2291 Shares 5724 Views

၇ လက်မ AMOLED Display , 5000mah Battery များပါတဲ့ Huawei Honor Note 10

Aug 01, 2018
2291 5724

Huawei Honor Note 10 ကိုတရားဝင်ကြေညာလိုက်ပါပြီ။ သူ့မှာ ၆.၉၅ လက်မ Full HD+(1080x2220p) AMOLED Display ထည့်သွင်းထားပြီး အထက်နဲ့ အောက်မှ ဘောင်များဟာ ပါးလွှာပါတယ်။ Notch မပါပါဘူး။ မျက်နှာပြင်ဟာ HDR10 ကို ထောက်ပံ့ပါတယ်။ ဟွာဝေး ကိုယ်တိုင် ထုတ်ထားတဲ့ Kirin 970 Chipset မောင်းနှင်မှာပါ။

Hybrid SIM Slot ဖြစ်တဲ့အတွက် microSD Card စိုက်ထားရင် SIM Card တစ်ခုသာ ထည့်နိုင်မှာပါ။ ဟွာဝေးက The Nine လို့ အမည်ပေးထားတဲ့ Liquid Cooling နည်းပညာကို Chipset မှာ ထည့်သွင်းထားပါတယ်။ ဖုန်းရဲ့ စွမ်းရည်ကို ၆၀ ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး စွမ်းအင်စားသံးမှုကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးတဲ့ GPU Turbo နည်းပညာပါပါတယ်။ ဒါ့အပြင် CPU Turbo နည်းပညာအသစ်ကိုပါ မိတ်ဆက်လိုက်ပြီး သူ့ကို Activate လုပ်ဖို့ သီးခြားခလုတ်တစ်ခု ပါလာပါတယ်။ သူ့ကို နှိပ်ရင် နောက်ကွယ်မှ အလုပ်များကို ပိတ်ပေးမှာပါ။ အဲဒီအတွက် ဂိမ်းကစားနေစဉ်မှာ CPU ကို ဂိမ်းအတွက်သာ အဓိက အသုံးပြုမှာပါ။

Honor Note 10 ရဲ့ အနောက်ဘက်မှာ 24MP+16MP Camera နဲ့ အရှေ့ဘက်မှာ 13MP Camera ပါပါတယ်။ ကင်မရာများမှာ ဥာဏ်ရည်တုနည်းပညာများ ပါပြီး ဓါတ်ပုံများကို ပိုမို လှပအောင် ဖန်တီးပေးပါတယ်။ Android 8.1 Oreo အခြေပြု EMUI 8.2 ပါပါတယ်။ အရွယ်ကြီးမားတဲ့ 5000mAh Battery ထည့်သွင်းထားပြီး လျှင်မြန်စွာ အားသွင်းနိုင်တဲ့ Super Charge ပါပါတယ်။

6GB/64GB Model ကို ၄၀၉ ဒေါ်လာ၊ 6GB/128GB ကို ၄၆၈ ဒေါ်လာနဲ စွမ်းရည်အမြင့်ဆုံး 8GB/128GB ကို ၅၂၇ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အနက်နဲ့ အပြာရောင်များ ထုတ်လုပ်ပေးထားပြီး တရုတ်မှာ ၀ယ်ယူနိုင်ပါပြီ။

Ref : gsmarena

unicode

၇ လကမြ AMOLED Display , 5000mah Battery မွားပါတဲ့ Huawei Honor Note 10





Ref : gsmarena

You may be interested

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
FEATURES, gadgets, Life Style
0 shares0 views

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ

Ko Thuya - Feb 17, 2019

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများကို ဖော်ပြပေးလိုက်ပါတယ်။ 11/2/2019 48MP Camera ပါလာမယ့် Vivo V15 Pro AR Navigation Feature ကို Google Maps မှာ စမ်းသပ်နေ 12/2/2019 ဆိုက်ဘာ လုံခြုံရေး အတွက်…

LG က ၂၄ ရက်နေ့မှာ 5G Phone ကို ကြေညာမည်
Android, HUBS, LG
88 shares12 views

LG က ၂၄ ရက်နေ့မှာ 5G Phone ကို ကြေညာမည်

Ko Thuya - Feb 17, 2019

နာမည်ကျော် Leaker တစ်ဦး ဖြစ်တဲ့ Evan Blass က LG ရဲ့ 5G Phone ဖြစ်တဲ့ V50 ThinQ ကို မျှဝေလိုက်ပါတယ်။ ဓါတ်ပုံမှ ဖုန်းပုံတွင် ၂၄ ရက်ကို ပြသထားတာကို မြင်ရတဲ့ အတွက်…

FullHD Display နဲ့ Android 9.0 Pie ပါလာမယ့် Huawei P30 နဲ့ P30 Pro
Android, Huawei, HUBS
136 shares27 views

FullHD Display နဲ့ Android 9.0 Pie ပါလာမယ့် Huawei P30 နဲ့ P30 Pro

Ko Thuya - Feb 17, 2019

Huawei က မတ်လကုန်မှာ P30 Series များကို ပြင်သစ်နိုင်ငံ ပဲရစ်တွင် ကြေညာမယ်လို့ ပြောထားပါတယ်။ Huawei P20 ကိုလည်း ပြီးခဲ့တဲ့ နှစ် မတ်လကုန်မှာ ပဲရစ်တွင် ကြေညာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ P30 နဲ့ P30…

Leave a Comment

Most from this category