Laptop မွာ ေနာက္ထပ္ Screen တစ္ခုအေနနဲ႔ ခ်ဲ႕သံုးလို႔ရမယ့္ DUO (screen extender)
[Zawgyi]
လပ္ေတာ့ပ္တစ္လံုးနဲ႔အလုပ္လုပ္ေနတဲ့သူတစ္ေယာက္ဆိုရင္ေတာ့ စိတ္ဝင္စားစရာေလးေပၚလာပါျပီ။ PC ေမာ္နီတာနဲ႔သံုးျပီးမွ လပ္ေတာ့ပ္ကိုေျပာင္းသံုးတဲ့အခါမွာ ကြ်န္ေတာ့္လို အားမလုိအားမရျဖစ္တတ္တဲ့သူေတြနဲ႔ေတာ့ အကိုက္ျဖစ္မယ္ထင္ပါတယ္။ သူကေတာ့ ကိုယ့္ရဲ႔အလုပ္လုပ္ႏုိင္မႈပမာဏကို ၅၀% ေလာက္တိုးျမွင့္ေပးမယ့္ multitasking အတြက္အဆင္ေျပတဲ့ ပါးလႊာေပါ့ပါးတဲ့ DUO Laptop screen Extender ေလးပါပဲ။
ဘယ္လပ္ေတာ့ပ္မဆို ေနာက္ေက်ာမွာ DUO ေလးကို တြဲလိုက္တာနဲ႔သံုးလို႔ရျပီး သြားေလရာသယ္သြားႏုိင္တာက အဆင္ေျပေစတဲ့တစ္ခ်က္ပါ။ အသံုးျပဳပံုကေတာ့
၁. သံလိုက္ကပ္ခြာေလးကို ကြန္ပ်ဴတာေပၚကပ္လိုက္ပါ။
၂. အဲဒီသံလိုက္ကပ္ခြာေပၚ DUO ေလးကိုထားလိုက္ပါ။
၃. USB ၾကိဳးတပ္ပါ။
၄. DUO ရဲ႕ Screen ကိုဆြဲထုတ္ပါ။
၅. ဘယ္ဘက္ ညာဘက္ ၾကိဳက္တဲ့ဘက္ကို ဆြဲထုတ္သံုးလို႔ရပါတယ္။
၆. Information Share ခ်င္တဲ့အခါ DUO ရဲ႕ ေက်ာဘက္ကို လပ္ေတာ့ပ္နဲ႔ကပ္ထားလိုက္ပါ။ ေက်ာခ်င္းကပ္အေနအထားနဲ႔ဆို ၂ေယာက္လံုးၾကည့္လို႔ရပါျပီ။
Resolution အတြက္စိတ္ပူေနရင္ေတာ့ သူ႔မွာ 1080p high-resolution display ကိုသံုးထားတဲ့အတြက္ မၾကည္မလင္ျဖစ္မွာေတြစိုးရိမ္စရာမလိုေလာက္ပါဘူး။ USB ၾကိဳးတပ္လိုက္ရံုနဲ႔ ဘယ္လပ္ေတာ့ပ္နဲ႔မဆုိခ်ိတ္ႏုိင္ျပီး 12.5-inch ဆိုဒ္ျဖစ္လို႔ အဆင္ေျပေလာက္တဲ့ ဆုိဒ္မ်ိဳးပါပဲ။ သူ႔ရဲ႕ Specs ေလးေတြကို ေအာက္မွာတစ္ခ်က္ၾကည့္လိုက္ရေအာင္.. (ေအာက္ဆံးမွာ ဗီဒီယိုေလးျပထားပါတယ္ 😉
ေစ်းႏႈန္းေလးကေတာ့ Indiegogo မွာဆို $199 ပဲရိွပါတယ္။ Pre-orderမွာလို႔ရႏုိင္ျပီျဖစ္ျပီး မတ္လ ၂၀၁၉ မွပဲ ေရာက္ရိွလာမွာျဖစ္ပါတယ္။
Ref: KICKSTARTER/ DigitalTrends
[Unicode]
လပ်တော့ပ်တစ်လုံးနဲ့အလုပ်လုပ်နေတဲ့သူတစ်ယောက်ဆိုရင်တော့ စိတ်ဝင်စားစရာလေးပေါ်လာပါပြီ။ PC မော်နီတာနဲ့သုံးပြီးမှ လပ်တော့ပ်ကိုပြောင်းသုံးတဲ့အခါမှာ ကျွန်တော့်လို အားမလိုအားမရဖြစ်တတ်တဲ့သူတွေနဲ့တော့ အကိုက်ဖြစ်မယ်ထင်ပါတယ်။ သူကတော့ ကိုယ့်ရဲ့အလုပ်လုပ်နိုင်မှုပမာဏကို ၅၀% လောက်တိုးမြှင့်ပေးမယ့် multitasking အတွက်အဆင်ပြေတဲ့ ပါးလွှာပေါ့ပါးတဲ့ DUO Laptop screen Extender လေးပါပဲ။
ဘယ်လပ်တော့ပ်မဆို နောက်ကျောမှာ DUO လေးကို တွဲလိုက်တာနဲ့သုံးလို့ရပြီး သွားလေရာသယ်သွားနိုင်တာက အဆင်ပြေစေတဲ့တစ်ချက်ပါ။ အသုံးပြုပုံကတော့
၁. သံလိုက်ကပ်ခွာလေးကို ကွန်ပျူတာပေါ်ကပ်လိုက်ပါ။
၂. အဲဒီသံလိုက်ကပ်ခွာပေါ် DUO လေးကိုထားလိုက်ပါ။
၃. USB ကြိုးတပ်ပါ။
၄. DUO ရဲ့ Screen ကိုဆွဲထုတ်ပါ။
၅. ဘယ်ဘက် ညာဘက် ကြိုက်တဲ့ဘက်ကို ဆွဲထုတ်သုံးလို့ရပါတယ်။
၆. Information Share ချင်တဲ့အခါ DUO ရဲ့ ကျောဘက်ကို လပ်တော့ပ်နဲ့ကပ်ထားလိုက်ပါ။ ကျောချင်းကပ်အနေအထားနဲ့ဆို ၂ယောက်လုံးကြည့်လို့ရပါပြီ။
Resolution အတွက်စိတ်ပူနေရင်တော့ သူ့မှာ 1080p high-resolution display ကိုသုံးထားတဲ့အတွက် မကြည်မလင်ဖြစ်မှာတွေစိုးရိမ်စရာမလိုလောက်ပါဘူး။ USB ကြိုးတပ်လိုက်ရုံနဲ့ ဘယ်လပ်တော့ပ်နဲ့မဆိုချိတ်နိုင်ပြီး 12.5-inch ဆိုဒ်ဖြစ်လို့ အဆင်ပြေလောက်တဲ့ ဆိုဒ်မျိုးပါပဲ။ သူ့ရဲ့ Specs လေးတွေကို အောက်မှာတစ်ချက်ကြည့်လိုက်ရအောင်.. (အောက်ဆံးမှာ ဗီဒီယိုလေးပြထားပါတယ် 😉
ဈေးနှုန်းလေးကတော့ Indiegogo မှာဆို $199 ပဲရှိပါတယ်။ Pre-orderမှာလို့ရနိုင်ပြီဖြစ်ပြီး မတ်လ ၂၀၁၉ မှပဲ ရောက်ရှိလာမှာဖြစ်ပါတယ်။
Ref: KICKSTARTER/ DigitalTrends
You may be interested

