0 Shares 49 Views

ခ်ိဳ႕တဲ့လူငယ္မ်ား ICT နည္းပညာေလ့လာခြင့္ရရန္ Samsung Myanmar ႏွင့္ ျမန္မာမိုဘုိင္းလ္ပညာသင္ၾကားေရး (myME) တို႔လက္တြဲခဲ့

Aug 01, 2018
0 49
[Zawgyi]
ျမန္မာႏိုင္ငံတြင္ လူငယ္ႏွင့္ပညာေရး လူမႈအက်ိဳးျပဳမႈပိုင္းဆိုင္ရာလုပ္ငန္းမ်ား တက္ၾကြစြာေဆာင္ရြက္လုပ္ကိုင္လ်က္ရွိသည့္ Samsung သည္ လက္ဖက္ရည္ဆိုင္မ်ားတြင္ အလုပ္လုပ္ကိုင္လ်က္ရွိေသာ လူငယ္မ်ားအား ပညာသင္ၾကားေပးေနသည့္ NGO တစ္ခုျဖစ္သည့္ Myanmar Mobile Education Project (myME) ႏွင့္ လက္တြဲလာခဲ့သည္မွာ ေလးႏွစ္တိုင္ခဲ့ၿပီျဖစ္သည္။
Samsung Myanmar သည္ သံုးႏွစ္ဆက္တိုက္ ေက်ာင္းျပင္ပေရာက္ လူငယ္မ်ား ပညာသင္ၾကားေရးအတြက္ ေရြ႕လ်ားစာသင္ခန္းကားမ်ားႏွင့္ သင္ေထာက္ကူပစၥည္းမ်ား ပံ့ပိုးေပးခဲ့ျပီး ယခုေလးႏွစ္ေျမာက္အေနႏွင့္ ကြန္ျပဴတာႏွင့္ နည္းပညာဆိုင္ရာ ပညာရပ္မ်ား သင္ၾကားေရးအတြက္ သင္ၾကားမႈ အေထာက္အကူျပဳပစၥည္းမ်ားကို ယခင္လွဴဒါန္းထားေသာ ဘတ္စ္ကားတစ္စီးတြင္ ထပ္မံျဖည့္သြင္းပံ့ပိုးလိုက္ေၾကာင္း ယေန႔ သတင္းထုတ္ျပန္လိုက္သည္။
၂၀၁၅ ခုႏွစ္တြင္လႈဒါန္းခဲ့သည့္ ဘတ္စ္ကားအား ရန္ကုန္ၿမိဳ႕အတြင္း ေက်ာင္းျပင္ပေရာက္ သင္ခန္းစာမ်ားသင္ၾကားမႈကို အားျဖည့္ရာတြင္ အသံုးျပဳလ်က္ရွိၿပီး ၂၀၁၆ ခုႏွစ္တြင္ လွဴဒါန္းခဲ့ေသာဘတ္စ္ကားအား မႏၱေလးၿမိဳ႕ရွိ လူငယ္မ်ားအား စာသင္ၾကားရန္ အသံုးျပဳခဲ့သည္။ ၂၀၁၇ ခုႏွစ္တြင္ လွဴဒါန္းခဲ့သည့္ ဘတ္စ္ကားအား ရန္ကုန္ၿမိဳ႕အတြင္း ေက်ာင္းျပင္ပေရာက္ သင္ခန္းစာမ်ားသင္ၾကားရန္သာမက အသက္ေမြး၀မ္းေၾကာင္းဆိုင္ရာ သင္တန္းမ်ား သင္ၾကားပို႔ခ်ေပးအပ္ရန္အတြက္ အသံုးျပဳေနဆဲျဖစ္သည္။
“လက္ဖက္ရည္ဆိုင္ေတြမွာ အလုပ္လုပ္ေနတဲ့ လူငယ္ေတြအတြက္ ပိုမိုေကာင္းမြန္တဲ့ အနာဂတ္ေတြ ပံုေဖာ္ႏိုင္ေအာင္ ပံ့ပိုးေပးေနတဲ့ myME နဲ႔ အတူ  လက္တြဲလာတာ အခုဆိုရင္ ေလးႏွစ္တိုင္ခဲ့ၿပီျဖစ္ပါတယ္။ လိုအပ္ေနတဲ့ လူမွႈ၀န္းက်င္နဲ႔ ေနရာေဒသေတြကို အျမဲကူညီဖို႔ အသင့္ျဖစ္ေနတဲ့ ႏိုင္ငံတကာ အမွတ္တံဆိပ္တစ္ခု ျဖစ္တာနဲ႔အညီ ကမာၻတစ္လႊားမွာရွိတဲ့ လူ႔ပတ္၀န္းက်င္ အသိုင္းအ၀ို္င္းကို ပိုမိုေကာင္းမြန္တဲ့ အေနအထားကိုေရာက္ေအာင္ ပံ့ပိုးသြားဖို႔ အသင့္ရွိေနပါတယ္။ အခုလို ျမန္မာႏိုင္ငံက ကေလးငယ္ေတြနဲ႔ လူငယ္ေတြရဲ႕ ၾကိဳးစားအားထုတ္မႈကို