0 Shares 77 Views

လာမယ့္ႏွစ္မွွာေရာင္းမယ့္ BMW ရဲ႕ စမတ္နာရီ

Jul 31, 2018
0 77

BMW ရဲ႕ Fans ေတြအတြက္ ကုမၸဏီက သူ႔ရဲ႕ ပထမဆံုး စမတ္နာရီကို လာမယ့္ႏွစ္မွာ ထုတ္လုပ္ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။ BMW နဲ႔ Fossil Group တို႔ ပူးေပါင္းၿပီး နာရီနဲ႔ စမတ္နာရီမ်ားကို ဖန္တီးမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ BMW Brand အေနနဲ႔ ထြက္ရွိလာမွာျဖစ္ပါတယ္။

သူ႔ရဲ႕ ဒီဇိုင္းနဲ႔ Specs မ်ားကိုေတာ့ လက္ရွိမွာမသိရေသးပါဘူး။ ဒါေပမယ့္ Concept Image ကိုေတာ့ ကုမၸဏီက ျပသထားပါတယ္။ လာမယ့္ႏွစ္မွာ ေရာင္းခ်မယ္ဆိုေပမယ့္ အခ်ိန္အတိအက်ကို မသိရေသးပါဘူး။ Fossil Group ဟာ Diesel, Emporio Armiani, Kate Spade နဲ႔ Michael Kors တို႔လို Brand မ်ားအတြက္ စမတ္နာရီမ်ားကို ဖန္တီးေပးေနပါတယ္။

အခုေတာ့ BMW အတြက္ပါ စမတ္နာရီကို ဖန္တီးေပးေတာ့မွာပါ။ “ BMW ဟာ ကမာၻမွာ နာမည္အႀကီးဆံုး Brand မ်ားထဲမွ တစ္ခု ျဖစ္ပါတယ္။ ကြ်န္ေတာ္တို႔ သူ႔အတြက္ အေကာင္းဆံုး ဖန္တီးေပးမွာ ျဖစ္ပါတယ္။ ကမာၻအ၀န္းမွ BMW Fans မ်ား စိတ္ေက်နပ္ေအာင္ ဖန္တီးေပးမွာပါ။ “ လို႔ Fossil Group ရဲ႕ စီအီးအို ျဖစ္သူ Kosta Kartsotis က ေျပာပါတယ္။

BMW နဲ႔ Fossil Group တို႔ဟာ ၂၀၂၃ ခုႏွစ္ မတိုင္ခင္အထိ ပူးေပါင္းဖို႔ သေဘာတူညီမႈ ရယူထားပါတယ္။ အဲဒီအတြက္လာမယ့္ ေလးႏွစ္အတြင္းမွာ BMW ရဲ႕ စမတ္နာရီမ်ားစြာကို ျမင္ရႏုိင္ပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီလမွာ Fossil Group က Puma အတြက္ စမတ္နာရီမ်ားကို ဖန္တီးေပးမွာ ျဖစ္ၿပီး လာမယ့္ႏွစ္မွာ ေရာင္းခ်မယ္လို႔ ေၾကညာခဲ့ပါတယ္။

Ref : techradar

unicode

လာမယ့်နှစ်မှာရောင်းမယ့် BMW ရဲ့ စမတ်နာရီ

BMW ရဲ့ Fans တွေအတွက် ကုမ္ပဏီက သူ့ရဲ့ ပထမဆုံး စမတ်နာရီကို လာမယ့်နှစ်မှာ ထုတ်လုပ်ရောင်းချပေးမှာ ဖြစ်ပါတယ်။ BMW နဲ့ Fossil Group တို့ ပူးပေါင်းပြီး နာရီနဲ့ စမတ်နာရီများကို ဖန်တီးမယ်လို့ အတည်ပြုလိုက်ပါတယ်။ BMW Brand အနေနဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။

သူ့ရဲ့ ဒီဇိုင်းနဲ့ Specs များကိုတော့ လက်ရှိမှာမသိရသေးပါဘူး။ ဒါပေမယ့် Concept Image ကိုတော့ ကုမ္ပဏီက ပြသထားပါတယ်။ လာမယ့်နှစ်မှာ ရောင်းချမယ်ဆိုပေမယ့် အချိန်အတိအကျကို မသိရသေးပါဘူး။ Fossil Group ဟာ Diesel, Emporio Armiani, Kate Spade နဲ့ Michael Kors တို့လို Brand များအတွက် စမတ်နာရီများကို ဖန်တီးပေးနေပါတယ်။

အခုတော့ BMW အတွက်ပါ စမတ်နာရီကို ဖန်တီးပေးတော့မှာပါ။ “ BMW ဟာ ကမ္ဘာမှာ နာမည်အကြီးဆုံး Brand များထဲမှ တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ သူ့အတွက် အကောင်းဆုံး ဖန်တီးပေးမှာ ဖြစ်ပါတယ်။ ကမ္ဘာအဝန်းမှ BMW Fans များ စိတ်ကျေနပ်အောင် ဖန်တီးပေးမှာပါ။ “ လို့ Fossil Group ရဲ့ စီအီးအို ဖြစ်သူ Kosta Kartsotis က ပြောပါတယ်။

BMW နဲ့ Fossil Group တို့ဟာ ၂၀၂၃ ခုနှစ် မတိုင်ခင်အထိ ပူးပေါင်းဖို့ သဘောတူညီမှု ရယူထားပါတယ်။ အဲဒီအတွက်လာမယ့် လေးနှစ်အတွင်းမှာ BMW ရဲ့ စမတ်နာရီများစွာကို မြင်ရနိုင်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ Fossil Group က Puma အတွက် စမတ်နာရီများကို ဖန်တီးပေးမှာ ဖြစ်ပြီး လာမယ့်နှစ်မှာ ရောင်းချမယ်လို့ ကြေညာခဲ့ပါတယ်။

Ref : techradar

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category