621 Shares 427 Views

Xiaomi Mi A2 ကို ေရြးခ်ယ္သင့္တဲ့ အခ်က္ ေလးခု

Jul 30, 2018
621 427

Xiaomi က Mi A2 ကို ေၾကညာလိုက္ပါၿပီ။ သူဟာ Android One Phone ျဖစ္တဲ့အတြက္ OS Update မ်ားကို အျမန္ဆံုးရမွာပါ။ ဟာ့ဒ္၀ဲမ်ားကလည္း ေပးရတဲ့ ေစ်းထက္ တန္ေနပါတယ္။ ေရွာင္မီရဲ႕ ထံုးစံအတိုင္းပါပဲ။ Xiaomi Mi A2 ကို ေရြးခ်ယ္သင့္တဲ့ အခ်က္ ေလးခုကို ေအာက္မွာ ေလ့လာၾကည့္ပါ။

Xiaomi ရဲ႕ ဟာ့ဒ္၀ဲမွာ Android One ေပါင္းစပ္မႈက လန္းပါတယ္။

ေရွာင္မီက ယခင္ႏွစ္မွာ MIUI မပါဘဲ Android One အေျချပဳ Mi A1 ကို ေရာင္းခ်ခဲ့ပါတယ္။ Mi A1 ဟာ Redmi Note 5 Series မ်ားေလာက္ေတာ့ ေရာင္းအား မေကာင္းခဲ့ပါဘူး။ ဒါေပမယ့္ ရုိးရွင္းတဲ့ Pure Android နဲ႔ ေကာင္းမြန္တဲ့ဟာ့ဒ္၀ဲမ်ားကို ႏွစ္သက္သူမ်ားအတြက္ေတာ့ သူဟာ အႀကိဳက္ေတြ႕ေစခဲ့ပါတယ္။

Mi A2 ဟာလည္း ထိုနည္းလည္းေကာင္းပါပဲ။ ေဆာ့ဖ္၀ဲဟာ ယခင္ႏွစ္ကနဲ႔ ဆင္တူပါတယ္။ ဒါ့အျပင္ ေရွာင္မီက Mi Remote App , Mi Store , Mi Community , Xiaomi ရဲ႕ File Manager မ်ား အပါအ၀င္ အသစ္မ်ားကို ထပ္ျဖည့္ထားပါတယ္။ သူ႔မွာ Android 8.1 Oreo ပါၿပီး ထြက္တာနဲ႔ Android P ကို ရမယ္လို႔ ေရွာင္မီက ေျပာပါတယ္။

Snapdragon 660 ဟာ လက္ရွိ စြမ္းရည္သင့္ Chipset မ်ားထဲမွာ အေကာင္းဆံုးပါ။

ေရွာင္မီဟာ ၿပီးခဲ့တဲ ၁၂ လအတြင္းမွာ Snapdragon 660 ပါတဲ့ ဖုန္းမ်ားကို ေရာင္းခ်ခဲ့ပါတယ္။ ဒါေပမယ့္ Mi A2 ဟာ 660 ပါတဲ့ ကမာၻအ၀န္းမွာ ေရာင္းခ်မယ့္ ေရွာင္မီရဲ႕ ပထမဆံုးဖုန္းပါ။ 660 မွာ 2.2GHz Kryo 260 Cores မ်ား ပါပါတယ္။ Kryo Cores မ်ားရဲ႕ စြမ္းရည္ဟာ Snapdragon 820 နဲ႔ တူညီပါတယ္။ 660 အျပင္ 6GB RAM, 128GB Storage မ်ားက အထင္ႀကီးစရာျဖစ္ၿပီး အဲဒီေမာ္ဒယ္ကို ၄၁၀ ေဒၚလာသတ္မွတ္ထားပါတယ္။ 4GB/64GB Model ကို ၃၂၅ ေဒၚလာ သတ္မွတ္ထားပါတယ္။

