ္။

Fortnite ကို ဘယ္ Android ဖုန္းေတြမွာ ေဆာ့လို႔ရႏုိင္မလဲ??

Epic ကေတာ့ ႏႈတ္လံုစြာနဲ႔ဘာသတင္းအခ်က္အလက္မွမေပးေပမယ့္ XDA Developer ေတြကေတာ့ ဂိမ္းရဲ႕ဝဘ္ဆိုဒ္ Source code ေတြကိုရွာတဲ့အခါမွာ Fortnite ေဆာ့လို႔ရမယ့္ Android ဖုန္း အလံုး ၄၀ ေလာက္ကိုေတြ႔ပါတယ္။ ေအာက္မွာေဆာ့လို႔ရမယ့္ဖုန္းေတြရဲ႔စာရင္းကိုျပထားပါတယ္။

ဒါေပမယ့္ တစ္ခုရိွတာက ဂိမ္းထြက္လာတဲ့အခ်ိန္မွာေတာ့ ဒီဖုန္းေတြအျပင ္ေနာက္ထပ္ဖုန္းေတာ္ေတာ္မ်ားမ်ားကိုပါ ေထာက္ပံ့ေပးမွာပါပဲ။ ဒီထဲမွာဆို ပါသင့္တဲ့ Huawei P20 Pro, OnePlus 6, LG G7 ThinQ ေတြေတာင္မပါသလို ဘယ္တက္ဘလက္မွလည္း မပါေသးေတာ့ နည္းနည္းေတာ့ေစာင့္ၾကည့္ရမွာပါပဲ။

ဘယ္လို Install လုပ္မလဲ?

Fortnite ကေတာ့Google Play Store ေပၚတင္မွာမဟုတ္ပါဘူး။ Source code ေတြထဲမွာ “Download and install Fortnite through your browser” ဆိုတာအျပင္ “necessary to install any app outside of the Play Store” လို႔ပါတဲ့အတြက္ Play Store မွာမဟုတ္ဘဲ Epic ရဲ႕ကိုယ္ပိုင္ဝဘ္ဆိုဒ္မွာ browser ေရြးျပီးေတာ့ ေဒါင္းလုပ္ဆြဲရမယ္ထင္ပါတယ္။ ေအာက္မွာ Source code မွာေတြ႔ရတဲ့အတုိင္း SS ရိုက္ျပထားပါတယ္။

Fortnite က Play Store ေပၚမတင္ရတာဘာေၾကာင့္ျဖစ္မယ္ထင္ပါသလဲ? တကယ္ဆို Android user အမ်ားစုက သူတို႔လိုခ်င္တဲ့ App အမ်ားစုကို Play Store ကေန ယူၾကတာမ်ားေတာ့ Epic အေနနဲ႔ ေဆာ့ႏုိင္ေခ်ရိွတဲ့ Player အေရအတြက္ေတြ အနည္းနဲ့အမ်ားေတာ့ ေလွ်ာ့မွာေသခ်ာပါတယ္။ အရမ္းကိုေဆာ့ခ်င္ပါျပီဆိုတဲ့သူေတြအတြက္ေတာ့ အလုပ္နည္းနည္းပိုရႈပ္ခံရမယ့္ပံုပါပဲ။

Epic အေနနဲ႔ Play Store ေပၚမတင္ဘဲ ဝဘ္ဆုိဒ္ကေနတုိက္ရိုက္ေဒါင္းခိုင္းလုိက္တဲ့အတြက္ in-app purchase ေတြကို Google နဲ႔မွ်စရာမလိုေတာ့ပါဘူး။ Play Store ေပၚတင္လိုက္ရင္ေတာ့ Fortnite အေနနဲ႔ Google ကို 30% ေပးရမွာပါ။ iOS Fortnite တုန္းကေတာ့ ေဒါင္းလုပ္ဆြဲသူေပါင္း သန္း၁၀၀ ေက်ာ္သြားျပီး in-app purchase ကိုက ေဒၚလာသန္း ၁၆၀ ေက်ာ္တဲ့အတြက္ Play Store ေပၚမတင္တာက Epic အတြက္ အျမတ္ပိုက်န္ပါလိ့မ္မယ္။