myME နဲ႔ လက္တြဲမႈကတဆင့္ ေတြ႔ျမင္ေနရတဲ့အတြက္ ၀မ္းေျမာက္ရပါတယ္။ ကြ်န္ေတာ္တို႔အေနနဲ႔လည္း myME ကို အနာဂတ္မွာ ဆက္လက္ပံ့ပိုးကူညီႏိုင္ေအာင္ အေကာင္းဆံုးႀကိဳးစားသြားမွာပါ။ အခုလို myME မွာ ပညာသင္ၾကားေနတဲ့ ကေလးေတြကလည္း ေနာင္တစ္ခ်ိန္မွာ ျမန္မာႏိုင္ငံနဲ႔ ျမန္မာလူမ်ိဳးေတြကို အက်ိဳးျပဳႏိုင္တဲ့ လူေတာ္လူေကာင္းေတြ ျဖစ္လာလိမ့္မယ္လို႔ေမွ်ာ္လင့္ပါတယ္။” ဟု ေလးႏွစ္ေျမာက္လက္တြဲမႈႏွင့္ ပတ္သက္ျပီး Samsung Myanmar ၏ PR and Citizenship Manager ျဖစ္သူ ကိုစိုးသူရ မွေျပာၾကားသည္။
ေလးႏွစ္ေျမာက္ပံ့ပိုးမွႈအျဖစ္ Samsung Myanmar မွ လွဴဒါန္္းထားေသာ ကြန္ျပဴတာႏွင့္ နည္းပညာဆိုင္ရာ ပညာရပ္မ်ား သင္ၾကားႏိုင္ရန္တြက္ ျပင္ဆင္မြမ္းမံထားသည့္ ေရြ႕လ်ားဘတ္စ္ကားသည္ ကြန္ျပဴတာအေျခခံ၊ အင္တာနက္ႏွင့္ Social Media အသံုးျပဳျခင္း အစရွိသည့္သင္တန္းမ်ားအား Pre-Level-II ႏွင့္ Level II Course အတြက္ သင္ၾကားေပးသြားမည္ျဖစ္သည္။ အဆိုပါ သင္တန္း တက္ေရာက္ၿပီးေသာ လူငယ္မ်ားသည္ ကြန္ျပဴတာ အသံုးျပဳမႈအပါအဝင္ အင္တာနက္ႏွင့္ ဆိုရွယ္မီဒီယာ အေျခခံအသံုးျပဳမႈ ဆိုင္ရာ နည္းပညာမ်ားအား ၎တို႔၏ အနာဂတ္ ပညာေရးအတြက္ အသံုးျပဳႏိုင္မည္ ျဖစ္သည္။
“လြန္ခဲ့တဲ့ သံုးႏွစ္ကတည္းက Samsung Myanmar နဲ႔ ပူးေပါင္းမႈက တကယ့္ကို ေကာင္းမြန္တဲ့ အေတြ႔အၾကံဳတစ္ခုျဖစ္ပါတယ္။ ဒီတစ္ႏွစ္မွာလည္း လက္ရွိ ဘတ္စ္ကားတစ္စီးအတြက္ကြန္ျပဴတာနဲ႔ နည္းပညာဆိုင္ရာ သင္ေထာက္ကူပစၥည္းေတြထပ္မံျဖည့္သြင္း လွဴဒါန္းတဲ့အတြက္ အရမ္းကို ၀မ္းသာရၿပီး အားတက္ရပါတယ္။ ဒီ သင္ေထာက္ကူပစၥည္းေတြထပ္မံ ျဖည့္သြင္းထားတဲ့ ဘတ္စ္ကား ကိုရန္ကုန္ၿမိဳ႕အနီးတဝိုက္ေနရာေတြမွာ ကြန္ျပဴတာ အေျခခံ၊ အင္တာနက္ႏွင့္ ဆိုရွယ္မီဒီယာ အသံုးျပဳမႈ နဲ႔ ပတ္သက္တဲ့ ပညာရပ္ေတြကိုု သင္ၾကားႏိုင္ဖို႕ အသံုးျပဳသြားမွာပါ။“ ဟု myME ၏ စီမံကိန္းဒါရိုက္တာ ကိုတင္ေမာင္ေမာင္ေအး မွ ေျပာၾကားသည္။ 
ယခု သင္တန္းအား ရန္ကုန္ၿမိဳ႕အတြင္းရွိ ျမိဳ႕နယ္မ်ားျဖစ္ေသာ ရန္ကင္းျမိဳ႕နယ္ရွိ SoyAi Youth Center မွ လူငယ္ ၂၅ ဦး၊ myME သင္တန္းနွစ္ခု တည္ရွိရာ ေရႊျပည္သာျမိဳ႕နယ္မွ ၂၁ ဦး၊ ဒဂံုဆိပ္ကမ္းျမိဳ႕နယ္မွ ၁၂ ဦး၊ ေျမာက္ဒဂံု ျမိဳ႕နယ္ ၃၂ ရပ္ကြက္မွ ၁၂ ဦး၊ သာေကတျမိဳ႕နယ္မွ ၄၅ ဦးျဖင့္ စုစုေပါင္း ၁၂၁ ဦးတို႕ကို အပတ္စဥ္ သင္ၾကားေပးသြားမည္ျဖစ္ျပီး တစ္လလွ်င္ ၄၈၄ ဦး တစ္ႏွစ္လွ်င္ ၅,၈၀၈ ဦး တို႔ကို သြားေရာက္ သင္ၾကားေပးသြားမည္ျဖစ္သည္။