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Ko Thuya - Feb 17, 2019ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ 11/2/2019 48MP Camera ပါလာမယ့္ Vivo V15 Pro AR Navigation Feature ကို Google Maps မွာ စမ္းသပ္ေန 12/2/2019 ဆိုက္ဘာ လံုျခံဳေရး အတြက္…

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္
Ko Thuya - Feb 17, 2019နာမည္ေက်ာ္ Leaker တစ္ဦး ျဖစ္တဲ့ Evan Blass က LG ရဲ႕ 5G Phone ျဖစ္တဲ့ V50 ThinQ ကို မွ်ေ၀လိုက္ပါတယ္။ ဓါတ္ပံုမွ ဖုန္းပံုတြင္ ၂၄ ရက္ကို ျပသထားတာကို ျမင္ရတဲ့ အတြက္…

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro
Ko Thuya - Feb 17, 2019Huawei က မတ္လကုန္မွာ P30 Series မ်ားကို ျပင္သစ္ႏိုင္ငံ ပဲရစ္တြင္ ေၾကညာမယ္လို႔ ေျပာထားပါတယ္။ Huawei P20 ကိုလည္း ၿပီးခဲ့တဲ့ ႏွစ္ မတ္လကုန္မွာ ပဲရစ္တြင္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ P30 နဲ႔ P30…
Most from this category

Xiaomi Mi 9 ရဲ႕ ေစ်းႏႈန္းေတြ ထြက္ေပၚလာ
Ko Thuya - Feb 16, 2019
Leave a Comment
You must be logged in to post a comment.