Beta ဗားရွင္းထြက္မထြက္ကေတာ့ မေသခ်ာေသးပါဘူး။ Galaxy Note 9 ထြက္ျပီးအေျခအေနကုိေစာင့္ၾကည့္ရမွာပါပဲ။

Ref: TechRadar

[Unicode]

PC တွေ Console နဲ့ iOS gamer တွေ အဆော့အများဆုံးဂိမ်းဖြစ်နေပေမယ့် Android သမားတွေအတွက် သတင်းအစအနတောင်သိပ်မကြားခဲ့ရတဲ့ Fortnite က အခုရော ဘယ်လိုသတင်းလေးတွေထွက်လာနေပြီလဲ??

null

လက်ရှိအချိန်ထိတော့ Android User တွေအတွက်မထွက်သေးပေမယ့် မကြာတော့တဲ့အချိန် (သြဂုတ်၂၄)လောက်မှာ ထွက်လာနိုင်ချေရှိလို့ သိပ်စောင့်ရတော့မယ်မထင်ပါဘူး။ ဒီတော့ မကြာခင်ကိုယ့်ဖုန်း တက်ဘလက်တွေမှာရတော့မယ့် ဒီဂိမ်းနဲ့ပတ်သတ်ပြီး  ဘာတွေသိထားသင့်လဲကြည့်ရအောင်..

Fortnite on Android ကဘာလဲ??

မိုဘိုင်းလ်ဗားရှင်းကလည်း PC တွေ console တွေမှာလိုပဲ လက်နက်တွေလည်းအတူတူ၊ မြေပုံတူတူနဲ့ update schedule တွေလည်း တူတူပဲလာမှာပါ။

Control တွေကလည်း Touchscreen ကနေပဲထိန်းရုံပဲဖြစ်ပြီး ပစ္စည်းကောက်တာတွေ၊ တံခါးဖွင့်တာတွေအတွက်တော့ အော်တိုလုပ်ပေးတော့ဆော့ရပိုလွယ်ပါတယ်။ UI Element ကတွေကတော့ နည်းနည်းလေးကွဲပြားပါတယ်။ Extra building button တွေပေါ်လာတတ်တာတွေ on-screen ခြေရာတွေရော အနီးအနားဘယ်ကနေသေနတ်သံလာသလဲဆိုတာပြောနိုင်တဲ့ Gunshot indicator တွေကလွဲရင် ကျန်တာက တူတူပါပဲ။

ထွက်ရှိမယ့်ရက်

Epic Games ကတော့ ထွက်မယ့်ရက်အတိအကျကို ခုချိန်ထိမကြေညာသေးပေမယ့် ဒီနွေရာသီမှာထွက်မယ်လို့မှန်းထားကြောင်းတော့ ပြောထားပါတယ်။ သူ့ရဲ့ဝဘ်ဆိုဒ်မှာလည်း Android ဗားရှင်းကိုမကြာခင်လအနည်းငယ်အတွင်းမှာထွက်မယ်လို့ပြောပြီးသားပါ။

ဒါပေမယ့် အခု XDA Developer တွေနဲ့ 9to5Google ကတော့ Android တွေအတွက် Fortnite က ဒီလမကုန်ခင် Samsung Galaxy Note 9 တွေထွက်ပြီးတဲ့အချိန်နဲ့ကိုက်ပြီးထွက်လာမယ်လို့ ဆိုထားပါတယ်။

