397 Shares 213 Views

Windows on Snapdragon 850 ကိုစောင့်သင့်တဲ့အကြောင်းရင်းများ

Aug 01, 2018
397 213

သုံးစွဲသူတွေဆီ လုံးဝအသစ်ဆုံးအတွေ့အကြုံတွေယူဆောင်လာပေးမယ့် Qualcomm Snapdragon 850 processor သုံး “Always on, Always connected PC” တွေအတွက် Qualcomm နဲ့ Microsoft တို့ပူးပေါင်းလိုက်ပါပြီ။ ဒါကို Intel လည်းလုပ်ဖို့ကြိုးစားခဲ့ပေမယ့် အခါပေါင်းများစွာမအောင်မြင်ခဲ့ပါဘူး။ ဒီတခေါက် Qualcomm နဲ့ Windows တို့ကတော့ ကောင်းကောင်းကြီး ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

လက်ရှိအချိန်ထိ Snapdragon 835 SoC ကိုသုံးထားတဲ့ Windows on Snapdragon Device (WoS device) ၃လုံးပဲ ထွက်ထားပါသေးတယ်။

1. HP Ency B07C7XY7GS

2. Lenovo Miix 630 B07C8BJ1NT

3. Asus NovaGo B07CYX3DG8

ဒါပေမယ့် သူတို့တွေထက် Snapdragon 850 processor သုံးထားတဲ့ Device တွေကို စောင့်သင့်တဲ့အကြောင်းရင်း ၅ချက်ရှိပါတယ်။

1 . Microsoft ကနေ WoS device မထုတ်ဖူးသေးခြင်း

ဒါကအရေးကြီးဆုံးတစ်ချက်ဖြစ်မယ်လည်းထင်ပါတယ်။ Asus တို့ HP, Lenovo တို့လည်း သူ့နည်းသူ့ဟန်နဲ့သူ အကောင်းဆုံးဆိုတဲ့ notebook တွေ PC တွေကိုထုတ်ခဲ့ကြတာပါပဲ။ ဒါပေမယ့် Microsoft သာဆိုရင် Hardware design ရော Software ရော ပိုကောင်းဖို့များပါတယ်။  ပိုကောင်း ပိုမိုက်တဲ့ထုတ်ကုန်တစ်ခုကိုထုတ်ဖို့ Microsoft ရော Qualcomm ရော စတင်လုပ်ဆောင်နေကြပါပြီ။ Microsoft က SoC  ဒီဇိုင်းကိုဖန်တီးတာမဟုတ်ပေမယ့် Qualcomm အနေနဲ့ mobile ARM processor ကို x86 environment မှာကောင်းကောင်းလုပ်ဆောင်နိုင်အောင် ပူးပေါင်းလုပ်ဆောင်နေကြတာပါ။

2. Snapdragon 845 ကိုမြှင့်တင်ထားတဲ့ Snapdragon 850

Snapdragon 835 ထက်ပိုကောင်းတာ 845 ဖြစ်ေ့်ပူမယ့်သူ့ထက်ကိုပိုကောင်းတာက 850 ဖြစ်ပါလိမ့်မယ်။ 835chipset ထက်ကို စွမ်းဆောင်ရည် ၃၀% ပိုကောင်းလာ၊ ဘက်ထရီသက်တမ်း ၂၀%လောက်ပိုခံလာပြီး data speed ကလည်း ၂၀% လောက်ပိုမြန်လာတာကိုတွေ့ရပါတယ်။ ဒါတွေအပြင် ဒီ 850 ကို 845 တုန်းကသုံးခဲ့တဲ့ 10nm chip (2nd generation) ကိုမှ ပိုသစ်ပိုကောင်းတဲ့ X20 modem နဲ့တွဲဖက်ထားတာပါ။

Notebook, PC တစ်လုံးကိုအဆင့်မြှင့်ဖို့ဆိုတာ  စမတ်ဖုန်းတစ်လုံးကိုမြှင့်တာထက်ကို ပိုခက်ခဲပါတယ်။ ဘာပဲနေနေ အရင် WoS device ၃လုံးတုန်းကတောင် အဆင်ပြေခဲ့တာပဲဆိုတော့ ဒီ 850 တွေလည်း မပြေစရာအကြောင်းမရှိပါဘူး။

3. Battery Life

စွမ်းအင်ကုန်သက်သာပါတယ်ဆိုတဲ့ Notebook တွေတောင် အားသိပ်မခံတတ်ပါဘူး။ ဒီနေရာမှာ 850 က အားသာချက်ဖြစ်လာနိုင်ပါလိ့မ်မယ်။

Notebook တွေရဲ့တွက်ချက်စွမ်းရည်အတွက် လိုအပ်တဲ့ Horsepower နဲ့ စမတ်ဖုန်းတွေရဲ့ Multitasking စွမ်းရည်တွေအကြားကွာဟချက်ကို ဖြည့်ဆည်းပေးမယ့် chipset တွေပါ။ Snapdragon 850 သုံးထားတဲ့ Windows PC တွေဟာဆိုရင်တော့ ဘက်ထရီသက်တမ်း နာရီ ၂၀ ကျော်ခံနိုင်ပါလိမ့်မယ်။

