Facebook ရဲ့ ရှယ်ယာ ဈေးနှုန်းများ ၁၉ ရာခိုင်နှုန်း ကျဆင်းသွားပြီးနောက် ကြာသာပတေးနေ့မှာ စီအီးအို ဇူကာဘတ်ဟာ ငွေကြေးများစွာ ဆုံးရှုံးခဲ့ပါတယ်။ Facebook ဟာလည်း တစ်ရက်အတွင်းမှာ ၁၁၉ ဘီလီယမ် ဆုံးရှုံးခဲ့ပါတယ်။ ဒါဟာ အများပိုင် ကုမ္ပဏီတစ်ခုအနေနဲ့ တစ်ရက်အတွင်း ဆုံးရှုံးမှု အများဆုံး ဖြစ်တယ်လို့ Wall Street Journal ရဲ့ Market Data Group က ပြောပါတယ်။ ဒါဟာ ကုမ္ပဏီတစ်ခုအတွက် ရှယ်ယာဈေးနှုန်းများ ရာခိုင်နှုန်း အများဆုံး ကျဆင်းသွားခြင်းလည်း ဖြစ်ပါတယ်။
ရှယ်ယာပေါင်း ၃၈၇ ၀၉၅ ၁၂၃ ခုကို ပိုင်ဆိုင်ထားတဲ့ ဇူကာဘတ်ဟာ ၁၅ ဘီလီယမ်လောက် ဆုံးရှုံးသွားပါတယ်။ Class A နဲ့ B နှစ်ခုပေါင်း ဆုံးရှုံးမှု ဖြစ်တယ်လို့ FaceSet က ပြောပါတယ်။ ယခု ဆုံးရှုံးမှု မတိုင်ခင်မှာ ဇူကာဘတ်ဟာ ၂၀၁၈ ခုနှစ်တွင် အမေရိကန်မှ အချမ်းသာဆုံး လူပုဂ္ဂိုလ် စာရင်းမှာ နံပတ် ၅ နေရာမှာ ရပ်တည်နေပြီး Forbes Billionaires List အရ သူဟာ ၇၁ ဘီလီယမ် ပိုင်ဆိုင်ထားပါတယ်။
ယခုဆုံးရှုံးမှုကြောင့် သူရဲ့ ပိုင်ဆိုင်မှုဟာ ၅၅.၉ ဘီလီယမ်လောက် ကျဆင်းသွားပါတယ်။ သူဟာ အချမ်းသာဆုံး ၁၀ ဦး စာရင်းကနေလည်း ဖယ်ရှားခံလိုက်ရပြီး နံပါတ် ၁၁ နေရာကို ရောက်သွားပါတယ်။ သူ့ရဲ့ နေရာကို Oracle ရဲ့ ပူးတွဲတည်ထောင်သူ Larry Ellison က သိမ်းပိုက်လိုက်ပါတယ်။ Facebook User Data များ ဗြိတိန် ဒေတာ အဖွဲ့အစည်း Cambridge Analytica သို့ ပေါက်ကြားခြင်းနဲ့ ပတ်သက်ပြီး လူများစွာဟာ Facebook အသုံးပြုခြင်းကို ရပ်နားခဲ့ကြပါတယ်။ ဒါ့အပြင် သတင်း အတုများကြောင့် Facebook ဟာ ဝေဖန်ခံရမှုများစွာနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ဒီလို အသုံးပြုသူများ နည်းပါးသွားခြင်းကြောင့် ရှယ်ယာ တန်ဖိုးများ ကျဆင်းသွားတာဖြစ်တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။
Ref : fox business
unicode
တစ်ရက်အတွင်းမှာ ဒေါ်လာ ၁၅ ဘီလီယမ် ဆုံးရှုံးသွားတဲ့ Mark Zuckerberg
You must log in to post a comment.