Galaxy Note 9 တွေကိုတော့ သြဂုတ်လ ၂၄ ရက်နေ့မှာရနိုင်မှာဖြစ်ပြီး Fortnite Android က Note 9 တွေအတွက်ပဲ သီးသန့်အနေနဲ့ ရက် ၃၀ လောက်အရင်စောရနေမှာဖြစ်ပါတယ်။ ကျန်တဲ့ Android ဖုန်းတွေအတွက်ကတော့ စက်တင်ဘာ ၂၃ လောက်မှ ရမယ့်ပုံပါပဲ။

ဒါ့ပြင် Note 9 ကိုဝယ်တာနဲ့ ($150/AU$200 လောက်တန်တဲ့) free V-Buck တွေအပြင် Skin အသစ်တွေနဲ့ တခြားတခြားသော အရာတွေပါ ရဦးမှာဖြစ်ကြောင်း ဝဘ်ဆိုဒ်တွေကဖော်ပြထားပါတယ်။

Fortnite ကို ဘယ် Android ဖုန်းတွေမှာ ဆော့လို့ရနိုင်မလဲ??

Epic ကတော့ နှုတ်လုံစွာနဲ့ဘာသတင်းအချက်အလက်မှမပေးပေမယ့် XDA Developer တွေကတော့ ဂိမ်းရဲ့ဝဘ်ဆိုဒ် Source code တွေကိုရှာတဲ့အခါမှာ Fortnite ဆော့လို့ရမယ့် Android ဖုန်း အလုံး ၄၀ လောက်ကိုတွေ့ပါတယ်။ အောက်မှာဆော့လို့ရမယ့်ဖုန်းတွေရဲ့စာရင်းကိုပြထားပါတယ်။

ဒါပေမယ့် တစ်ခုရှိတာက ဂိမ်းထွက်လာတဲ့အချိန်မှာတော့ ဒီဖုန်းတွေအပြင ်နောက်ထပ်ဖုန်းတော်တော်များများကိုပါ ထောက်ပံ့ပေးမှာပါပဲ။ ဒီထဲမှာဆို ပါသင့်တဲ့ Huawei P20 Pro, OnePlus 6, LG G7 ThinQ တွေတောင်မပါသလို ဘယ်တက်ဘလက်မှလည်း မပါသေးတော့ နည်းနည်းတော့စောင့်ကြည့်ရမှာပါပဲ။

ဘယ်လို Install လုပ်မလဲ?

Fortnite ကတော့Google Play Store ပေါ်တင်မှာမဟုတ်ပါဘူး။ Source code တွေထဲမှာ “Download and install Fortnite through your browser” ဆိုတာအပြင် “necessary to install any app outside of the Play Store” လို့ပါတဲ့အတွက် Play Store မှာမဟုတ်ဘဲ Epic ရဲ့ကိုယ်ပိုင်ဝဘ်ဆိုဒ်မှာ browser ရွေးပြီးတော့ ဒေါင်းလုပ်ဆွဲရမယ်ထင်ပါတယ်။ အောက်မှာ Source code မှာတွေ့ရတဲ့အတိုင်း SS ရိုက်ပြထားပါတယ်။

Fortnite က Play Store ပေါ်မတင်ရတာဘာကြောင့်ဖြစ်မယ်ထင်ပါသလဲ? တကယ်ဆို Android user အများစုက သူတို့လိုချင်တဲ့ App အများစုကို Play Store ကနေ ယူကြတာများတော့ Epic အနေနဲ့ ဆော့နိုင်ချေရှိတဲ့ Player အရေအတွက်တွေ အနည်းနဲ့အများတော့ လျှော့မှာသေချာပါတယ်။ အရမ်းကိုဆော့ချင်ပါပြီဆိုတဲ့သူတွေအတွက်တော့ အလုပ်နည်းနည်းပိုရှုပ်ခံရမယ့်ပုံပါပဲ။