“တကယ္လို႔ myME သာ ကၽြန္ေတာ္တို႔ဆီ ေရာက္မလာခဲ့ဘူူးဆိုရင္ ကၽြန္ေတာ္တို႔ဘ၀အတြက္ လိုအပ္တဲ့ ေနာက္ထပ္ေလ့လာသင္ယူမႈ ေတြရႏိုင္မွာ မဟုတ္ပါဘူး။ အခုေတာ့ ၾကီးလာရင္ ဘယ္လိုအလုပ္မ်ိဳးကို လုပ္ခ်င္တယ္၊ေနာက္ျပီး ဘယ္လိုအရာေတြ ပိုအားသန္တယ္ ပိုစိတ္၀င္စားတယ္ဆိုတာ သိလာရတဲ့အတြက္ myME ကို အရမ္းေက်းဇူးတင္ပါတယ္။” ဟု ျမန္မာေရြ႕လ်ားပညာသင္ၾကားေရး စနစ္တြင္ ပညာသင္ၾကားေနသည့္ ေက်ာင္းသား တစ္ဦးျဖစ္ၿပီး SoyAi Youth Center တြင္ လုပ္ကိုင္ေနသည့္ လူငယ္တစ္ဦးမွ သူ၏အျမင္ကိုမွ်ေ၀ခဲ့သည္။
Samsung Myanmar သည္ အထက္ေဖာ္ျပပါ ပူးေပါင္းမႈသာမက ျမန္မာႏိုင္ငံ၏ မိုဘိုင္းက႑ ဖြံ႔ၿဖိဳးတိုးတက္ရန္ ႏွင့္ မိုဘိုင္းအပလီေကးရွင္းမ်ား ျပဳလုပ္ဖန္တီးႏို္င္သည့္အရည္အခ်င္းရွိ ထူးခၽြန္လူငယ္မ်ား ပိုမိုထြက္ေပၚလာေစရန္ ရည္ရြယ္သည့္ Samsung Tech Institute: Mobile Application သင္တန္းအား ျမန္မာႏို္င္ငံတစ္၀န္းရွိ ကြန္ပ်ဴတာတကၠသိုလ္မ်ားႏွင့္ လက္တြဲကာ ၂၀၁၃ ခုႏွစ္မွစတင္ကာ ႏွစ္စဥ္ဖြင့္လွစ္ခဲ့ျပီး ယေန႔အခ်ိန္အထိ ေက်ာင္းသားေက်ာင္းသူေပါင္း ၅၀၀ ေက်ာ္အား သင္ၾကားေပးခဲ့ျပီးျဖစ္သည္။
ထို႔အျပင္ နည္းပညာနယ္ပယ္မွ ေက်ာင္းသားလူငယ္မ်ားအတြက္ Samsung Tech Institute: Vocational Training (အသက္ေမြး၀မ္းေၾကာင္းဆိုင္ရာသင္တန္း) မ်ားကိုလည္း ၂၀၁၆ ခုႏွစ္မွ စတင္ဖြင့္လွစ္လ်က္ရွိသည္။ ယေန႔အခ်ိန္အထိ အဆိုပါ အသက္ေမြး၀မ္းေၾကာင္းသင္တန္းမ်ားကို ရန္ကုန္နည္းပညာတကၠသလိုလ္၊ သန္လ်င္နည္းပညာ တကၠသိုလ္၊ ေတာင္ငူအစိုးရ နည္းပညာအထက္တန္းေက်ာင္းႏွင့္ လြိဳင္ေကာ္နည္းပညာ အထက္တန္းေက်ာင္း တို႔တြင္ ေအာင္ျမင္စြာဖြင့္လွစ္ခဲ့ျပီးျဖစ္သည္။ ယေန႔အခ်ိန္အထိ အဆိုပါသင္တန္းမ်ားမွ ေက်ာင္းသားေက်ာင္းသူေပါင္း ၄၀၀ ေက်ာ္ကို မိုဘိုင္းဖုန္း၊ တီဗီႏွင့္ ေလေအးေပးစက္ျပဳျပင္နည္းပညာရပ္မ်ားအား ပို႔ခ်ေပးခဲ့ျပီးျဖစ္သည္။
[Unicode]