Screen ပိုရွည္တဲ့ 18:9 မ်က္ႏွာျပင္ အခ်ိဳး

Mi A2 ရဲ႕ 18:9 မ်က္ႏွာျပင္အခ်ိဳးဟာ စကရင္မွာ ေနရာလြတ္မ်ား ပိုလာေစပါတယ္။ အထက္နဲ႔ ေအာက္ေဘာင္မ်ားက ပါးလႊာတဲ့အတြက္ စကရင္ကို ရွင္းလင္းစြာျမင္ရသလို ဒီဇိုင္းက လွပပါတယ္။ ၅.၉၉ လက္မ FHD+ (2160×1080) Screen ကို Gorilla Glass 5 ျဖင့္ ကာကြယ္ထားပါတယ္။ သူဟာ Mi A1 ထက္ စကရင္ ပိုရွည္လာၿပီး ပိုမို ပါးလႊာလာပါတယ္။

အဆင့္ျမွင့္ထားတဲ့ ကင္မရာမ်ား

သူ႔ရဲ႕ အေနာက္ဘက္မွာ 12MP+20MP Dual Camera မ်ား ပါၿပီး အပို 20MP ကင္မရာဟာ ယခင္ႏွစ္ကလို Telephoto Lens မဟုတ္ဘဲ အလင္းေရာင္ နည္းပါးတဲ့ အခ်ိန္မ်ားမွာ ဓါတ္ပံုေကာင္းမ်ား ရရွိေအာင္ ဖန္တီးထားပါတယ္။

ယခင္ႏွစ္ထုတ္ OnePlus 5T မွာလို Mi A2 ဟာ ရရွိတဲ့ အလင္းေရာင္အေပၚ မူတည္ၿပီး သင့္ေတာ္တဲ့ ကင္မရာကို အလိုအေလွ်ာက္ ေျပာင္းေပးပါတယ္။ သင္ႏွစ္သက္တဲ့ ကင္မရာကိုလည္း ေရြးခ်ယ္ရိုက္ကူးႏုိင္ပါတယ္။

အေရွ႕မွာလည္း အဲဒီ 20MP Camera ကိုပဲ ထည့္ထားပါတယ္။ တိက်တဲ့ Selfie မ်ား ရရွိဖို႔ Pixel Binning နည္းပညာပါပါတယ္။ AI ရဲ႕ အကူအညီျဖင့္ ေနာက္ခံမႈန္၀ါးတဲ့ Selfie မ်ား ဖန္တီးေပးပါတယ္။ အလင္းေရာင္ နည္းပါးတဲ့ အခ်ိန္မ်ားမွာ အဆင္ေျပေစဖို႔ အေရွ႕မွာ LED တစ္လံုး ပါပါတယ္။

လာမယ့္လမ်ားမွာ Mi A2 ကိုေရာင္းခ်မယ္လို႔ ေရွာင္မီက ေျပာပါတယ္။

Ref : androidcentral

unicode

Xiaomi Mi A2 ကို ရွေးချယ်သင့်တဲ့ အချက် လေးခု

Xiaomi က Mi A2 ကို ကြေညာလိုက်ပါပြီ။ သူဟာ Android One Phone ဖြစ်တဲ့အတွက် OS Update များကို အမြန်ဆုံးရမှာပါ။ ဟာ့ဒ်ဝဲများကလည်း ပေးရတဲ့ ဈေးထက် တန်နေပါတယ်။ ရှောင်မီရဲ့ ထုံးစံအတိုင်းပါပဲ။ Xiaomi Mi A2 ကို ရွေးချယ်သင့်တဲ့ အချက် လေးခုကို အောက်မှာ လေ့လာကြည့်ပါ။

