310 Shares 359 Views


Aug 01, 2018
310 359




Ref : gsmarena

unicode

Oppo နဲ့ Xiaomi တို့ကလည်း ကွေးညွှတ် စမတ်ဖုန်း ထုတ်မည်

ကွေးညွှတ်ပျော့ပြောင်းတဲ့ စမတ်ဖုန်း ပြိုင်ပွဲတော့ စနေပါပြီ။ ဆမ်ဆောင်းက ကွေးညွှတ်ပျော့ပြောင်းတဲ့ Display ပါတဲ့ သူ့ရဲ့ ပထမဆုံး စမတ်ဖုန်းကို လာမယ့်နှစ်မှာ ရောင်းမယ်လို့ သတင်းထွက်နေပါတယ်။ ဟွာဝေးကလည်း ဒီလိုစမတ်ဖုန်းမျိုးကိုဖန်တီးနေပါတယ်။ အခုတော့ နာမည်ကျော် ဖုန်း ကုမ္ပဏီ နှစ်ခုဖြစ်တဲ့ Xiaomi နဲ့ Oppo တို့က ဒီလို ဖုန်းမျိုးကို ဖန်တီးနေတယ်လို့ သတင်းထွက်လာပါတယ်။

ကုမ္ပဏီ နှစ်ခုဟာ ကွေးညွှတ် စမတ်ဖုန်းအတွက် မျက်နှာပြင် ရောင်းချပေးမယ့် ကုမ္ပဏီကို ရှာဖွေနေတယ်လို့ သတင်းထွက်လာပါတယ်။ ကွေးညွှတ် မျက်နှာပြင်များကို ဖန်တီးနေတဲ့ ကုမ္ပဏီများကတော့ LG Display , BOE , Visionox တို့ ဖြစ်ပါတယ်။ ရှောင်မီက ကွေးညွှတ် စမတ်ဖုန်းကို ပထမဆုံး ရောင်းချတဲ့ကုမ္ပဏီ ဖြစ်ဖို့နဲ့ မိတ်ဆက်ပြီးတာနဲ့ အမြောက်အများ ရောင်းချဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ရှောင်မီက အစောပိုင်းမှာ အဲဒီ စမတ်ဖုန်းကို တရုတ်မှာသာ ရောင်းချဖို့ အာရုံစိုက်ထားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြိုင်ဖက် ကုမ္ပဏီများရဲ့ ကွေးညွှတ် စမတ်ဖုန်း ဈေးနှုန်းထက် သက်သာအောင်လည်း ပြုလုပ်ဖို့ရည်ရွယ်ထားပါတယ်။ ဆမ်ဆောင်းရဲ့ ကွေးညွှတ် စမတ်ဖုန်းဟာ ၁၇၈၈ နဲ့ ၂၆၅၂ ဒေါ်လာအကြားမှာရှိမယ်လို့ သတင်းထွက်နေပါတယ်။ ရှောင်မီကတော့ ၈၉၆ နဲ့ ၁၃၄၄ ဒေါ်လာအကြားမှာသာ ရောင်းချဖို့ရည်ရွယ်ထားပါတယ်။

Ref : gsmarena

You may be interested

OnePlus က ၂၀၁၉ ခုနှစ်မှာ 5G Phone ရောင်းမယ့် အစောဆုံး ကုမ္ပဏီများထဲမှာ ပါမည်
HUBS, Mobiles & Tablets, NEWS
0 shares0 views

OnePlus က ၂၀၁၉ ခုနှစ်မှာ 5G Phone ရောင်းမယ့် အစောဆုံး ကုမ္ပဏီများထဲမှာ ပါမည်

Ko Thuya - Oct 23, 2018

4G, 5G ကွန်ယက်များနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို ဟောင်ကောင်မှာ ကျင်းပနေပါတယ်။ ကုမ္ပဏီများစွာကလည်း သူတို့ရဲ့ အနာဂတ် 5G ထုတ်ကုန်များအကြောင်းကို ဟောပြောနေကြပါတယ်။ OnePlus ရဲ့ ပူးတွဲတည်ထောင်သူ Carl Pei က သူ့ ကုမ္ပဏီဟာ OnePlus 7…

Qualcomm ရဲ့ Mobile Gaming အတွက် အထူး ဖန်တီးထားတဲ့ Snapdragon 675 အကြောင်း
FEATURES, Mobile & Tablets
0 shares0 views

Qualcomm ရဲ့ Mobile Gaming အတွက် အထူး ဖန်တီးထားတဲ့ Snapdragon 675 အကြောင်း

Ko Thuya - Oct 23, 2018

Qualcomm က ၂၀၁၇ ခုနှစ်မှာကြေညာခဲ့တဲ့ စွမ်းရည်သင့် Snapdragon 660 Chipset ဟာ လူကြိုက်များ ခဲ့ပြီး Samsung Galaxy A9 (2018), Asus ZenFone 4, Nokia 7 Plus တို့ အပါအ၀င်…

Samsung က Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေ
Android, HUBS, Mobiles & Tablets
0 shares12 views

Samsung က Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေ

Ko Thuya - Oct 23, 2018

ဆမ်ဆောင်းက စမတ်ဖုန်းရဲ့ Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေပါတယ်။ လက်ရှိ Fingerprint Reader များဟာ ယခင်မျိုးဆက်များထက် အရွယ်အစား သေးငယ်ပြီး ထည့်သွင်းထားတဲ့ တည်နေရာမှာသာ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ စကရင်တစ်ခုလုံးရဲ့ ဘယ်နေရာကို…

Leave a Comment

Most from this category