မြန်မာနိုင်ငံတွင် လူငယ်နှင့်ပညာရေး လူမှုအကျိုးပြုမှုပိုင်းဆိုင်ရာလုပ်ငန်းများ တက်ကြွစွာဆောင်ရွက်လုပ်ကိုင်လျက်ရှိသည့် Samsung သည် လက်ဖက်ရည်ဆိုင်များတွင် အလုပ်လုပ်ကိုင်လျက်ရှိသော လူငယ်များအား ပညာသင်ကြားပေးနေသည့် NGO တစ်ခုဖြစ်သည့် Myanmar Mobile Education Project (myME) နှင့် လက်တွဲလာခဲ့သည်မှာ လေးနှစ်တိုင်ခဲ့ပြီဖြစ်သည်။
Samsung Myanmar သည် သုံးနှစ်ဆက်တိုက် ကျောင်းပြင်ပရောက် လူငယ်များ ပညာသင်ကြားရေးအတွက် ရွေ့လျားစာသင်ခန်းကားများနှင့် သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးခဲ့ပြီး ယခုလေးနှစ်မြောက်အနေနှင့် ကွန်ပြူတာနှင့် နည်းပညာဆိုင်ရာ ပညာရပ်များ သင်ကြားရေးအတွက် သင်ကြားမှု အထောက်အကူပြုပစ္စည်းများကို ယခင်လှူဒါန်းထားသော ဘတ်စ်ကားတစ်စီးတွင် ထပ်မံဖြည့်သွင်းပံ့ပိုးလိုက်ကြောင်း ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
၂၀၁၅ ခုနှစ်တွင်လှုဒါန်းခဲ့သည့် ဘတ်စ်ကားအား ရန်ကုန်မြို့အတွင်း ကျောင်းပြင်ပရောက် သင်ခန်းစာများသင်ကြားမှုကို အားဖြည့်ရာတွင် အသုံးပြုလျက်ရှိပြီး ၂၀၁၆ ခုနှစ်တွင် လှူဒါန်းခဲ့သောဘတ်စ်ကားအား မန္တလေးမြို့ရှိ လူငယ်များအား စာသင်ကြားရန် အသုံးပြုခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် လှူဒါန်းခဲ့သည့် ဘတ်စ်ကားအား ရန်ကုန်မြို့အတွင်း ကျောင်းပြင်ပရောက် သင်ခန်းစာများသင်ကြားရန်သာမက အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းများ သင်ကြားပို့ချပေးအပ်ရန်အတွက် အသုံးပြုနေဆဲဖြစ်သည်။
“လက်ဖက်ရည်ဆိုင်တွေမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ပုံဖော်နိုင်အောင် ပံ့ပိုးပေးနေတဲ့ myME နဲ့ အတူ  လက်တွဲလာတာ အခုဆိုရင် လေးနှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ လိုအပ်နေတဲ့ လူမှှုဝန်းကျင်နဲ့ နေရာဒေသတွေကို အမြဲကူညီဖို့ အသင့်ဖြစ်နေတဲ့ နိုင်ငံတကာ အမှတ်တံဆိပ်တစ်ခု ဖြစ်တာနဲ့အညီ ကမ္ဘာတစ်လွှားမှာရှိတဲ့ လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို ပိုမိုကောင်းမွန်တဲ့ အနေအထားကိုရောက်အောင် ပံ့ပိုးသွားဖို့ အသင့်ရှိနေပါတယ်။ အခုလို မြန်မာနိုင်ငံက ကလေးငယ်တွေနဲ့ လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှုကို myME နဲ့ လက်တွဲမှုကတဆင့် တွေ့မြင်နေရတဲ့အတွက် ဝမ်းမြောက်ရပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း myME ကို