378 Shares 196 Views


Aug 02, 2018
378 196





Ref : gsmarena

unicode

iPad လို Landscape UI ပါလာမယ့် iPhone X Plus

စက်တင်ဘာလမှာ မိတ်ဆက်မယ့် အိုင်ဖုန်း သုံးလုံးထဲမှာ အရွယ်အစား အကြီးဆုံးနဲ့ စွမ်းရည် အမြင့်ဆုံး ဖြစ်တဲ့ iPhone X Plus ရဲ့ သတင်းအချက်အလက်များ ထပ်မံထွက်ပေါ်လာပါတယ်။ Apple က သူ့ရဲ့ User Interface အတွက် အထူး ဖန်တီးပေးထားမှာပါ။

နောက်ဆုံးထုတ် iOS 12 Beta Version မှ ကုဒ်များအရ ၆.၅ လက်မ အရွယ် iPhone X Plus မှာ အိုင်ပတ်လို UI ကို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ iPhone X Plus မှာ Landscape Mode ပါလာမှာပါ။ ၅.၈ လက်မ iPhone X မှာ အိုင်ပတ်လို Landscape Mode ကို မထောက်ပံ့ပါဘူး။ App အနည်းငယ်မှာသာ အဲဒီ မုဒ်ကို သုံးနိုင်ပါတယ်။

iPhone X Plus မှာ 1242×2688 Pixels Resolution ရှိမယ်လို့ iOS 12 Beta မှာ တွေ့ရပါတယ်။ Calendar, Contacts နဲ့ Messages များ အပါအဝင် Resolution အသစ်ကို ထောက်ပံ့တဲ့ App များပါလာပါတယ်။ App များကို Landscape Mode နဲ့ သုံးနိုင်မှာပါ။

ဒါ့အပြင် iOS 12 Beta မှ သတင်းအချက်အလက်များ အရ iPhone X Plus မှာ Dual-SIM ပါလာမှာပါ။ ကာလရှည်ကြာ သတင်းထွက်နေတဲ့ AirPods အတွက် ကြိုးမဲ့အားသွင်း Case ရဲ့ ဓါတ်ပုံများလည်း ပါလာနိုင်ပါတယ်။ HomePod Smart Speaker မှာ ဖုန်းခေါ်ဆိုတဲ့ စွမ်းရည်ပါလာမှာပါ။ စက်တင်ဘာလမှာ အိုင်ဖုန်း အသစ်များနဲ့အတူ iPad Pro အသစ်နှစ်လုံးကိုပါ ကြေညာနိုင်ပါတယ်။

Ref : gsmarena

You may be interested

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ
Android, Huawei, HUBS
0 shares0 views

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ

Ko Thuya - Sep 25, 2018

Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အပြာ၊ အနက်နဲ့ မိုးပြာရောင်များ ဖြစ်ပါတယ်။ စွဲဆောင်မှု အကောင်းဆုံးက Twilight အမည်ရ မိုးပြာရောင် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ လက IFA ပွဲမှာ ကြေညာခဲ့တဲ့…

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max
Apple, HUBS, Mobiles & Tablets
261 shares64 views

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max

Ko Thuya - Sep 25, 2018

Apple ကတော့ iPhone XS နဲ့ XS Max မှာ သုံးထားတဲ့ ဖန်သားဟာ အလွန် မာကျောကြံ့ခိုင်တယ်လို့ ကြေညာထားပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းများရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပါတယ်။ Drop Test မှာ…

iPhone XS နဲ့ iPhone XS Max တို့အတွက် Tips & Tricks များ (အပိုင်း ၂)
Apple, FEATURES, HOW TO
151 shares55 views

iPhone XS နဲ့ iPhone XS Max တို့အတွက် Tips & Tricks များ (အပိုင်း ၂)

Ko Thuya - Sep 24, 2018

iPhone XS နဲ့ iPhone XS Max တို့မှာ ယခင်နှစ် iPhone X ထက် ပြောင်းလဲတိုးတက်လာမှုများ ပါဝင်လာပါတယ်။ ပြောင်းလဲသွားတဲ့ Tips & Tricks များလည်း ပါလာပါတယ်။ အိုင်ဖုန်း အဟောင်း ကိုင်ထားသူများအတွက်လည်း နည်းလမ်းအချို့ဟာ…

Leave a Comment

Most from this category