0 Shares 4861 Views
LG က V35 ThinQ Signature Edition ကို ပြသ
Jul 31, 2018
0 4861
Ref : gsmarena
unicode
LG က V35 ThinQ Signature Edition ကို ပွသ
LG က တောင်ကိုရီးယားမှာ V35 ThinQ Signature Edition ကို ပြသလိုက်ပါတယ်။ သူ့မှာတောက်ပြောင်တဲ့ အနောက်ကာဗာ တပ်ဆင်ထားပြီး ခြစ်ရာများကို ခံနိုင်ပါတယ်။ အနက်နဲ့ အဖြူရောင်များ ထုတ်လုပ်ပေးထားပါတယ်။ သူနဲ့အတူ Bang & Olufsen Headphone ကိုလည်း ထည့်သွင်းထားပါတယ်။ သားရေ Case ကို ဖန်တီးပေးထားပါတယ်။ ဖုန်းမှာ သင့်အမည်ကို ရေးထွင်းနိုင်ပါတယ်။ အလုံးရေ ၃၀၀ သာ ရောင်းပေးမှာပါ။ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး သြဂုတ်လ ၁၃ ရက်မှာ ရောင်းမှာပါ။ ၁၈၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။
Specs များက V35 ThinQ နဲ့ တူညီပါတယ်။ သူ့မှာ ၆ လက်မ FullVision OLED Display တပ်ဆင်ထားပြီး HDR10 ကို ထောက်ပံ့ပါတယ်။ ကင်မရာ အပိုင်းမှာ တိုးတက်လာပြီး LG G7 ThinQ ရဲ့ 16MP Dual Camera ကို သုံးထားပါတယ်။ V30 မှာ 16+13MP သာပါပါတယ်။ အရှေ့ဘက်မှာ 5MP အစား 8MP Camera ကို သုံးထားပါတယ်။ ပင်မ ကင်မရာမှာ G7 မှာလို Super Bright Camera Mode ပါပါတယ်
LG ရဲ့ Signature ဖြစ်တဲ့ Quad DAC အသံစွမ်းရည်ပါလာပါတယ်။ IP68 စံနှုန်း ရှိပါတယ်။ 3300mAh Battery ထည့်သွင်းထားပြီး G7 ရဲ့ ဘက်ထရီထက် ၁၀ ရာခိုင်နှုန်း ပိုမိုကြီးမားပါတယ်။ ကြိုးမဲ့ အားသွင်း စနစ် ပါသလို Quick Charge 3.0 လည်း ထည့်သွင်းထားပါတယ်။
Snapdragon 845 , 6GB RAM , 256GB Storage များ ထည့်သွင်းထားပါတယ်။ microSD Card စိုက်နိုင်ပါတယ်။ Android 8.0 Oreo နဲ့အတူ ThinQ ဉာဏ်ရည်တု နည်းပညာကို သုံးနိုင်မှာပါ။ သူ့မှာ Notch မပါပါဘူး။
Ref : gsmarena
You may be interested
Elon Musk က စိတ်နဲ့ ကွန်ပြူတာများကို ထိန်းချုပ်နိုင်တဲ့ နည်းပညာကို ဖန်တီးနေ
NEWS, Tech Update
0 shares0 views
Elon Musk က စိတ်နဲ့ ကွန်ပြူတာများကို ထိန်းချုပ်နိုင်တဲ့ နည်းပညာကို ဖန်တီးနေ
Ko Thuya - Jul 21, 2019
သိပ္ပံပညာရှင်များက ကွန်ပြူတာများကို စိတ်နဲ့ ထိန်းချုပ်နိုင်တဲ့ နည်းပညာများကို ဖန်တီးနေကြပါတယ်။ အဲဒီ နည်းပညာဟာ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများအတွက် အရမ်းကို အသုံးဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြား ကဏ္ဍများမှာလည်း ဒီနည်းပညာကို အသုံးချနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ နည်းပညာကို ဖန်တီးနေတဲ့ ကုမ္ပဏီများထဲမှာ…
iPhone ကနေ Android Phone ပြောင်းကိုင်မှု များပြားနေ
Android, Apple, HUBS
0 shares35 views
iPhone ကနေ Android Phone ပြောင်းကိုင်မှု များပြားနေ
Ko Thuya - Jul 21, 2019
စမတ်ဖုန်း အဟောင်းများကို အသစ်များနဲ့ လဲလှယ်ပေးတဲ့ BankMyCell ရဲ့ ဒေတာများအရ iPhone ကနေ Samsung Phone ပြောင်းကိုင်မှု များပြားနေတယ်လို့ သိရပါတယ်။ iPhone အဟောင်း ပိုင်ရှင်များဟာ iPhone အသစ်များနဲ့ လဲလှယ်ခြင်း မရှိတော့ဘဲ အခြား ဘရန်းများကို…
Redmi က သူ့ရဲ့ ပထမဆုံး Power Banks များကို ရောင်းချ
HUBS, NEWS, Storage Devices
0 shares52 views
Redmi က သူ့ရဲ့ ပထမဆုံး Power Banks များကို ရောင်းချ
Ko Thuya - Jul 21, 2019
Redmi က စမတ်ဖုန်းများ အပြင် ပါဝါဘန့်များကို ထုတ်လုပ်ရောင်းချလိုက်ပါတယ်။ ကုမ္ပဏီရဲ့ ပထမဆုံး ပါဝါဘန့်များ ဖြစ်ပါတယ်။ 10000mAh နဲ့ 20000mAh Power Bank များ ဖြစ်ပြီး ၅၉ ယွမ်နဲ့ ၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။…
Leave a Comment
Most from this category