0 Shares 305 Views

၆.၁ နဲ႔ ၆.၅ လက္မ iPhone မ်ားရဲ႕ ဓါတ္ပံုမ်ား ထြက္ေပၚလာ

Jul 30, 2018
0 305

Apple က စက္တင္ဘာလမွာ အုိင္ဖုန္း အသစ္သံုးလံုးကိုမိတ္ဆက္ေတာ့မွာ ျဖစ္ပါတယ္။ သူတို႔ရဲ႕ သတင္းအခ်က္အလက္မ်ားဟာလည္း အြန္လိုင္းမွာ ေပါက္ၾကားထြက္ေပၚေနပါတယ္။ အခုလည္း ၆.၁ နဲ႔ ၆.၅ လက္မ အိုင္ဖုန္းမ်ားရဲ႕ ဒီဇိုင္းကိုျပသထားတဲ့ Dummy Models မ်ားကို Ben Geskin ဆိုသူက တြစ္တာမွာ ျဖန္႔ေ၀လိုက္ပါတယ္။ သူက တြစ္တာ ပို႔္စ္မွာ ဓါတ္ပံုမ်ားနဲ႔အတူ “2018 iPhone X Plus (6.5-inch) and iPhone (6.1-inch) Dummy Models “ လို႔ စာသား ေရးသားထားပါတယ္။

ယခင္သတင္းမ်ားအတိုင္းပဲ ၆.၁ လက္မ LCD iPhone ရဲ႕ အေနာက္ဘက္မွာ ကင္မရာ ၁ လံုးသာပါပါတယ္။ သူဟာ အုိင္ဖုန္း သံုးလံုးထဲမွာ တန္ဖိုးအနည္းဆံုး ျဖစ္ပါတယ္။ Stainless Steel အစား အလူမီနီယမ္ ကိုယ္ထည္ကိုအသံုးျပဳထားပါတယ္။ 3D Touch ကို ဖယ္ရွားထားၿပီး FaceID ပါလာမွာပါ။ သူတို႔ ႏွစ္လံုးဟာ အေရွ႕ဘက္အပိုင္းမွာ iPhone X နဲ႔ အလြန္ တူပါတယ္။ တန္ဖိုးနည္း အိုင္ဖုန္းကို ႏို၀င္ဘာလေနာက္ပိုိင္းမွ ေရာင္းမွာပါ။

Apple က စက္တင္ဘာလမွာ အိုင္ဖုန္းမ်ားနဲ႔အတူ တက္ဘလက္ အသစ္မ်ားကို မိတ္ဆက္မယ္လို႔ ထင္ရပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက ဂ်ပန္မွ ထြက္ေပၚလာတဲ့ သတင္းအရ Apple ဟာ ေနာက္ထုတ္မယ့္ iPad Pro အသစ္မ်ားမွာ အရြယ္အစားကို က်စ္လစ္ေအာင္ ဖန္တီးထားၿပီး ေနာက္ဆံုးထြက္ အိုင္ဖုန္းမ်ားမွာလို တက္ဘလက္အသစ္မ်ားမွာ နားၾကပ္ေပါက္ကို ဖယ္ရွားထားမယ္လို႔ သိရပါတယ္။

ဂ်ပန္မွ သတင္းအရ အိုင္ပတ္ အသစ္မ်ားမွာ FaceID လည္း ပါလာမယ္လို႔ ေရးသားထားပါတယ္။ ဒီသတင္းကေတာ့ ထြက္ေနတာ ၾကာပါၿပီ။ အိုင္ပတ္အသစ္မွာ စကရင္ရဲ႕ ထိပ္မွာ Notch လည္း ပါလာႏုိင္ပါတယ္။ အဲဒီအတြက္ သူ႔ရဲ႕ မ်က္ႏွာျပင္ ေဘးေဘာင္မ်ားဟာ အလြန္ ပါးလႊာမွာ ျဖစ္ပါတယ္။ iOS 12 မွာ Face ID အတြက္ Multi-User ကို ေထာက္ပံံ့လာမယ့္အတြက္ အိုင္ပတ္အသစ္မွာ Face ID ပါလာမွာ ပိုၿပီး ေသခ်ာေစပါတယ္။ Multi-User ကို ေထာက္ပံ့ျခင္းဟာ အိုင္ဖုန္း ကိုင္သူမ်ားအတြက္ေတာ့ သိပ္မလိုအပ္ဘဲ အိုင္ပတ္ကို မွ်ေ၀ အသံုးျပဳတဲ့ လူမ်ားအတြက္ေတာ့ အသံုး၀င္လာမွာ ျဖစ္ပါတယ္။