Xiaomi ရဲ့ ဟာ့ဒ်ဝဲမှာ Android One ပေါင်းစပ်မှုက လန်းပါတယ်။

ရှောင်မီက ယခင်နှစ်မှာ MIUI မပါဘဲ Android One အခြေပြု Mi A1 ကို ရောင်းချခဲ့ပါတယ်။ Mi A1 ဟာ Redmi Note 5 Series များလောက်တော့ ရောင်းအား မကောင်းခဲ့ပါဘူး။ ဒါပေမယ့် ရိုးရှင်းတဲ့ Pure Android နဲ့ ကောင်းမွန်တဲ့ဟာ့ဒ်ဝဲများကို နှစ်သက်သူများအတွက်တော့ သူဟာ အကြိုက်တွေ့စေခဲ့ပါတယ်။

Mi A2 ဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဆော့ဖ်ဝဲဟာ ယခင်နှစ်ကနဲ့ ဆင်တူပါတယ်။ ဒါ့အပြင် ရှောင်မီက Mi Remote App , Mi Store , Mi Community , Xiaomi ရဲ့ File Manager များ အပါအဝင် အသစ်များကို ထပ်ဖြည့်ထားပါတယ်။ သူ့မှာ Android 8.1 Oreo ပါပြီး ထွက်တာနဲ့ Android P ကို ရမယ်လို့ ရှောင်မီက ပြောပါတယ်။

Snapdragon 660 ဟာ လက်ရှိ စွမ်းရည်သင့် Chipset များထဲမှာ အကောင်းဆုံးပါ။

ရှောင်မီဟာ ပြီးခဲ့တဲ ၁၂ လအတွင်းမှာ Snapdragon 660 ပါတဲ့ ဖုန်းများကို ရောင်းချခဲ့ပါတယ်။ ဒါပေမယ့် Mi A2 ဟာ 660 ပါတဲ့ ကမ္ဘာအဝန်းမှာ ရောင်းချမယ့် ရှောင်မီရဲ့ ပထမဆုံးဖုန်းပါ။ 660 မှာ 2.2GHz Kryo 260 Cores များ ပါပါတယ်။ Kryo Cores များရဲ့ စွမ်းရည်ဟာ Snapdragon 820 နဲ့ တူညီပါတယ်။ 660 အပြင် 6GB RAM, 128GB Storage များက အထင်ကြီးစရာဖြစ်ပြီး အဲဒီမော်ဒယ်ကို ၄၁၀ ဒေါ်လာသတ်မှတ်ထားပါတယ်။ 4GB/64GB Model ကို ၃၂၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Screen ပိုရှည်တဲ့ 18:9 မျက်နှာပြင် အချိုး

Mi A2 ရဲ့ 18:9 မျက်နှာပြင်အချိုးဟာ စကရင်မှာ နေရာလွတ်များ ပိုလာစေပါတယ်။ အထက်နဲ့ အောက်ဘောင်များက ပါးလွှာတဲ့အတွက် စကရင်ကို ရှင်းလင်းစွာမြင်ရသလို ဒီဇိုင်းက လှပပါတယ်။ ၅.၉၉ လက်မ FHD+ (2160×1080) Screen ကို Gorilla Glass 5 ဖြင့် ကာကွယ်ထားပါတယ်။ သူဟာ Mi A1 ထက် စကရင် ပိုရှည်လာပြီး ပိုမို ပါးလွှာလာပါတယ်။

အဆင့်မြှင့်ထားတဲ့ ကင်မရာများ

သူ့ရဲ့ အနောက်ဘက်မှာ 12MP+20MP Dual Camera များ ပါပြီး အပို 20MP ကင်မရာဟာ ယခင်နှစ်ကလို Telephoto Lens မဟုတ်ဘဲ အလင်းရောင် နည်းပါးတဲ့ အချိန်များမှာ ဓါတ်ပုံကောင်းများ ရရှိအောင် ဖန်တီးထားပါတယ်။

ယခင်နှစ်ထုတ် OnePlus 5T မှာလို Mi A2 ဟာ ရရှိတဲ့ အလင်းရောင်အပေါ် မူတည်ပြီး သင့်တော်တဲ့ ကင်မရာကို အလိုအလျှောက် ပြောင်းပေးပါတယ်။ သင်နှစ်သက်တဲ့ ကင်မရာကိုလည်း ရွေးချယ်ရိုက်ကူးနိုင်ပါတယ်။