အနာဂတ်မှာ ဆက်လက်ပံ့ပိုးကူညီနိုင်အောင် အကောင်းဆုံးကြိုးစားသွားမှာပါ။ အခုလို myME မှာ ပညာသင်ကြားနေတဲ့ ကလေးတွေကလည်း နောင်တစ်ချိန်မှာ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေကို အကျိုးပြုနိုင်တဲ့ လူတော်လူကောင်းတွေ ဖြစ်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်။” ဟု လေးနှစ်မြောက်လက်တွဲမှုနှင့် ပတ်သက်ပြီး Samsung Myanmar ၏ PR and Citizenship Manager ဖြစ်သူ ကိုစိုးသူရ မှပြောကြားသည်။
လေးနှစ်မြောက်ပံ့ပိုးမှှုအဖြစ် Samsung Myanmar မှ လှူဒါန်းထားသော ကွန်ပြူတာနှင့် နည်းပညာဆိုင်ရာ ပညာရပ်များ သင်ကြားနိုင်ရန်တွက် ပြင်ဆင်မွမ်းမံထားသည့် ရွေ့လျားဘတ်စ်ကားသည် ကွန်ပြူတာအခြေခံ၊ အင်တာနက်နှင့် Social Media အသုံးပြုခြင်း အစရှိသည့်သင်တန်းများအား Pre-Level-II နှင့် Level II Course အတွက် သင်ကြားပေးသွားမည်ဖြစ်သည်။ အဆိုပါ သင်တန်း တက်ရောက်ပြီးသော လူငယ်များသည် ကွန်ပြူတာ အသုံးပြုမှုအပါအဝင် အင်တာနက်နှင့် ဆိုရှယ်မီဒီယာ အခြေခံအသုံးပြုမှု ဆိုင်ရာ နည်းပညာများအား ၎င်းတို့၏ အနာဂတ် ပညာရေးအတွက် အသုံးပြုနိုင်မည် ဖြစ်သည်။
“လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက Samsung Myanmar နဲ့ ပူးပေါင်းမှုက တကယ့်ကို ကောင်းမွန်တဲ့ အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။ ဒီတစ်နှစ်မှာလည်း လက်ရှိ ဘတ်စ်ကားတစ်စီးအတွက်ကွန်ပြူတာနဲ့ နည်းပညာဆိုင်ရာ သင်ထောက်ကူပစ္စည်းတွေထပ်မံဖြည့်သွင်း လှူဒါန်းတဲ့အတွက် အရမ်းကို ဝမ်းသာရပြီး အားတက်ရပါတယ်။ ဒီ သင်ထောက်ကူပစ္စည်းတွေထပ်မံ ဖြည့်သွင်းထားတဲ့ ဘတ်စ်ကား ကိုရန်ကုန်မြို့အနီးတဝိုက်နေရာေတွမှာ ကွန်ပြူတာ အခြေခံ၊ အင်တာနက်နှင့် ဆိုရှယ်မီဒီယာ အသုံးပြုမှု နဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို သင်ကြားနိုင်ဖို့ အသုံးပြုသွားမှာပါ။“ ဟု myME ၏ စီမံကိန်းဒါရိုက်တာ ကိုတင်မောင်မောင်အေး မှ ပြောကြားသည်။ 
ယခု သင်တန်းအား ရန်ကုန်မြို့အတွင်းရှိ မြို့နယ်များဖြစ်သော ရန်ကင်းမြို့နယ်ရှိ SoyAi Youth Center မှ လူငယ် ၂၅ ဦး၊ myME သင်တန်းနှစ်ခု တည်ရှိရာ ရွှေပြည်သာမြို့နယ်မှ ၂၁ ဦး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ၁၂ ဦး၊ မြောက်ဒဂုံ မြို့နယ် ၃၂ ရပ်ကွက်မှ ၁၂ ဦး၊ သာကေတမြို့နယ်မှ ၄၅ ဦးဖြင့် စုစုပေါင်း ၁၂၁ ဦးတို့ကို အပတ်စဉ် သင်ကြားပေးသွားမည်ဖြစ်ပြီး တစ်လလျှင် ၄၈၄ ဦး တစ်နှစ်လျှင် ၅,၈၀၈ ဦး တို့ကို သွားရောက် သင်ကြားပေးသွားမည်ဖြစ်သည်။
