0 Shares 398 Views
DeX , S Pen ပါလာတဲ့ Samsung Galaxy Tab S4 10.5
Aug 02, 2018
0 398
Ref : gsmarena
unicode
DeX , S Pen ပါလာတဲ့ Samsung Galaxy Tab S4 10.5
Samsung က Galaxy Tab S4 10.5 ကို ကြေညာလိုက်ပါတယ်။ သူ့ကို ပီစီလို အသုံးပြုနိုင်မယ့် DeX လည်း ပါလာပါတယ်။ သူ့မှာ ၁၀.၅ လက်မ Super AMOLED Screen နဲ့ Snapdragon 835 Chipset ထည့်သွင်းထားပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ 2560x1600p ဖြစ်ပါတယ်။ ရုပ်ရှင်များ ကြည့်ဖို့ အလွန် ကောင်းပါတယ်။ Quad Speakers များကလည်း အရည်အသွေး မြင့်မားတဲ့ အသံများကို ထုတ်လုပ်ပေးပါတယ်။ AKG က စပီကာများကိုဖန်တီးပေးထားပြီး Dolby Atmos နည်းပညာ ပါပါတယ်။
တက်ဘလက်မှာ S Pen လည်း ထည့်သွင်းထားပါတယ်။ 4GB RAM ပါပါတယ်။ Microsoft Word , Excel , PowerPoint များကို ပီစီ ဗားရှင်း အတိုင်း အသုံးပြုနိုင်ပါတယ်။ Book Cover Keyboard နဲ့ ချိတ်ဆက်ပြီး လက်ပ်တော့လို အသုံးပြုနိုင်ပါတယ်။ Android 8.1 Oreo မောင်းနှင်ထားပါတယ်။ 7300mAh Battery ထည့်သွင်းထားပါတယ်။ 15W Fast Charger ပါလာပါတယ်။ ဗီဒီယိုများကြည့်ရင် ၁၆ နာရီ အသုံးခံပါတယ်။
LTE Model နဲ့ WiFi Model များ ထုတ်လုပ်ပေးထားပါတယ်။ Samsung Flow က WiFi Tethering ကို ထောက်ပံ့ပေးပြီး သင့် ဖုန်းမှ Notifications များကို တက်ဘလက်မှာ ပြသပေးပါတယ်။ အမေရိကန်မှာ Best Buy ကနေ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး 64GB WiFi Model ကို ၆၅၀ ဒေါ်လာနဲ့ 256GB ကို ၇၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ LTE Model ကို ဥရောပမှာ ၇၆၀ ယူရိုနဲ့ ကီးဘုတ်ကို ၁၅၀ ယူရို သတ်မှတ်ထားပါတယ်။
Ref : gsmarena
You may be interested
Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views
Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Ko Thuya - Apr 21, 2019
Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…
EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views
EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Ko Thuya - Apr 21, 2019
Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…
F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views
F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Ko Thuya - Apr 21, 2019
မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…
Leave a Comment
Most from this category