Epic အနေနဲ့ Play Store ပေါ်မတင်ဘဲ ဝဘ်ဆိုဒ်ကနေတိုက်ရိုက်ဒေါင်းခိုင်းလိုက်တဲ့အတွက် in-app purchase တွေကို Google နဲ့မျှစရာမလိုတော့ပါဘူး။ Play Store ပေါ်တင်လိုက်ရင်တော့ Fortnite အနေနဲ့ Google ကို 30% ပေးရမှာပါ။ iOS Fortnite တုန်းကတော့ ဒေါင်းလုပ်ဆွဲသူပေါင်း သန်း၁၀၀ ကျော်သွားပြီး in-app purchase ကိုက ဒေါ်လာသန်း ၁၆၀ ကျော်တဲ့အတွက် Play Store ပေါ်မတင်တာက Epic အတွက် အမြတ်ပိုကျန်ပါလိ့မ်မယ်။

Beta ဗားရှင်းထွက်မထွက်ကတော့ မသေချာသေးပါဘူး။ Galaxy Note 9 ထွက်ပြီးအခြေအနေကိုစောင့်ကြည့်ရမှာပါပဲ။

Ref: TechRadar

You may be interested

Apple က လာမယ့္လမ်ားအတြင္းမွာ MacBook Air အသစ္ကို ေၾကညာႏုိင္
Apple, HUBS, NEWS
100 shares11 views

Apple က လာမယ့္လမ်ားအတြင္းမွာ MacBook Air အသစ္ကို ေၾကညာႏုိင္

Ko Thuya - Aug 19, 2018

ထို္င္၀မ္က ထြက္လာတဲ့ သတင္းမ်ားအရ Apple ဟာ စက္တင္ဘာလနဲ႔ ေအာက္တိုဘာလမ်ားအတြင္းမွာ MacBook Air အသစ္ကို ေၾကညာမယ္လို႔ သိရပါတယ္။ ထိုင္၀မ္ သုေတသန အဖြဲ႕အစည္း TrendForce က ဒီသတင္းကို ေဖာ္ျပထားတာ ျဖစ္ပါတယ္။ အဲဒီ အခ်ိန္ဇယားဟာ iPhone…

ဒီတစ္ပတ္ Game for You က႑အတြက္ ေရြးေပးခ်င္တဲ့ Epic Skater 2
FEATURES, Games
0 shares0 views

ဒီတစ္ပတ္ Game for You က႑အတြက္ ေရြးေပးခ်င္တဲ့ Epic Skater 2

Ko Thuya - Aug 19, 2018

Epic Skater 2 ဟာ အသစ္ထြက္ရွိလာတဲ့ စကိတ္စီးတဲ့ ဂိမ္း ျဖစ္ပါတယ္။ တီထြင္ ဖန္တီးမႈမ်ားဟာ အလြန္ေကာင္းပါတယ္။ စိတ္လႈပ္ရွားစြာ ကစားရမွာပါ။ ဒါေပမယ့္ ဂရပ္ဖစ္ အပိုင္းမွာ သူက အနည္းငယ္ အားနည္းပါတယ္။ သူဟာ အလြန္ေကာင္းမြန္ၿပီး အခမဲ့ ကစားႏုိင္တဲ့…

ဒီတစ္ပတ္အတြက္ ေရြးေပးခ်င္တဲ့ Gadgets မ်ား
FEATURES, gadgets
94 shares14 views

ဒီတစ္ပတ္အတြက္ ေရြးေပးခ်င္တဲ့ Gadgets မ်ား

Ko Thuya - Aug 19, 2018

လူေတြရဲ႕ ေန႔စဥ္ လူေနမႈဘ၀ကို အေထာက္အကူ ျပဳေပးတဲ့ Gadgets မ်ားစြာ ဒီေန႔ေခတ္မွာ ေပၚထြက္လာၾကပါၿပီ။ Gadgets for this week က႑မွာ ဒီတစ္ပတ္အတြက္ အေကာင္းဆံုး Gadgets မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ TechDen™ – Screen Time…

Leave a Comment

Most from this category