“တကယ်လို့ myME သာ ကျွန်တော်တို့ဆီ ရောက်မလာခဲ့ဘူူးဆိုရင် ကျွန်တော်တို့ဘဝအတွက် လိုအပ်တဲ့ နောက်ထပ်လေ့လာသင်ယူမှု တွေရနိုင်မှာ မဟုတ်ပါဘူး။ အခုတော့ ကြီးလာရင် ဘယ်လိုအလုပ်မျိုးကို လုပ်ချင်တယ်၊နောက်ပြီး ဘယ်လိုအရာတွေ ပိုအားသန်တယ် ပိုစိတ်ဝင်စားတယ်ဆိုတာ သိလာရတဲ့အတွက် myME ကို အရမ်းကျေးဇူးတင်ပါတယ်။” ဟု မြန်မာရွေ့လျားပညာသင်ကြားရေး စနစ်တွင် ပညာသင်ကြားနေသည့် ကျောင်းသား တစ်ဦးဖြစ်ပြီး SoyAi Youth Center တွင် လုပ်ကိုင်နေသည့် လူငယ်တစ်ဦးမှ သူ၏အမြင်ကိုမျှဝေခဲ့သည်။
Samsung Myanmar သည် အထက်ဖော်ပြပါ ပူးပေါင်းမှုသာမက မြန်မာနိုင်ငံ၏ မိုဘိုင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် နှင့် မိုဘိုင်းအပလီကေးရှင်းများ ပြုလုပ်ဖန်တီးနိုင်သည့်အရည်အချင်းရှိ ထူးချွန်လူငယ်များ ပိုမိုထွက်ပေါ်လာစေရန် ရည်ရွယ်သည့် Samsung Tech Institute: Mobile Application သင်တန်းအား မြန်မာနိုင်ငံတစ်ဝန်းရှိ ကွန်ပျူတာတက္ကသိုလ်များနှင့် လက်တွဲကာ ၂၀၁၃ ခုနှစ်မှစတင်ကာ နှစ်စဉ်ဖွင့်လှစ်ခဲ့ပြီး ယနေ့အချိန်အထိ ကျောင်းသားကျောင်းသူပေါင်း ၅၀၀ ကျော်အား သင်ကြားပေးခဲ့ပြီးဖြစ်သည်။
ထို့အပြင် နည်းပညာနယ်ပယ်မှ ကျောင်းသားလူငယ်များအတွက် Samsung Tech Institute: Vocational Training (အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်း) များကိုလည်း ၂၀၁၆ ခုနှစ်မှ စတင်ဖွင့်လှစ်လျက်ရှိသည်။ ယနေ့အချိန်အထိ အဆိုပါ အသက်မွေးဝမ်းကြောင်းသင်တန်းများကို ရန်ကုန်နည်းပညာတက္ကသလိုလ်၊ သန်လျင်နည်းပညာ တက္ကသိုလ်၊ တောင်ငူအစိုးရ နည်းပညာအထက်တန်းကျောင်းနှင့် လွိုင်ကော်နည်းပညာ အထက်တန်းကျောင်း တို့တွင် အောင်မြင်စွာဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ယနေ့အချိန်အထိ အဆိုပါသင်တန်းများမှ ကျောင်းသားကျောင်းသူပေါင်း ၄၀၀ ကျော်ကို မိုဘိုင်းဖုန်း၊ တီဗီနှင့် လေအေးပေးစက်ပြုပြင်နည်းပညာရပ်များအား ပို့ချပေးခဲ့ပြီးဖြစ်သည်။