အိုင္ပတ္ရဲ႕ ဒီဇိုင္းကိုလည္း ဆန္းသစ္ထားမွာ ျဖစ္ပါတယ္။ Home Button ကို ဖယ္ရွားထားမွာ ျဖစ္ၿပီး iPhone X မွာလို Gesture Navigation မ်ားကို သံုးရမွာ ျဖစ္ပါတယ္။ Control Center ကို သံုးတဲ့အခါမွာ iOS 12 Beta မွာ Gesture Navigation အသစ္မ်ား ပါလာပါတယ္။

Ref : gsmarena

unicode

၆.၁ နဲ့ ၆.၅ လက်မ iPhone များရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ

Apple က စက်တင်ဘာလမှာ အိုင်ဖုန်း အသစ်သုံးလုံးကိုမိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း ၆.၁ နဲ့ ၆.၅ လက်မ အိုင်ဖုန်းများရဲ့ ဒီဇိုင်းကိုပြသထားတဲ့ Dummy Models များကို Ben Geskin ဆိုသူက တွစ်တာမှာ ဖြန့်ဝေလိုက်ပါတယ်။ သူက တွစ်တာ ပို့်စ်မှာ ဓါတ်ပုံများနဲ့အတူ “2018 iPhone X Plus (6.5-inch) and iPhone (6.1-inch) Dummy Models “ လို့ စာသား ရေးသားထားပါတယ်။

ယခင်သတင်းများအတိုင်းပဲ ၆.၁ လက်မ LCD iPhone ရဲ့ အနောက်ဘက်မှာ ကင်မရာ ၁ လုံးသာပါပါတယ်။ သူဟာ အိုင်ဖုန်း သုံးလုံးထဲမှာ တန်ဖိုးအနည်းဆုံး ဖြစ်ပါတယ်။ Stainless Steel အစား အလူမီနီယမ် ကိုယ်ထည်ကိုအသုံးပြုထားပါတယ်။ 3D Touch ကို ဖယ်ရှားထားပြီး FaceID ပါလာမှာပါ။ သူတို့ နှစ်လုံးဟာ အရှေ့ဘက်အပိုင်းမှာ iPhone X နဲ့ အလွန် တူပါတယ်။ တန်ဖိုးနည်း အိုင်ဖုန်းကို နိုဝင်ဘာလနောက်ပိုင်းမှ ရောင်းမှာပါ။

Apple က စက်တင်ဘာလမှာ အိုင်ဖုန်းများနဲ့အတူ တက်ဘလက် အသစ်များကို မိတ်ဆက်မယ်လို့ ထင်ရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဂျပန်မှ ထွက်ပေါ်လာတဲ့ သတင်းအရ Apple ဟာ နောက်ထုတ်မယ့် iPad Pro အသစ်များမှာ အရွယ်အစားကို ကျစ်လစ်အောင် ဖန်တီးထားပြီး နောက်ဆုံးထွက် အိုင်ဖုန်းများမှာလို တက်ဘလက်အသစ်များမှာ နားကြပ်ပေါက်ကို ဖယ်ရှားထားမယ်လို့ သိရပါတယ်။

ဂျပန်မှ သတင်းအရ အိုင်ပတ် အသစ်များမှာ FaceID လည်း ပါလာမယ်လို့ ရေးသားထားပါတယ်။ ဒီသတင်းကတော့ ထွက်နေတာ ကြာပါပြီ။ အိုင်ပတ်အသစ်မှာ စကရင်ရဲ့ ထိပ်မှာ Notch လည်း ပါလာနိုင်ပါတယ်။ အဲဒီအတွက် သူ့ရဲ့ မျက်နှာပြင် ဘေးဘောင်များဟာ အလွန် ပါးလွှာမှာ ဖြစ်ပါတယ်။ iOS 12 မှာ Face ID အတွက် Multi-User ကို ထောက်ပံံ့လာမယ့်အတွက် အိုင်ပတ်အသစ်မှာ Face ID ပါလာမှာ ပိုပြီး သေချာစေပါတယ်။ Multi-User ကို ထောက်ပံ့ခြင်းဟာ အိုင်ဖုန်း ကိုင်သူများအတွက်တော့ သိပ်မလိုအပ်ဘဲ အိုင်ပတ်ကို မျှေ၀ အသုံးပြုတဲ့ လူများအတွက်တော့ အသုံးဝင်လာမှာ ဖြစ်ပါတယ်။

