268 Shares 120 Views


Jul 30, 2018
268 120






unicode

အဖြူရောင် Google Pixel 3 XL ရဲ့ ဓါတ်ပုံထွက်ပေါ်လာ

ဂူဂယ်လ်က စမတ်ဖုန်း အသစ်များကို အောက်တိုဘာလမှာ ကြေညာလေ့ရှိပါတယ်။ အခုဆိုရင် Pixel Phone အသစ်များကို မြင်ရဖို့ သုံးလသာလိုပါတော့တယ်။ အဲဒီ ဖုန်းများရဲ့ သတင်းအချက်အလက်များစွာလည်း ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ XDA Forums မှ အဖွဲ့ဝင်တစ်ဦးက အဖြူရောင် Pixel 3 XL ရဲ့ ဓါတ်ပုံများကို ပြသလိုက်ပါတယ်။

ဖုန်းရဲ့ စကရင်မှာ ပြသထားတဲ့ သတင်းအချက်အလက်များအရ သူ့ရဲ့ နာမည်ပြောင်မှာ Crosshatch ဖြစ်ပြီး 4GB RAM , 64GB Storage များ ပါလာမယ်လို့ သိရပါတယ်။ အရင်ကတော့ 128GB Storage ပါမယ်လို့ သတင်းထွက်ထားပါတယ်။ အခြား သတင်းအချက်အလက်များကတော့ ယခင်သတင်းများနဲ့ တူညီနေပါတယ်။

သူ့မှာ အရွယ်ကြီးမားတဲ့ Notch ထည့်သွင်းထားတာက အရှေ့ကင်မရာ ၂ လုံး ပါလာနိုင်ပါတယ်။ သူ့ကို အားသွင်းပေးမယ့် Pixel Stand ကိုလည်း ထုတ်လုပ်ထားမယ်လို့ သတင်းထွက်နေပါတယ်။ Pixel Stand မှာ Google Assistant ပါလာနိုင်ပါတယ်။ သဘောက သင့်ဖုန်းကို Pixel Stand မှာ စိုက်ထားပြီး Lock လုပ်ထားချိန်မှာ Google Assistant ကို မေးခွန်းများ မေးနိုင်မှာပါ။

အဲဒီ Phone များနဲ့အတူ Pixelbook အသစ်ကို မြင်ရနိုင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က Pixel Phone များနဲ့အတူ Pixel Buds နားကြပ်ကိုပါ ကြေညာခဲ့ပါတယ်။ ယခုနှစ်မှာလည်း ဘက်ထရီ သက်တမ်းနဲ့ Live Translation အပိုင်းများမှာ ပိုမို တိုးတက်လာတဲ့ နားကြပ် အသစ်ကို မြင်ရနိုင်ပါတယ်။

Ref : android police, tech radar

You may be interested

Xiaomi က Mi 8 Lite အတွက် 8GB RAM Version ကို ရောင်းချဖွယ်ရှိ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi က Mi 8 Lite အတွက် 8GB RAM Version ကို ရောင်းချဖွယ်ရှိ

Ko Thuya - Oct 21, 2018

ရှောင်မီက စမတ်ဖုန်း စီးရီးများစွာကို ထုတ်လုပ်ရောင်းချနေပါတယ်။ သူ့ရဲ့ စမတ်ဖုန်းများကို ပြီးခဲ့တဲ့ နှစ်များ အတွင်းမှာ လူကြိုက်များလာပါတယ်။ အခုဆိုရင် Mi 8 Series များဖြစ်တဲ့ Mi 8 Explorer, Mi 8 Pro , Mi…

Honor Magic 2 ရဲ့ Teaser Video ထွက်ပေါ်လာ
Android, Huawei, HUBS
0 shares5 views

Honor Magic 2 ရဲ့ Teaser Video ထွက်ပေါ်လာ

Ko Thuya - Oct 21, 2018

Honor Magic 2 ရဲ့ သတင်းအချက်အလက် အသေးစိတ်များ ပေါက်ကြားထွက်ပေါ်ခြင်း မရှိသေးသလို တရုတ်ဆက်သွယ်ရေး ကော်မရှင် (TENAA) ကိုလည်း သူ့ရဲ့ ဒေတာများ မရောက်ရှိသေးပါဘူး။ ဒါပေမယ့် Honor က ဖုန်းရဲ့ အကောင်းဆုံး စွမ်းရည်များကို အွန်လိုင်းမှာ မကြာခဏ…

Vivo V11 ရဲ့ 25MP AI Camera မှာပါတဲ့ အလန်းစား Feature များ
Android, FEATURES, Mobiles & Tablets
0 shares6 views

Vivo V11 ရဲ့ 25MP AI Camera မှာပါတဲ့ အလန်းစား Feature များ

Creepy Tyler - Oct 21, 2018

(Zawgyi) Vivo V11 က In-display Fingerprint နည်းပညာ ပါဝင်တဲ့ စမတ်ဖုန်းအဖြစ် ပြည်တွင်းကို တရားဝင် ဝင်ရောက်ခဲ့တဲ့ ပထမဦးဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ V11 မှာ In-display Fingerprint နည်းပညာအပြင် Dual-Engine Fast Charging,…

Leave a Comment

Most from this category