0 Shares 580 Views

in_display Fingerprint Sensor နဲ့ထွက်ရှိလာမယ်ဆိုတဲ့ Huawei Mate 20

Aug 01, 2018
0 580

[Zawgyi]

Image result for Huawei Mate 20 rumored specs include in-display fingerprint sensor, wireless charging, Android P








Ref: PhoneArena

[Unicode]

Image result for Huawei Mate 20 rumored specs include in-display fingerprint sensor, wireless charging, Android P

Apple တို့ Google နဲ့ Huawei တို့ရဲ့ Flagship စမတ်ဖုန်းအသစ်တို့ထွက်လာမယ့်အချိန်ကိုရှောင်ပြီး Galaxy Note 9 ကို သြဂုတ်လမှာမိတ်ဆက်ဖို့ Samsung က စီစဉ်လိုက်ပုံရပါတယ်။ ဒီတစ်ခေါက်ထွက်လာတဲ့ နောက်ဆုံး rumor တွေအတိုင်းသာ အမှန်ဖြစ်လာမယ်ဆိုရင် အခုထွက်လာမယ့် Huawei Mate 20 က တော်တော်ကြီးကိုလန်းမယ့်ပုံပါပဲ။

နောက်လ IFA 2018 ပွဲမှာမိတ်ဆက်လာမယ့် Kirin 980 chipset အသစ်အပြင် နောက်ထပ် အံသြစရာကောင်းတာတွေပါ Huawei က မိတ်ဆက်လာတော့မှာပါ။ Q3 မကုန်ခင် Mate စီးရီးစမတ်ဖုန်း၃လုံးထွက်ဖို့စီစဉ်ထားတာဆိုတော့ ဒီတစ်ခေါက်ပွဲမှာ Huawei Mate 20, Mate 20 Lite နဲ့ Mate 20 Pro တို့ကိုမိတ်ဆက်လာနိုင်ပါတယ်။

Image result for kirin 980

XDA Developer တွေဆီကရလာတဲ့သတင်းအတိုင်းဆိုရင် Mate 20 မှာ Huawei ရဲ့ Kirin 980 chipset ကိုသုံးထားတယ်လို့သိရပါတယ်။ Huawei အနေနဲ့ ဘက်ထရီပမာဏီကိုလည်း မြှင့်ဖို့စီစဉ်ထားတာဆိုတော့ အရင် Mate 10 တွေရဲ့ 4,000 mAh ထက်သာတဲ့ 4,200 mAh ဘက်ထရီနဲ့ထွက်ရှိလာနိုင်ပါတယ်။

Mate 20 ကတော့ 6.3-inch AMOLED Display ဖြစ်ပြီး ပိုကြီးတဲ့ Pro ဗားရှင်းကတော့ 6.9 inch OLED display ကိုသုံးထားမယ်လို့သိရပါတယ်။ Pro ဗားရှင်းမှာတော့ in-display fingerprint sensor သုံးထားမယ်လို့ဆိုပေမယ့် ကျန်တဲ့မော်ဒယ်လ်တွေအတွက်လည်းပါမပါဆိုတာတော့ မသိရသေးပါဘူး။

Mate 20 မှာတော့ ကြိုးမဲ့အားသွင်းစနစ်ကိုထောက်ပံ့ပေးမယ်လို့ ဆိုထားတဲ့အတွက် ဖုန်းရဲ့ကျောဘက်ကိုယ်ထည်က ဖန်ကိုယ်ထည်ဖြစ်ဖို့များပါတယ်။ Mate 20 မှာတော့ 6GB/128GB ဗားရှင်းအပြင် တခြား storage version တွေလည်းပါလာဦးမှာဖြစ်ပေမယ့် ခုချိန်ထိတော့ ဘာကိုမှအတည်ပြုလို့မရသေးပါဘူး။

ဒါတွေအားလုံးအပြင် ဒီ Mate 20 ကတော့ Android P ကိုမှ လက်ရှိ EMUI 8.2 ထက်ပိုမြင့်တဲ့ EMUI 9.0 နဲ့ပွဲထွက်လာနိုင်ချေရှိပါတယ်။

Ref: PhoneArena

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category