4. Transfer from Wi-Fi to LTE

WoS တွေထွက်တုန်းက သူ့ရဲ့ LTE feature ကြောင့် တော်တော်ကြိုက်ခဲ့ရတာ အခု Snapdragon 850 နဲ့ဆို ပိုတော့ကောင်းတော့မယ့်ပုံပါပဲ။ Intel chipset သုံးထားတဲ့ Windows device တွေမှာ Cellular ချိတ်ဆက်မှုရတာက အသစ်အဆန်းကြီးတော့မဟုတ်ပေမယ့် အဆင်ပြေလွန်းတယ်ဆိုတာလောက်ထိလည်း မရောက်ခဲ့ကြပါဘူး။  အခုထွက်လာမယ့် device တွေမှာတော့ Qualcomm X20 LTE modem တွေသုံးမယ်ဆိုကတည်းက Microsoft အနေနဲ့ စိတ်ပူစရာမလိုတော့ပါဘူး။

5. Software Support

တခြားနည်းပညာတွေလိုပဲ ပြည့်စုံကောင်းမွန်တဲ့ စနစ်တစ်ခုထွက်ဖို့ဆိုတာ အချိန်ယူရပါတယ်။  Software Developer တွေအနေနဲ့လည်း သူတို့ရဲ့ ×86 version တွေကို ARM environment မှာအလုပ်လုပ်နိုင်ဖို့အတွက် ပြန်လည်ပြင်ဆင်မြှင့်တင်ဖို့လိုပါတယ်။ ဒါပေမယ့် Qualcomm နဲ့ Microsoft တို့ကတော့ ဒီလိုမျိုး ဆော့ဖ်ဝဲလ်အဆင့်မြှင့်တဲ့လုပ်ငန်းစဉ်ကို software developer တွေအတွက် ပိုအဆင်ပြေတဲ့နည်းလမ်းတစ်ခုလုပ်ဖို့ အရမ်းကိုစိတ်ထက်သန်နေကြပါတယ်။

ဒီနှစ် 835 WoS တွေထွက်တုန်းက developer တွေအနေနဲ့ ဒီ process ဘယ်လိုအလုပ်လုပ်သွားလဲဆိုတာ သေချာကြည့်ရပြီး ဘယ်လိုမြှင့်ရမလဲဆိုတာကိုပါ Microsoft က feedack တွေရခဲ့ပါတယ်။ မကြာခင် SDK အသစ်တွေနဲ့ 64 bit app တွေထောက်ပံ့ပေးနိုင်ပြီဆိုရင် ကိုယ်ကြိုက်တဲ့ app အားလုံး WoS နဲ့သုံးလို့ရနိုင်တော့မှာပါ။

ကဲ သင့်အနေနဲ့လည်း ဒီ Snapdragon 850 တွေအပေါ် ဘယ်လောက်မျှော်လင့်ထားသလဲ??

 

You may be interested

မျက်နှာပြင် အရွယ်အစား လိမ်လည်ရောင်းချတယ်ဆိုပြီး တရားစွဲခံလိုက်ရတဲ့ Apple
Apple, HUBS, Mobiles & Tablets
0 shares0 views

မျက်နှာပြင် အရွယ်အစား လိမ်လည်ရောင်းချတယ်ဆိုပြီး တရားစွဲခံလိုက်ရတဲ့ Apple

Ko Thuya - Dec 17, 2018

Apple User ၂ ဦးက အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာ သောကြာနေ့က ကုမ္ပဏီကို တရားစွဲလိုက်ပါတယ်။ Apple ဟာ iPhone X, XS, XS Max များကို ကြေညာရာမှာ မျက်နှာပြင် အရွယ်အစားများကို မှားယွင်းစွာ ဖော်ပြထားတယ်လို့ တိုင်ကြားထားပါတယ်။…

Switch နဲ့ Comic ဖတ်နိုင်မယ့် InkyPen
NEWS, Softwares & Application
23 shares18 views

Switch နဲ့ Comic ဖတ်နိုင်မယ့် InkyPen

Nigma - Dec 16, 2018

(Zawgyi) လက်ကိုင်ဂိမ်းစက်နဲ့ Comics ဖတ်ချင်တဲ့လူတွေအတွက် InkyPen ရဲ့ လစဉ်ကြေးသွင်း Comics ဝန်ဆောင်မှုကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ မိတ်ဆက်သွားမှာပါ။ Nintendo Switch မှာ စတင် ရရှိမယ့် Subscription ဝန်ဆောင်မှု ဖြစ်ပြီး၊ Indie comics…

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ့ ROG Phone တို့ကို ပြည်တွင်းဈေးကွက်တွင် စတင် မိတ်ဆက်
ASUS, Mobiles & Tablets, NEWS
457 shares180 views

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ့ ROG Phone တို့ကို ပြည်တွင်းဈေးကွက်တွင် စတင် မိတ်ဆက်

Nigma - Dec 16, 2018

(Zawgyi) ASUS ဟာ မော်ဒယ်သစ် Zenfone Max M2 နဲ့ Zenfone Max Pro M2 စမတ်ဖုန်းတွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Zenfone Max M2 Series နဲ့အတူ နိုင်ငံတကာဈေးကွက်မှာ…

Leave a Comment

Most from this category