408 Shares 177 Views

VOOC နဲ႔ Notch ပါလာမယ့္ Oppo F9 Pro

Jul 31, 2018
408 177

Oppo ရဲ႕ မေလးရွား ရံုးက F9 စမတ္ဖုန္းရဲ႕ Teaser ကို တြစ္တာမွာ မၾကာခင္က ျပသခဲ့ပါတယ္။ သူ႔အတြက္ Pro Version ကိုလည္း ထုတ္လုပ္ေရာင္းခ်မယ္လို႔ ထင္ခဲ့ၾကပါတယ္။ အခုေတာ့ Oppo က Pro Version ကို အတည္ျပဳလိုက္ပါတယ္။ Oppo F9 Pro ရဲ႕ ဓါတ္ပံုကိုလည္းျပသလို္က္ပါတယ္။ ႀတိဂံပံုသ႑ာန္ Notch ကို ေတြ႕ျမင္ရပါတယ္။ လွ်င္ျမန္စြာ အားသြင္းနိုင္တဲ့ VOOC နည္းပညာပါလာမယ္လို႔ ေရးသားထားပါတယ္။

Oppo F9 Pro မွာ အေနာက္ကင္မရာ ႏွစ္လံုးကို အလ်ားလိုက္ တပ္ဆင္ထားမွာ ျဖစ္ပါတယ္။ အေနာက္ကာဗာရဲ႕ အေရာင္ဟာ အနီကေန ပန္းေရာင္၊ ပန္းေရာင္ကေန ခရမ္းေရာင္ ေျပာင္းလဲႏုိင္တာက ထူးျခားပါတယ္။ ပတ္၀န္းက်င္ အလင္းေရာင္ အေပၚ မူတည္၍ ေျပာင္းလဲတာလား၊ ပံုေသ ေျပာင္းလဲတာလား ဆိုတာကို မသိရေသးပါဘူး။

စကရင္ရဲ႕ ဘယ္နဲ႔ ညာဘက္မွ ေဘာင္မ်ားဟာ မရွိသေလာက္ကို ပါးလႊာပါတယ္။ အထက္မွ ေဘာင္ကလည္း ထိုနည္းလည္းေကာင္း ျဖစ္ပါတယ္။ ေအာက္ဘက္ေဘာင္ကေတာ့ မဆိုစေလာက္ ထူထဲပါတယ္။ လက္ေဗြရာ အာရံုခံ ကိရိယာကို အေနာက္ဘက္မွာ တပ္ဆင္ထားမယ္လို႔ ထင္ရပါတယ္။

VOOC ဟာ Oppo ရဲ႕အလြန္လွ်င္ျမန္တဲ့ အားသြင္း နည္းပညာ ျဖစ္ပါတယ္။ ဒီနည္းပညာကို စြမ္းရည္သင့္ R Series နဲ႔ Find Series မ်ားမွာ ထည့္သြင္းေပးေလ့ရွိပါတယ္။ ဒါေပမယ့္ ေနာက္ပုိင္းမွာ F Series မ်ားမွာပါ ထည့္သြင္းေပးလာပါတယ္။ ၂၀၁၇ ခုႏွစ္မွာ ေၾကညာခဲ့တဲ့ F3 Plus မွာ ဒီနည္းပညာ စတင္ ပါလာပါတယ္။ သူဟာ 20W ကို ထုတ္လႊတ္ေပးႏုိင္ၿပီး ၃၀ မိနစ္အတြင္းမွာ ၅၀ ရာခုိင္ႏႈန္း အားျဖည့္ေပးပါတယ္။

Ref : gsmarena

unicode

VOOC နဲ့ Notch ပါလာမယ့် Oppo F9 Pro

Oppo ရဲ့ မလေးရှား ရုံးက F9 စမတ်ဖုန်းရဲ့ Teaser ကို တွစ်တာမှာ မကြာခင်က ပြသခဲ့ပါတယ်။ သူ့အတွက် Pro Version ကိုလည်း ထုတ်လုပ်ရောင်းချမယ်လို့ ထင်ခဲ့ကြပါတယ်။ အခုတော့ Oppo က Pro Version ကို အတည်ပြုလိုက်ပါတယ်။ Oppo F9 Pro ရဲ့ ဓါတ်ပုံကိုလည်းပြသလိုက်ပါတယ်။ တြိဂံပုံသဏ္ဍာန် Notch ကို တွေ့မြင်ရပါတယ်။ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ VOOC နည်းပညာပါလာမယ်လို့ ရေးသားထားပါတယ်။

Oppo F9 Pro မှာ အနောက်ကင်မရာ နှစ်လုံးကို အလျားလိုက် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ အနောက်ကာဗာရဲ့ အရောင်ဟာ အနီကနေ ပန်းရောင်၊ ပန်းရောင်ကနေ ခရမ်းရောင် ပြောင်းလဲနိုင်တာက ထူးခြားပါတယ်။ ပတ်ဝန်းကျင် အလင်းရောင် အပေါ် မူတည်၍ ပြောင်းလဲတာလား၊ ပုံသေ ပြောင်းလဲတာလား ဆိုတာကို မသိရသေးပါဘူး။

