2773 Shares 8791 Views


Aug 02, 2018
2773 8791




Ref : tnw

unicode

Apple ထက် ဖုန်း ရောင်းအား ကောင်းသွားတဲ့ Huawei

ဈေးကွက် သုတေသန အဖွဲ့အစည်း IDC ရဲ့ စစ်တမ်းအရ Huawei ဟာ Apple ရဲ့ ကမ္ဘာ့ ဒုတိယ ဖုန်း ရောင်းအား အကောင်းဆုံး နေရာကို လုယူလိုက်ပါတယ်။ ယခုနှစ် ဒုတိယကွာတား ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်းမှာ ဟွာဝေးဟာ ဖုန်း အလုံးရေ ၅၄.၂ သန်း ရောင်းချခဲ့ရပါတယ်။ သူဟာ တရုတ်မှာလည်း ရောင်းအား အကောင်းဆုံး ဖြစ်နေပြီး ဈေးကွက်ဝေစု ၂၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ P20 Series များဟာ အဓိက ရောင်းကောင်းခဲ့ပါတယ်။ P20 Series ထဲမှ နှစ်လုံးဟာ DxoMark ရဲ့ ကင်မရာ အကောင်းဆုံး ဖုန်း စာရင်းမှာ ပထမနဲ့ တတိယနေရာများကို ရယူထားပါတယ်။ စာရင်းမှာ iPhone X က နံပါတ် ၇ နေရာမှာသာ ရှိပါတယ်။

ဟွာဝေးရဲ့ စွမ်းရည်သင့် ဖုန်းများ ဖြစ်တဲ့ Honor Phone များဟာလည်း နိုင်ငံအတော်များများမှာ ရောင်းအား ကောင်းခဲ့ပါတယ်။ Apple ဟာ ကမ္ဘာ့ ဖုန်း ရောင်းအား အကောင်းဆုံး စာရင်းမှာ ဒုတိယနေရာကို သိမ်းပိုက်ထားတာ ၈ နှစ်ရှိပါပြီ။ အတိအကျပြောရရင် ၂၀၁၀ ခုနှစ်ရဲ့ ဒုတိယ ကွာတား ကတည်းက ဖြစ်ပါတယ်။

Samsung ကတော့ ကမ္ဘာ့ ရောင်းအား အကောင်းဆုံး စာရင်းမှာ နံပါတ် ၁ နေရာကို သိမ်းပိုက်ထားပြီး ဈေးကွက်ဝေစု ၂၀.၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ ယခုနှစ် ဒုတိယ ကွာတားမှာ အလုံးရေ ၇၁.၅ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ ယခင်နှစ်ကထက်တော့ ၁၀.၄ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

Ref : tnw

You may be interested

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
FEATURES, gadgets, Life Style
0 shares0 views

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ

Ko Thuya - Feb 17, 2019

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများကို ဖော်ပြပေးလိုက်ပါတယ်။ 11/2/2019 48MP Camera ပါလာမယ့် Vivo V15 Pro AR Navigation Feature ကို Google Maps မှာ စမ်းသပ်နေ 12/2/2019 ဆိုက်ဘာ လုံခြုံရေး အတွက်…

LG က ၂၄ ရက်နေ့မှာ 5G Phone ကို ကြေညာမည်
Android, HUBS, LG
88 shares12 views

LG က ၂၄ ရက်နေ့မှာ 5G Phone ကို ကြေညာမည်

Ko Thuya - Feb 17, 2019

နာမည်ကျော် Leaker တစ်ဦး ဖြစ်တဲ့ Evan Blass က LG ရဲ့ 5G Phone ဖြစ်တဲ့ V50 ThinQ ကို မျှဝေလိုက်ပါတယ်။ ဓါတ်ပုံမှ ဖုန်းပုံတွင် ၂၄ ရက်ကို ပြသထားတာကို မြင်ရတဲ့ အတွက်…

FullHD Display နဲ့ Android 9.0 Pie ပါလာမယ့် Huawei P30 နဲ့ P30 Pro
Android, Huawei, HUBS
136 shares27 views

FullHD Display နဲ့ Android 9.0 Pie ပါလာမယ့် Huawei P30 နဲ့ P30 Pro

Ko Thuya - Feb 17, 2019

Huawei က မတ်လကုန်မှာ P30 Series များကို ပြင်သစ်နိုင်ငံ ပဲရစ်တွင် ကြေညာမယ်လို့ ပြောထားပါတယ်။ Huawei P20 ကိုလည်း ပြီးခဲ့တဲ့ နှစ် မတ်လကုန်မှာ ပဲရစ်တွင် ကြေညာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ P30 နဲ့ P30…

Leave a Comment

Most from this category