အရှေ့မှာလည်း အဲဒီ 20MP Camera ကိုပဲ ထည့်ထားပါတယ်။ တိကျတဲ့ Selfie များ ရရှိဖို့ Pixel Binning နည်းပညာပါပါတယ်။ AI ရဲ့ အကူအညီဖြင့် နောက်ခံမှုန်ဝါးတဲ့ Selfie များ ဖန်တီးပေးပါတယ်။ အလင်းရောင် နည်းပါးတဲ့ အချိန်များမှာ အဆင်ပြေစေဖို့ အရှေ့မှာ LED တစ်လုံး ပါပါတယ်။

လာမယ့်လများမှာ Mi A2 ကိုရောင်းချမယ်လို့ ရှောင်မီက ပြောပါတယ်။

Ref : androidcentral

You may be interested

ကင္မရာ ၃ လံုး ပါတဲ့ Huawei Mate 20 Pro ရဲ႕ ဓါတ္ပုံမ်ား ထြက္ေပၚလာ
Android, Huawei, HUBS
0 shares0 views

ကင္မရာ ၃ လံုး ပါတဲ့ Huawei Mate 20 Pro ရဲ႕ ဓါတ္ပုံမ်ား ထြက္ေပၚလာ

Ko Thuya - Sep 25, 2018

Huawei Mate 20 Pro ရဲ႕ ဓါတ္ပံုမ်ား ေပါက္ၾကားထြက္ေပၚလာပါတယ္။ အျပာ၊ အနက္နဲ႔ မိုးျပာေရာင္မ်ား ျဖစ္ပါတယ္။ စြဲေဆာင္မႈ အေကာင္းဆံုးက Twilight အမည္ရ မုိုးျပာေရာင္ ျဖစ္ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ လက IFA ပြဲမွာ ေၾကညာခဲ့တဲ့…

Drop Test မွာ အေျခအေန မေကာင္းခဲ့တဲ့ iPhone XS နဲ႔ XS Max
Apple, HUBS, Mobiles & Tablets
215 shares51 views

Drop Test မွာ အေျခအေန မေကာင္းခဲ့တဲ့ iPhone XS နဲ႔ XS Max

Ko Thuya - Sep 25, 2018

Apple ကေတာ့ iPhone XS နဲ႔ XS Max မွာ သံုးထားတဲ့ ဖန္သားဟာ အလြန္ မာေက်ာၾကံ႕ခိုင္တယ္လို႔ ေၾကညာထားပါတယ္။ အခုေတာ့ အဲဒီ စမတ္ဖုန္းမ်ားရဲ႕ အၾကမ္းခံမႈကို စမ္းသပ္တဲ့ ဗီဒီယိုတစ္ခု ထြက္ေပၚလာပါတယ္။ Drop Test မွာ…

iPhone XS နဲ႔ iPhone XS Max တို႔အတြက္ Tips & Tricks မ်ား (အပိုင္း ၂)
Apple, FEATURES, HOW TO
141 shares52 views

iPhone XS နဲ႔ iPhone XS Max တို႔အတြက္ Tips & Tricks မ်ား (အပိုင္း ၂)

Ko Thuya - Sep 24, 2018

iPhone XS နဲ႔ iPhone XS Max တို႔မွာ ယခင္ႏွစ္ iPhone X ထက္ ေျပာင္းလဲတိုးတက္လာမႈမ်ား ပါ၀င္လာပါတယ္။ ေျပာင္းလဲသြားတဲ့ Tips & Tricks မ်ားလည္း ပါလာပါတယ္။ အိုင္ဖုန္း အေဟာင္း ကိုင္ထားသူမ်ားအတြက္လည္း နည္းလမ္းအခ်ိဳ႕ဟာ…

Leave a Comment

Most from this category