1977 Shares 6797 Views

Galaxy S9 ေရာင္းအား မေကာင္းတဲ့အတြက္ အျမတ္ေငြ က်ဆင္းသြားတဲ့ Samsung

Aug 01, 2018
1977 6797

Samsung က ယခုႏွစ္ ဒုတိယ ကြာတားျဖစ္တဲ့ ဧၿပီလကေန ဇြန္လအတြင္းမွ ေငြေၾကး စာရင္းမ်ားကို သတင္းထုတ္ျပန္လိုက္ပါတယ္။ ဆမ္ေဆာင္းဟာ အဲဒီကြာတားမွာ ကိုရီးယား ၀မ္ ၅၈.၄၈ ထရီလီယမ္ ( ေဒၚလာ ၅၂.၂ ဘီလီယမ္ ၀န္းက်င္) ေလာက္သာ ေရာင္းခ်ႏုိင္ခဲ့ၿပီး ၿပီးခဲ့တဲ့ ၁၂ လအတြင္း ေရာင္းအားအနည္းဆံုး ကြာတား ျဖစ္ခဲ့ပါတယ္။

ဒီလို အျမတ္ေငြ နည္းပါးသြားျခင္းဟာ စမတ္ဖုန္းနဲ႔ Display Panel မ်ား ေရာင္းအား မေကာင္းျခင္းေၾကာင့္လို႔ ေျပာပါတယ္။ Memory Chips မ်ားကေတာ့ ေရာင္းအား ေကာင္းေနပါတယ္။ Galaxy Smartphones မ်ားအတြက္ တာ၀န္ရွိတဲ့ IT & Mobile Communications ဌာနဟာ ေရာင္းအား ၂၀ ရာခုိင္ႏႈန္း က်ဆင္းခဲ့ၿပီး ပမာဏအားျဖင့္ ၀မ္ ၃၀ ထရီလီယမ္ ကေန ၀မ္ ၂၄ ထရီလီယမ္အထိ က်ဆင္းသြားပါတယ္။

ဆမ္ေဆာင္းရဲ႕ Semiconductor Business ကေတာ့ ေရာင္းအား အလြန္ ေကာင္းေနပါတယ္။ ဒီဌာနဟာ NAND နဲ႔ DRAM Memory Chips မ်ားကို ထုတ္လုပ္ေရာင္းခ်တာ ျဖစ္ၿပီး ဒုတိယ ကြာတားမွာ ေရာင္းအားနဲ႔ အျမတ္ေငြဟာ စံခ်ိန္တင္လိုက္နုိင္ပါတယ္။ ကုမၸဏီရဲ႕ ေရာင္းအား စုစုေပါင္းရဲ႕ ၃၇ ရာခုိင္ႏႈန္းနဲ႔ အျမတ္ေငြ စုစုေပါင္းရဲ႕ ၈၀ ရာခုိင္ႏႈန္း ရွိပါတယ္။

ဆမ္ေဆာင္းက ဒုတိယႏွစ္၀က္မွာ ေရာင္းအား တိုးတက္လာဖုိ႔ ေမွ်ာ္လင့္ထားပါတယ္။ ဒုတိယ ႏွစ္၀က္မွာ Flexible OLED Panels မ်ား ေရာင္းအား တက္မယ္လို႔ ကုမၸဏီက တြက္ဆထားပါတယ္။ ဆမ္ေဆာင္းဟာ ယခုႏွစ္ စက္တင္ဘာလမွာ မိတ္ဆက္မယ့္ iPhone မ်ားအတြက္ OLED Display မ်ားကို ထုတ္လုပ္ေရာင္းခ်ေပးဖြယ္ရွိေနပါတယ္။

Ref : gsmarena

unicode

Galaxy S9 ရောင်းအား မကောင်းတဲ့အတွက် အမြတ်ငွေ ကျဆင်းသွားတဲ့ Samsung

Samsung က ယခုနှစ် ဒုတိယ ကွာတားဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်းမှ ငွေကြေး စာရင်းများကို သတင်းထုတ်ပြန်လိုက်ပါတယ်။ ဆမ်ဆောင်းဟာ အဲဒီကွာတားမှာ ကိုရီးယား ဝမ် ၅၈.၄၈ ထရီလီယမ် ( ဒေါ်လာ ၅၂.၂ ဘီလီယမ် ဝန်းကျင်) လောက်သာ ရောင်းချနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၁၂ လအတွင်း ရောင်းအားအနည်းဆုံး ကွာတား ဖြစ်ခဲ့ပါတယ်။

ဒီလို အမြတ်ငွေ နည်းပါးသွားခြင်းဟာ စမတ်ဖုန်းနဲ့ Display Panel များ ရောင်းအား မကောင်းခြင်းကြောင့်လို့ ပြောပါတယ်။ Memory Chips များကတော့ ရောင်းအား ကောင်းနေပါတယ်။ Galaxy Smartphones များအတွက် တာဝန်ရှိတဲ့ IT & Mobile Communications ဌာနဟာ ရောင်းအား ၂၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ပမာဏအားဖြင့် ဝမ် ၃၀ ထရီလီယမ် ကနေ ဝမ် ၂၄ ထရီလီယမ်အထိ ကျဆင်းသွားပါတယ်။