အိုင်ပတ်ရဲ့ ဒီဇိုင်းကိုလည်း ဆန်းသစ်ထားမှာ ဖြစ်ပါတယ်။ Home Button ကို ဖယ်ရှားထားမှာ ဖြစ်ပြီး iPhone X မှာလို Gesture Navigation များကို သုံးရမှာ ဖြစ်ပါတယ်။ Control Center ကို သုံးတဲ့အခါမှာ iOS 12 Beta မှာ Gesture Navigation အသစ်များ ပါလာပါတယ်။

Ref : gsmarena

You may be interested

Google က ကင္ညာတြင္ မိုးပ်ံေဘာလံုးမ်ားနဲ႔ အင္တာနက္ ထုတ္လႊင့္ေပးမည္
Google, HUBS, NEWS
0 shares0 views

Google က ကင္ညာတြင္ မိုးပ်ံေဘာလံုးမ်ားနဲ႔ အင္တာနက္ ထုတ္လႊင့္ေပးမည္

Ko Thuya - Jul 20, 2019

ကမာၻမွာ အင္တာနက္ ဆက္သြယ္မႈ မရေသးတဲ့ လူေပါင္း ဘီလီယမ္နဲ႔ခ်ီၿပီး ရွိေနပါေသးတယ္။ အဲဒီ လူမ်ားအတြက္ ဂူဂယ္လ္က မိုးပ်ံေဘာလံုးမ်ားျဖင့္ အင္တာနက္ ထုတ္လႊင့္ေပးတဲ့ Project Loon စီမံကိန္းကို ျပဳလုပ္ေနပါတယ္။ အခုလည္း ဒီႏွစ္ထဲမွာ ဂူဂယ္လ္က ကင္ညာတြင္ မိုးပ်ံေဘာလံုးမ်ားျဖင့္ အင္တာနက္လႊင့္ေပးေတာ့မွာ…

Watch Party ကို Messenger မွာ ထည့္သြင္းေပးမယ့္ Facebook
Audio & Video, Facebook, HUBS
0 shares6 views

Watch Party ကို Messenger မွာ ထည့္သြင္းေပးမယ့္ Facebook

Ko Thuya - Jul 20, 2019

Facebook က Group မ်ားအတြက္ Watch Party ကို ထည့္သြင္းေပးထားပါတယ္။ ဒီလုပ္ေဆာင္ခ်က္က ဂရုထဲမွ လူမ်ား ဗီဒီယိုတစ္ခုကို အတူတကြ ၾကည့္ရႈႏိုင္ၿပီး ဗီဒီယိုနဲ႔ ပတ္သက္တဲ့ ကြန္းမန္႔မ်ားကို ေရးသားႏိုင္မွာ ျဖစ္ပါတယ္။ ၾကည့္ရႈတဲ့ လူမ်ားကို Watch Party…

အေကာင့္ပိတ္သိမ္းခံရေတာ့မယ္ဆိုတာကို သတိေပးမယ့္ Instagram
NEWS, Security & Safety
0 shares6 views

အေကာင့္ပိတ္သိမ္းခံရေတာ့မယ္ဆိုတာကို သတိေပးမယ့္ Instagram

Ko Thuya - Jul 20, 2019

အင္စတာဂရမ္က သူ႔ရဲ႕မူ၀ါဒ အခ်ိဳ႕ကို ေျပာင္းလဲမႈမ်ား ျပဳလုပ္လိုက္ပါတယ္။ သူ႔ရဲဲ စည္းကမ္းမ်ားကို မလိုက္နာသူမ်ားအား အေကာင့္ပိတ္သိမ္းခံရေတာ့မယ္ဆိုတာကို ႀကိဳတင္ သတိေပးေတာ့မွာျဖစ္ပါတယ္။ အင္စတာဂရမ္က သူဖယ္ရွားမယ့္ User ရဲ႕ Posts, Comments , Stories မ်ားကို အသိေပးမွာ ျဖစ္ၿပီး ဘာ့ေၾကာင့္…

Leave a Comment

Most from this category