284 Shares 332 Views


Aug 01, 2018
284 332





Ref : techradar

unicode

Lenovo က 5G Smartphone ကို သူ အရင်ဆုံး ထုတ်လုပ်မယ်လို့ ပြော

လီနိုဗိုက သူဟာ 5G Smartphone ကို အရင်ဆုံးထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်လာမယ်လို့ ပြောပါတယ်။ အဲဒီ စမတ်ဖုန်းမှာ Qualcomm Snapdragon 855 Chipset ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ လီနိုဗိုရဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ Chang Cheng က တရုတ်လူမှုကွန်ရက် ဝီဘိုမှာ ဒီကြေညာချက်ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်များကိုတော့ ကုမ္ပဏီက မပြောကြားသေးပါဘူး။ လီနိုဗိုက ယုံကြည်မှုရှိစွာ ပြောကြားခဲ့ပေမယ့် သူ့မှာ ပြိုင်ဖက်များစွာ ရှိပါတယ်။ ကုမ္ပဏီများစွာဟာ ယခုနှစ်ကုန် သို့မဟုတ် လာမယ့်နှစ် အစောပိုင်းမှာ 5D Devices များကိုရောင်းချဖို့ အပြိုင်အဆိုင် ကြိုးစားနေပါတယ်။

လီနိုဗိုရဲ့ 5G Smartphone ဟာ ဒီဇင်ဘာလ မတိုင်ခင်တော့ ရောင်းချဦးမှာ မဟုတ်သေးပါဘူး။ ဒါဟာ Qualcomm Snapdragon 855 Chipset ကြောင့်ဖြစ်ပါတယ်။ အဲဒီ Chipset ကို ကြေညာခြင်း မရှိသေးပါဘူး။ Qualcomm က ဒီဇင်ဘာလ ပထမအပတ်မှာ ကျင်းပမယ့် Snapdragon Summit မှာ အဲဒီ Chipset ကို ကြေညာနိုင်ပါတယ်။

လာမယ့်နှစ်မှာ ထုတ်လုပ်ရောင်းချမယ့် စမတ်ဖုန်းများမှာ 5G စွမ်းရည်ဟာ အဓိကနေရာကနေ ပါဝင်လာမှာ ဖြစ်ပါတယ်။ 5G Smartphone များ ပေါ်ထွက်လာမယ် ဆိုရင်တောင် 5G ကွန်ယက်ကို ချက်ချင်း အသုံးပြုလို့ ရမှာ မဟုတ်ပါဘူး။ Carrier များက 5G ကွန်ယက်အတွက် အဆင့်မြှင့်တင်ပေးမှသာ စားသုံးသူများ 5G ကို ဖုန်းများမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ref : techradar

You may be interested

SuperVOOC ရဲ့ မြန်နှုန်းမြင့် စွမ်းဆောင်ချက်တွေနဲ့ အံ့သြမင်သက်သွားစေမယ့် OPPO R17 Pro
Mobile & Tablets, Oppo
0 shares0 views

SuperVOOC ရဲ့ မြန်နှုန်းမြင့် စွမ်းဆောင်ချက်တွေနဲ့ အံ့သြမင်သက်သွားစေမယ့် OPPO R17 Pro

Ko Ko PR - Dec 18, 2018

SuperVOOC ရဲ့ မြန်နှုန်းမြင့် စွမ်းဆောင်ချက်တွေနဲ့ အံ့သြမင်သက်သွားစေမယ့် OPPO R17 Pro သင့်ရဲ့တစ်နေ့တာ လုပ်ဆောင်ချက်တွေထဲမှာ စိတ်ရှုပ်ရပြီး အနှောင့်အယှက်ပေးတာ တစ်ခုကိုပြောပါဆိုရင် ညမအိပ်ခင် ဖုန်းအားသွင်းရတာမျိုး၊ စိတ်မချရလို့ မအိပ်ခင် အားသွင်းထားတဲ့မီး ပြန်ပိတ်ရတာမျိုး၊ ဖုန်းအားပြည့်အောင် စောင့်ပြီးမှအိပ်ရတာမျိုး၊ မနက်မိုးလင်းလို့ အပြင်မသွားခင်…

LG က စက္ကူလို ခေါက်လိပ်နိုင်တဲ့ တီဗီကို ၂၀၁၉ ခုနှစ်မှာ ရောင်းချနိုင်
HUBS, LG, NEWS
0 shares0 views

LG က စက္ကူလို ခေါက်လိပ်နိုင်တဲ့ တီဗီကို ၂၀၁၉ ခုနှစ်မှာ ရောင်းချနိုင်

Ko Thuya - Dec 18, 2018

LG က CES 2018 မှာ စက္ကူလို ခေါက်လိပ်နိုင်တဲ့ တီဗီ နမူနာ မော်ဒယ်ကို ပြသခဲ့ပါတယ်။ အခုတော့ Bloomberg ရဲ့ သတင်းအရင်းအမြစ်တစ်ခုက အဲဒီ တီဗီကို လာမယ့်နှစ်မှာ ရောင်းမယ်လို့ ပြောပါတယ်။ ၆၅ လက်မ OLED…

Android Phone များရဲ့ Face Recognition ကို 3D Printed Head ဖြင့် လှည့်စားနိုင်ခဲ့
Android, Apple, HUBS
157 shares37 views

Android Phone များရဲ့ Face Recognition ကို 3D Printed Head ဖြင့် လှည့်စားနိုင်ခဲ့

Ko Thuya - Dec 18, 2018

စမတ်ဖုန်းများမှာ ဒေတာများကို ကာကွယ်ဖို့ အတွက် လက်ဗွေရာ အာရုံခံ နည်းပညာများ ထည့်သွင်းလာကြပါတယ်။ နောက်ပိုင်းမှာတော့ ပိုမို စိတ်ချရတဲ့ မျက်နှာ အာရုံခံ နည်းပညာများကို အသုံးပြုလာကြပါတယ်။ အဆင့်မြင့် မျက်နှာအာရုံခံ နည်းပညာကို ပထမဆုံး အသုံးပြုနိုင်တဲ့ ကုမ္ပဏီက Apple ဖြစ်ပါတယ်။…

Leave a Comment

Most from this category