ဆမ်ဆောင်းရဲ့ Semiconductor Business ကတော့ ရောင်းအား အလွန် ကောင်းနေပါတယ်။ ဒီဌာနဟာ NAND နဲ့ DRAM Memory Chips များကို ထုတ်လုပ်ရောင်းချတာ ဖြစ်ပြီး ဒုတိယ ကွာတားမှာ ရောင်းအားနဲ့ အမြတ်ငွေဟာ စံချိန်တင်လိုက်နိုင်ပါတယ်။ ကုမ္ပဏီရဲ့ ရောင်းအား စုစုပေါင်းရဲ့ ၃၇ ရာခိုင်နှုန်းနဲ့ အမြတ်ငွေ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်း ရှိပါတယ်။

ဆမ်ဆောင်းက ဒုတိယနှစ်ဝက်မှာ ရောင်းအား တိုးတက်လာဖို့ မျှော်လင့်ထားပါတယ်။ ဒုတိယ နှစ်ဝက်မှာ Flexible OLED Panels များ ရောင်းအား တက်မယ်လို့ ကုမ္ပဏီက တွက်ဆထားပါတယ်။ ဆမ်ဆောင်းဟာ ယခုနှစ် စက်တင်ဘာလမှာ မိတ်ဆက်မယ့် iPhone များအတွက် OLED Display များကို ထုတ်လုပ်ရောင်းချပေးဖွယ်ရှိနေပါတယ်။

Ref : gsmarena

You may be interested

Samsung Galaxy A40 စမတ္ဖုန္း ထြက္ရွိ
Mobiles & Tablets, NEWS, Samsung
0 shares0 views

Samsung Galaxy A40 စမတ္ဖုန္း ထြက္ရွိ

Nigma - Mar 21, 2019

Galaxy A Series ဖုန္းအသစ္ Galaxy A30 နဲ႔ Galaxy A50 တို႔ ျပည္တြင္းေစ်းကြက္ကို ဝင္ေရာက္လာခ်ိန္မွာ ေနာက္ထပ္ Galaxy A Series ဖုန္းအသစ္တမ်ိဳးကို နယ္သာလန္ႏိုင္ငံမွာ ထပ္မံ မိတ္ဆက္လိုက္ပါတယ္။ Galaxy A30 နဲ႔…

Messenger မွာ မက္ေဆ့တခုကို ေ႐ြးခ်ယ္ Reply ျပန္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ပါဝင္လာ
NEWS, Softwares & Application
59 shares208 views

Messenger မွာ မက္ေဆ့တခုကို ေ႐ြးခ်ယ္ Reply ျပန္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ပါဝင္လာ

Nigma - Mar 21, 2019

Messenger မွာ အဓိက လိုအပ္ေနတဲ့ လုပ္ေဆာင္ခ်က္အသစ္တခု ပါဝင္လာပါတယ္။ Quoted replies ဆိုတဲ့ လုပ္ေဆာင္ခ်က္ပါ။ မက္ေဆ့တခုကို ေ႐ြးခ်ယ္ၿပီး Reply ျပန္ေျပာႏိုင္တဲ့ လုပ္ေဆာင္ခ်က္ျဖစ္ပါတယ္။ သူငယ္ခ်င္းေတြ အမ်ားႀကီးနဲ႔ Group Chat ေျပာတဲ့အခါ တေယာက္တေပါက္နဲ႔ ျပန္ေျပာရတာ အခက္ေတြ႕ၾကမွာပါ။…

မတ္လကုန္မွာ Redmi Note 7 အလံုးေရ ၄ သန္း ေရာင္းခ်ႏုိင္ဖို႔ ႀကိဳးစားေနတဲ့ Xiaomi
Android, HUBS, Mobiles & Tablets
108 shares131 views

မတ္လကုန္မွာ Redmi Note 7 အလံုးေရ ၄ သန္း ေရာင္းခ်ႏုိင္ဖို႔ ႀကိဳးစားေနတဲ့ Xiaomi

Ko Thuya - Mar 21, 2019

Xiaomi က ဇန္န၀ါရီလ ၁၀ ရက္ေန႔မွာ Redmi Note 7 ကို ေၾကညာခဲ့ပါတယ္။ ေရွာင္မီရဲ႕ ဥကၠဌ ျဖစ္သူက ပထမဆံုး ေရာင္းတဲ့ လမွာ အလံုးေရ ၁ သန္းေရာင္းခ်ႏုိင္ဖို႔ ႀကိဳးစားမယ္လို႔ အဲဒီအခ်ိန္က ေျပာခဲ့ပါတယ္။ တကယ္လည္း…

Leave a Comment

Most from this category