You may be interested

Lenovo ရဲ႕ Foldable Tablet လာမည္
Android, HUBS, Lenovo
0 shares0 views

Lenovo ရဲ႕ Foldable Tablet လာမည္

Ko Thuya - Oct 18, 2018

ေခါက္ခ်ိဳးေကြးညႊတ္ႏိုင္တဲ့ စမတ္ဖုန္းမ်ားကို ကုမၸဏီမ်ားက တီထြင္ဖန္တီးေနတဲ့ သတင္းမ်ား ထြက္ေပၚေနတာ ႏွစ္အနည္းငယ္ေတာင္ ၾကာပါၿပီ။ ေစ်းကြက္ထဲကိုေတာ့ အဲဒီ စမတ္ဖုန္းမ်ား မေရာက္လာေသးပါဘူး။ ဒါေပမယ့္ မၾကာခင္မွာ ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ ပထမဆံုး ေစ်းကြက္ထဲ ေရာက္လာႏုိင္တာက လီႏုိဗိုရဲ႕ ေကြးညႊတ္ ေခါက္ခ်ိဳး ႏိုင္တဲ့…

Apple Watch ကေန ထိန္္းခ်ဳပ္ႏိုင္တဲ့ Drone
Apple, Drone, Gadgets
0 shares0 views

Apple Watch ကေန ထိန္္းခ်ဳပ္ႏိုင္တဲ့ Drone

Ko Thuya - Oct 18, 2018

Skydio က သူ႔ရဲ႕ R1 Drone ကို Apple Watch ကေန ထိန္းခ်ဳပ္ႏုိင္တဲ့ စြမ္းရည္ကို ထည့္သြင္းေပးလိုက္ၿပီိလုိ႔ ေၾကညာလိုက္ပါတယ္။ Skydio R1 ဟာ လူေတြက မထိန္းခ်ဳပ္ရင္ေတာင္ အလိုအေလွ်ာက္ ပ်ံသန္းၿပီး ဓါတ္ပံု၊ ဗီဒီယို ရိုက္ကူးျခင္းလို…

Huawei က EMUI 9.0 Beta ကို ဖုန္း ၉ လံုးအတြက္ ျဖန္႔ခ်ီ
Android, Huawei, HUBS
0 shares0 views

Huawei က EMUI 9.0 Beta ကို ဖုန္း ၉ လံုးအတြက္ ျဖန္႔ခ်ီ

Ko Thuya - Oct 18, 2018

Huawei က Android Pie အေျချပဳ EMUI 9.0 Beta Program ကို ေၾကညာလိုက္ပါတယ္။ အဲဒီ Update ကို ရရွိမယ့္ စမတ္ဖုန္း စာရင္းကိုလည္း ဟြာေ၀းက တြစ္တာမွာ ေၾကညာလိုက္ပါတယ္။ အဲဒီ စမတ္ဖုန္းမ်ားထဲမွာ Huawei…

Leave a Comment

Most from this category