စကရင်ရဲ့ ဘယ်နဲ့ ညာဘက်မှ ဘောင်များဟာ မရှိသလောက်ကို ပါးလွှာပါတယ်။ အထက်မှ ဘောင်ကလည်း ထိုနည်းလည်းကောင်း ဖြစ်ပါတယ်။ အောက်ဘက်ဘောင်ကတော့ မဆိုစလောက် ထူထဲပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကို အနောက်ဘက်မှာ တပ်ဆင်ထားမယ်လို့ ထင်ရပါတယ်။

VOOC ဟာ Oppo ရဲ့အလွန်လျှင်မြန်တဲ့ အားသွင်း နည်းပညာ ဖြစ်ပါတယ်။ ဒီနည်းပညာကို စွမ်းရည်သင့် R Series နဲ့ Find Series များမှာ ထည့်သွင်းပေးလေ့ရှိပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ F Series များမှာပါ ထည့်သွင်းပေးလာပါတယ်။ ၂၀၁၇ ခုနှစ်မှာ ကြေညာခဲ့တဲ့ F3 Plus မှာ ဒီနည်းပညာ စတင် ပါလာပါတယ်။ သူဟာ 20W ကို ထုတ်လွှတ်ပေးနိုင်ပြီး ၃၀ မိနစ်အတွင်းမှာ ၅၀ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။

Ref : gsmarena

You may be interested

Samsung Galaxy S10 မွာ Infinity-O Display နဲ႔ Ultrasonic Fingerprint Scanner ပါမည္
Android, HUBS, Mobiles & Tablets
0 shares0 views

Samsung Galaxy S10 မွာ Infinity-O Display နဲ႔ Ultrasonic Fingerprint Scanner ပါမည္

Ko Thuya - Nov 14, 2018

လာမယ့္ႏွစ္မွာ ေၾကညာမယ့္ Samsung Galaxy S10 ရဲ႕ သတင္းအခ်က္အလက္မ်ား အခု ကတည္းက ေပါက္ၾကားထြက္ေပၚေနပါတယ္။ အခုလည္း Evan Blass က သူ႔မွာ မ်က္ႏွာျပင္ေအာက္ Selfie ကင္မရာ ထည့္သြင္းထားမယ္လို႔ ေျပာပါတယ္။ Infinity-O Notch ပါလာႏုိင္တာေၾကာင့္…

Waymo ရဲ႕ ေမာင္းသူမဲ့ တကၠစီ ဝန္ေဆာင္မႈကို လာမယ့္လမွာ စတင္မည္
Automobiles, NEWS, Tech Update
34 shares5 views

Waymo ရဲ႕ ေမာင္းသူမဲ့ တကၠစီ ဝန္ေဆာင္မႈကို လာမယ့္လမွာ စတင္မည္

Ko Thuya - Nov 14, 2018

Waymo က ဒီဇင္ဘာလ အေစာပိုင္းမွာ ေမာင္းသူမဲ့ တကၠစီ ၀န္ေဆာင္မႈကို စတင္ေတာ့မယ္လို႔ အမည္မေဖာ္ျပထားတဲ့ အရင္းအျမစ္တစ္ခုက Bloomberg ကို ေျပာပါတယ္။ Phoenix Arizona မွာ ၀န္ေဆာင္မႈကို ျပဳလုပ္ေပးမယ္လို႔ ထင္ရပါတယ္။ အဲဒီ ေဒသမွာ ကုမၸဏီက ေမာင္းသူမဲ့…

Amazon ထက္ ေရာင္းအားေကာင္းခဲ့တဲ့ Alibaba ရဲ႕ Singles Day
NEWS
305 shares36 views

Amazon ထက္ ေရာင္းအားေကာင္းခဲ့တဲ့ Alibaba ရဲ႕ Singles Day

Ko Thuya - Nov 14, 2018

Alibaba က ႏုိ၀င္ဘာလ ၁၁ ရက္ေန႔မွာ ၁၀ ႀကိမ္ေျမာက္ Singles Day ေစ်းေရာင္းပြဲေတာ္ကို ျပဳလုပ္ေပးခဲ့ၿပီး ေဒၚလာ ၃၀.၈ ဘီလီယံဖိုးျဖင့္ ေရာင္းအား စံခ်ိန္တင္သြားခဲ့ပါတယ္။ ၂၄ နာရီအတြင္းမွာ အဲဒီ ပမာဏကို ေရာင္းခ်ႏုိင္ခဲ့တာျဖစ္ပါတယ္။ ၁ မိနစ္နဲ႔…

Leave a Comment

Most from this category