228 Shares 65 Views
Jul 31, 2018
228 65
unicode
OnePlus 3 နဲ့ 3T တို့အတွက် Android P ရမည်
OnePlus က နှစ်နှစ်ကြာ သက်တမ်းရှိတဲ့ 3 နဲ့ 3T တို့အတွက် Android P ကို ဖြန့်ချီပေးမယ်လို့ ကြေညာလိုက်ပါတယ်။ ကုမ္ပဏီက သူတို့ရဲ့ ဖိုရမ်မှာ ဒီကြေညာချက်ကို ပြုလုပ်ခဲ့တာပါ။ ကုမ္ပဏီက စားသုံးသူများရဲ့ တောင်းဆိုမှုကြောင့် ဒီလိုပြုလုပ်ပေးလိုက်တာပါလို့ ပြောပါတယ်။ OnePlus က “ ကုမ္ပဏီမှာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက်မှာ 3/3T တို့အတွက် Android P ကို ဖြန့်ချီပေးဖို့ သဘောတူညီလိုက်ပါတယ်။ Android 8.1 ကိုတော့ မထုတ်လုပ်ပေးတော့ပါဘူး။ “ လို့ ပြောပါတယ်။
ကုမ္ပဏီက 3/3T တို့အတွက် Android P ကို အဓိက ပြုလုပ်ပေးမှာ ဖြစ်ပြီး Android 8.1 Update ကိုတော့ မဖြန့်ချီပေးတော့ဘူးလို့ ပြောပါတယ်။ သူတို့ဟာ လက်ရှိမှာ Android 8.0 ကို ရရှိထားတာဖြစ်ပါတယ်။ Android P ကို ဖြန့်ချီပေးမယ့်အချိန်ကိုတော့ ကုမ္ပဏီက ပြောကြားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် Android P ကို OnePlus 6 , OnePlus 5 , OnePlus 5T တို့အတွက် အရင်ဆုံး ဖြန့်ချီပေးမှာ ဖြစ်ပြီး အဲဒီနောက်မှာ 3/3T တို့မှာ ရရှိမှာ ဖြစ်ပါတယ်။
OnePlus က 6 အတွက် Android P Beta ကိုဖြန့်ချီပေးဖို့ Google နဲ့ ပူးပေါင်းလုပ်ကိုင်နေပါတယ်။ 3 / 3T တို့မှာ ရရှိဖို့တော့ အချိန်ကြာနိုင်ပါသေးတယ်။ ယခုနှစ်ကုန် သို့မဟုတ် လာမယ့်နှစ် အစောပိုင်းမှာ ရရှိနိုင်မယ်လို့ ထင်ရပါတယ်။
Ref : techradar, gsmarena
You may be interested
စကိတ်စီး ၀ါသနာရှင်များအတွက် Epic Skater 2
Android, FEATURES, Games
0 shares0 views
စကိတ်စီး ၀ါသနာရှင်များအတွက် Epic Skater 2
Ko Thuya - Feb 23, 2019
Epic Skater 2 ဟာ စကိတ်စီး ၀ါသနာရှင်များအတွက် ဂိမ်း ဖြစ်ပါတယ်။ တီထွင် ဖန်တီးမှုများဟာ အလွန်ကောင်းပါတယ်။ စိတ်လှုပ်ရှားစွာ ကစားရမှာပါ။ ဒါပေမယ့် ဂရပ်ဖစ် အပိုင်းမှာ သူက အနည်းငယ် အားနည်းပါတယ်။ သူဟာ အလွန်ကောင်းမွန်ပြီး အခမဲ့ ကစားနိုင်တဲ့…
သင့် Browser ကို နှေးကွေးစေတဲ့ Browser Extensions တွေကို ဘယ်လို ရှာမလဲ
FEATURES, HOW TO, Softwares & Application
94 shares16 views
သင့် Browser ကို နှေးကွေးစေတဲ့ Browser Extensions တွေကို ဘယ်လို ရှာမလဲ
Ko Thuya - Feb 23, 2019
Browser Extensions တွေဟာ အသုံးဝင်လှပါတယ်။ဒါပေမယ့် Browser Extensions တွေက သင့် System ရဲ့  Memory ကို အသုံးပြုနေကြပါတယ်။Browser Extensions အများအပြားအသုံးပြုခြင်းဟာ သင့် Browser ကို လေးလံစေပါတယ်။ အဲဒီအတွက် Memory အသုံးပြုမှုများတဲ့…
လာမယ့်တစ်ပတ်မှာ Redmi Note 7 Pro ကို ကြေညာမည်
Android, HUBS, Mobiles & Tablets
466 shares79 views
လာမယ့်တစ်ပတ်မှာ Redmi Note 7 Pro ကို ကြေညာမည်
Ko Thuya - Feb 23, 2019
Redmi ရဲ့ စီအီးအိုက Note 7 Pro ကို လာမယ့်တစ်ပတ်မှာ ကြေညာမယ်လို့ ၀ီဘိုကနေ အတည်ပြုလိုက်ပါတယ်။ သူ့မှာ 48MP Camera ပါလာမှာ ဖြစ်ပြီး Sony IMX586 ဖြစ်ပါတယ်။ မကြာခင်ကလည်း Redmi India က…
Leave a Comment
Most from this category