Xiaomi Mi 8 Explorer ကို ၅၃၀ ဒေါ်လာဖြင့် ရောင်းပြီ

ရှောင်မီက Mi 8 Series စမတ်ဖုန်း သုံးလုံးကို ကြေညာခဲ့ပါတယ်။ သာမာန် မော်ဒယ်၊ ဈေးသက်သာတဲ့ Mi 8 SE နဲ့ စွမ်းရည်မြင့် Mi 8 Explorer တို့ ဖြစ်ပါတယ်။ Mi 8 Explorer ရဲ့ အနောက်ဘက်ကို ဖောက်ထွင်းမြင်ရအောင် ဖန်တီးထားပြီး Face ID ပါပါတယ်။ အခုတော့ Mi 8 Explorer ကို Mi Store ကနေ ၅၃၀ ဒေါ်လာဖြင့် ရောင်းချပေးလိုက်ပါတယ်။

Mi 8 Explorer Edition ကတော့ Mi 8 နဲ့ Specification တွေအကုန်တူတူပါပဲ။ မတူတာကတွေကတော့ သူ့မှာ In-Display Fingerprint Sensor ရော iPhone X လို Face ID ပါ ပါဝင်လာတာပါ။ သာမန် Face Unlock တွေထက်ပိုတိကျတဲ့ 3D Facial Recognition နဲ့ဆိုတော့ Apple လိုမျိုး လုံခြုံရေးစနစ်ကိုကောင်းကောင်းမြင့်တင်ပေးနိုင်ပါလိ့မ်မယ်။

Mi 8 Explorer မှာ ၆.၂၁ လက်မ Super AMOLED Display ထည့်သွင်းထားပါတယ်။ Snapdragon 845 Chipset , 8GB RAM , 128GB Storage များ ထည့်သွင်းထားပါတယ်။ microSD Card Slot မပါပါဘူး။ အနောက်ဘက်မှာ 12+12MP Dual Camera များ တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 20MP Camera တစ်လုံးသာ ပါပါတယ်။ 3000mAh Battery ထည့်သွင်းထားပါတယ်။

Ref : gsmarena

unicode

Xiaomi Mi 8 Explorer ကို ၅၃၀ ဒေါ်လာဖြင့် ရောင်းပြီ

%d bloggers like this: