Android ကိုရောက်လာခဲ့ပြီဖြစ်တဲ့ YouTube “Dark Mode”

YouTube logo stock

Web မှာတော့ YouTube ရဲ့ Dark Mode ကိုရခဲ့တာ မနှစ်ကတည်းကပါပဲ။ အဲဒီနောက်တော့ Android နဲ့ iOS တို့အတွက်ပါ Dark Mode ပြောင်းမယ့်အကြောင်း မတ်လမှာကြေညာခဲ့ပေမယ့် iOS တွေအတွက်ပဲ အရင်ထွက်လာခဲ့ပြီး Android သမားတွေကတော့ “coming soon” အနေနဲ့ပဲစောင့်ခဲ့ရတာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ Android တွေအတွက်လည်း YouTube Dark Mode ထွက်လာခဲ့ပြီဖြစ်ပါတယ်။

Reddit က user တွေကတော့ သူတို့ရဲ့ YouTube mobile app မှာ dark theme ကိုအော်တိုပြောင်းသွားပြီး အဖြူရောင်ဗားရှင်းကိုပြန်ပြောင်းချင်ရင်တော့ “Dark Theme” ကို Switch လုပ်ပြီးပိတ်ရကြောင်း ဖော်ပြခဲ့ပါတယ်။

YouTube Dark Mode Android

ဒီ Feature update က တရားဝင်ထွက်လာတာဖြစ်ပေမယ့် Android user အများစုအတွက်ကတော့ ရက်ပိုင်းလောက်စောင့်ရဦးမယ်ထင်ပါတယ်။

ဒီ Dark Theme ကို On/Off ကိုလုပ်ချင်ရင်တော့ App ရဲ့ Setting —> General —> Dark Theme မှာပြောင်းလို့ရပါတယ်။ iOS မှာရတာကြာပြီဖြစ်ပေမယ့် Android တွေအတွက်တော့ တော်တော်ကြီးအချိန်ကြာခဲ့သလိုပါပဲ။ အခု ဘယ်သူ့ဖုန်းတွေကတော့ Dark Theme ရနေပြီ ဘယ်သူတွေက မရသေးဘူးဆိုတာ Comment မှာကြည့်ကြရအောင်… 😉

Ref: Android Authority

%d bloggers like this: