139 Shares 102 Views

ဒီတစ္ပတ္အတြက္ ေရြးေပးခ်င္တဲ့ Gadgets မ်ား

Jul 29, 2018
139 102

လူေတြရဲ႕ ေန႔စဥ္ လူေနမႈဘ၀ကို အေထာက္အကူ ျပဳေပးတဲ့ Gadgets မ်ားစြာ ဒီေန႔ေခတ္မွာ ေပၚထြက္လာၾကပါၿပီ။ Gadgets for this week က႑မွာ ဒီတစ္ပတ္အတြက္ အေကာင္းဆံုး Gadgets မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

SHAPL Smart Suitcases and Backpacks

သူကေတာ့ စမတ္က်တဲ့ခရီးေဆာင္အိတ္ျဖစ္ၿပီး Dr. Nah က ဒီဇိုင္းထုတ္္ထားတာ ျဖစ္ပါတယ္။ မာေက်ာၾကံ႕ခုိင္ၿပီး အသံုး၀င္တဲ့ စြမ္းရည္မ်ား ပါပါတယ္။ အိတ္ရဲ႕ အျပင္ဘက္မွာ သင့္ အမည္ကို စတစ္ကာမ်ားျဖင့္ ကပ္ထားႏိုင္တဲ့အတြက္ ေလဆိပ္မွာ သင့္ရဲ႕ အိတ္ကို လြယ္ကူစြာ ျမင္ႏုိင္ပါတယ္။ သူ႔မွာ ဘလူးတု ေစာင့္ၾကည့္တဲ့ စနစ္လည္းပါၿပီး သင္နဲ႔ အိတ္တို႔ အလြန္ကြာေ၀းသြားရင္ သင့္ကို အသိေပးမွာပါ။ တစ္နည္းအားျဖင့္ သင့္ အိတ္ကို သူခိုး မခိုးႏိုင္ေအာင္ ျပဳလုပ္ေပးထားတာပါ။ အိတ္ အခိုးခံရရင္ ဒါမွမဟုတ္ ေပ်ာက္ဆံုးသြားရင္လည္း ေျမပံုကေန ေျခရာခံႏုိင္ပါတယ္။ အိတ္ကို ပိုလီကာဘိုနိတ္ျဖင့္ ရာႏႈန္းျပည့္ ဖန္တီးထားတာ ျဖစ္တဲ့အတြက္ ေပါ့ပါး မာေက်ာပါတယ္။ ဘီးမ်ားကို Hinomoto က ဖန္တီးထားတာပါ။ ၁၇ လက္မ အရြယ္ လက္ပ္ေတာ့ ထည့္တဲ့ အကန္႔နဲ႔ USB Port မ်ား ထည့္သြင္းထားပါတယ္။ ေရစုိခံတဲ့ ခ်ည္သားကို အတြင္းပိုင္းမွာ သံုးထားပါတယ္။ ၅၉ ေဒၚလာ တန္ေၾကးရွိပါတယ္။

Tuff Pupper Portable Dog Water Bottle

သူကေတာ့ သင့္ အိမ္ေမြး တိရိစာၦန္မ်ားကို လြယ္ကူစြာ ေရတိုက္ႏိုင္မယ့္ ေရဘူး ျဖစ္ပါတယ္။ ေခြးေၾကာင္းတဲ့ အခ်ိန္၊ ခရီးသြားခ်ိန္မ်ားမွာ သူက အသံုး၀င္ပါတယ္။ သူဟာ ေရဘူးနဲ႔ ကေတာ့ ပံုသ႑ာန္ ခြက္ကို တြဲစပ္ထားတဲ့ ဒီဇိုင္း ျဖစ္ပါတယ္။ သာမာန္ အခ်ိန္မွာေတာ့ ေရဘူး ပံုသ႑ာန္ ျဖစ္ၿပီး ေရတိုက္မယ့္ အခ်ိန္မွာ ကေတာ့ကို ဆန္႔ထုတ္လိုက္ရမွာပါ။ သယ္ေဆာင္လို႔လည္း လြယ္ကူပါတယ္။ ေရ ၂၄ ေအာင္စ ထည့္ထားႏိုင္ပါတယ္။ Stainless Steel ျဖင့္ ဖန္တီးထားၿပီး မာေက်ာပါတယ္။ ဒါေပမယ့္ ေပါ့ပါးပါတယ္။ ၁၇.၉၅ ေဒၚလာ သတ္မွတ္ထားပါတယ္။

QuietOn ANC Anti-Snore Earbuds

သူကေတာ့ ေဟာက္တတ္တဲ့ လူေတြနဲ႔ အတူ အိပ္တဲ့ လူမ်ားအတြက္ အသံုး၀င္ပါတယ္။ သူ႔မွာ ေဟာက္သံမ်ားလို အသံဆူညံမႈကို ဖယ္ရွားေပးတဲ့ နည္းပညာ ပါပါတယ္။ သူ႔ကို ၀တ္ဆင္ရတာ သက္ေတာင့္သက္သာ ရွိပါတယ္။ သူက သာမာန္ နားၾကပ္မ်ား မလုပ္ႏိုင္တဲ့ Low-Frequency Sound မ်ားကို ဖယ္ရွားေပးႏုိင္ပါတယ္။ သူဟာ ေပါ့ပါး မာေက်ာပါတယ္။ ေဟာက္သံသာမက သူက ပတ္၀န္းက်င္မွ အျခား ဆူညံသံမ်ားကိုပါ ေဖ်ာက္ေပးပါတယ္။ ခရီးသြားတဲ့ အခါမွာလည္း သူက အသံုး၀င္ပါတယ္။ သူ႔မွာ Sleeping Mode နဲ႔ Hearing Mode မ်ား ပါပါတယ္။ ပတ္၀န္းက်င္မွ ဆူညံမႈမ်ားကို မၾကားခ်င္ရင္ Sleeping Mode ကို သံုးပါ။ သူ႔ကို ၀တ္ဆင္ထားေပမယ့္ ပတ္၀န္းက်င္မွ အသံမ်ားကို ၾကားခ်င္ရင္ Hearing Mode ကို ေျပာင္းရမွာပါ။ ဒီလို ေျပာင္းဖို႔ ခလုတ္တစ္ခ်က္သာ ႏွိပ္ရမွာပါ။ သူ႔ရဲ႕ ဘက္ထရီ သက္တမ္းက နာရီ ၂၀ ခံတဲ့အတြက္ တစ္ညတာ ေကာင္းေကာင္း သံုးႏုိင္ပါတယ္။ ၁၅၉ ေဒၚလာဆိုေတာ့ ေစ်းေတာ့ မေသးပါဘူး။

Ref : thegadgetflow

unicode

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

လူတွေရဲ့ နေ့စဉ် လူနေမှုဘဝကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။

SHAPL Smart Suitcases and Backpacks

သူကတော့ စမတ်ကျတဲ့ခရီးဆောင်အိတ်ဖြစ်ပြီး Dr. Nah က ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ မာကျောကြံ့ခိုင်ပြီး အသုံးဝင်တဲ့ စွမ်းရည်များ ပါပါတယ်။ အိတ်ရဲ့ အပြင်ဘက်မှာ သင့် အမည်ကို စတစ်ကာများဖြင့် ကပ်ထားနိုင်တဲ့အတွက် လေဆိပ်မှာ သင့်ရဲ့ အိတ်ကို လွယ်ကူစွာ မြင်နိုင်ပါတယ်။ သူ့မှာ ဘလူးတု စောင့်ကြည့်တဲ့ စနစ်လည်းပါပြီး သင်နဲ့ အိတ်တို့ အလွန်ကွာဝေးသွားရင် သင့်ကို အသိပေးမှာပါ။ တစ်နည်းအားဖြင့် သင့် အိတ်ကို သူခိုး မခိုးနိုင်အောင် ပြုလုပ်ပေးထားတာပါ။ အိတ် အခိုးခံရရင် ဒါမှမဟုတ် ပျောက်ဆုံးသွားရင်လည်း မြေပုံကနေ ခြေရာခံနိုင်ပါတယ်။ အိတ်ကို ပိုလီကာဘိုနိတ်ဖြင့် ရာနှုန်းပြည့် ဖန်တီးထားတာ ဖြစ်တဲ့အတွက် ပေါ့ပါး မာကျောပါတယ်။ ဘီးများကို Hinomoto က ဖန်တီးထားတာပါ။ ၁၇ လက်မ အရွယ် လက်ပ်တော့ ထည့်တဲ့ အကန့်နဲ့ USB Port များ ထည့်သွင်းထားပါတယ်။ ရေစိုခံတဲ့ ချည်သားကို အတွင်းပိုင်းမှာ သုံးထားပါတယ်။ ၅၉ ဒေါ်လာ တန်ကြေးရှိပါတယ်။

Tuff Pupper Portable Dog Water Bottle

သူကတော့ သင့် အိမ်မွေး တိရိစ္ဆာန်များကို လွယ်ကူစွာ ရေတိုက်နိုင်မယ့် ရေဘူး ဖြစ်ပါတယ်။ ခွေးကြောင်းတဲ့ အချိန်၊ ခရီးသွားချိန်များမှာ သူက အသုံးဝင်ပါတယ်။ သူဟာ ရေဘူးနဲ့ ကတော့ ပုံသဏ္ဍာန် ခွက်ကို တွဲစပ်ထားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ သာမာန် အချိန်မှာတော့ ရေဘူး ပုံသဏ္ဍာန် ဖြစ်ပြီး ရေတိုက်မယ့် အချိန်မှာ ကတော့ကို ဆန့်ထုတ်လိုက်ရမှာပါ။ သယ်ဆောင်လို့လည်း လွယ်ကူပါတယ်။ ရေ ၂၄ အောင်စ ထည့်ထားနိုင်ပါတယ်။ Stainless Steel ဖြင့် ဖန်တီးထားပြီး မာကျောပါတယ်။ ဒါပေမယ့် ပေါ့ပါးပါတယ်။ ၁၇.၉၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

QuietOn ANC Anti-Snore Earbuds

သူကတော့ ဟောက်တတ်တဲ့ လူတွေနဲ့ အတူ အိပ်တဲ့ လူများအတွက် အသုံးဝင်ပါတယ်။ သူ့မှာ ဟောက်သံများလို အသံဆူညံမှုကို ဖယ်ရှားပေးတဲ့ နည်းပညာ ပါပါတယ်။ သူ့ကို ဝတ်ဆင်ရတာ သက်တောင့်သက်သာ ရှိပါတယ်။ သူက သာမာန် နားကြပ်များ မလုပ်နိုင်တဲ့ Low-Frequency Sound များကို ဖယ်ရှားပေးနိုင်ပါတယ်။ သူဟာ ပေါ့ပါး မာကျောပါတယ်။ ဟောက်သံသာမက သူက ပတ်ဝန်းကျင်မှ အခြား ဆူညံသံများကိုပါ ဖျောက်ပေးပါတယ်။ ခရီးသွားတဲ့ အခါမှာလည်း သူက အသုံးဝင်ပါတယ်။ သူ့မှာ Sleeping Mode နဲ့ Hearing Mode များ ပါပါတယ်။ ပတ်ဝန်းကျင်မှ ဆူညံမှုများကို မကြားချင်ရင် Sleeping Mode ကို သုံးပါ။ သူ့ကို ဝတ်ဆင်ထားပေမယ့် ပတ်ဝန်းကျင်မှ အသံများကို ကြားချင်ရင် Hearing Mode ကို ပြောင်းရမှာပါ။ ဒီလို ပြောင်းဖို့ ခလုတ်တစ်ချက်သာ နှိပ်ရမှာပါ။ သူ့ရဲ့ ဘက်ထရီ သက်တမ်းက နာရီ ၂၀ ခံတဲ့အတွက် တစ်ညတာ ကောင်းကောင်း သုံးနိုင်ပါတယ်။ ၁၅၉ ဒေါ်လာဆိုတော့ ဈေးတော့ မသေးပါဘူး။

Ref : thegadgetflow

You may be interested

4030mAh Battery ပါတဲ့ Vivo Y91 ကို အိႏၵိယမွာ ေရာင္းခ်
Android, HUBS, Mobiles & Tablets
0 shares0 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိႏၵိယမွာ ေရာင္းခ်

Ko Thuya - Jan 16, 2019

Vivo က အိႏၵိယမွာ တန္ဖိုးနည္း Y91 ကို ေရာင္းခ်ေပးလိုက္ပါတယ္။ ရူပီး ၁၀ ၉၉၉ သတ္မွတ္ထားၿပီး ၁၅၅ ေဒၚလာေလာက္ က်သင့္ႏိုင္ပါတယ္။ Amazon India, Paytm Mall , Vivo India တို႔ အပါအ၀င္…

iPhone ေမာ္ဒယ္သစ္ေတြအတြက္ Qualcomm က Chip မေရာင္းခဲ့ေၾကာင္း Apple ဖြင့္ဟ
Apple, Mobiles & Tablets, NEWS
825 shares149 views

iPhone ေမာ္ဒယ္သစ္ေတြအတြက္ Qualcomm က Chip မေရာင္းခဲ့ေၾကာင္း Apple ဖြင့္ဟ

Nigma - Jan 15, 2019

(Zawgyi) iPhone Xs ၊ Xs Max နဲ႔ iPhone Xr တို႔မွာ Qualcomm modem ေတြ သုံးခ်င္ခဲ့ေပမယ့္၊ Qualcomm က Chip မေရာင္းခဲ့ေၾကာင္း Apple က ေျပာၾကားခဲ့ပါတယ္။ Qualcomm ရဲ႕…

Redmi Note 7 ပထမအသုတ္ ၈ မိနစ္အတြင္း ေရာင္းကုန္
Mobiles & Tablets, NEWS, Xiaomi
2316 shares367 views

Redmi Note 7 ပထမအသုတ္ ၈ မိနစ္အတြင္း ေရာင္းကုန္

Nigma - Jan 15, 2019

(Zawgyi) သီးျခား Brand အျဖစ္ ခြဲထြက္လိုက္ျပီျဖစ္တဲ့ Redmi ရဲ႕ ထုတ္ကုန္မန္ေနဂ်ာက ဇန္နဝါရီလအကုန္မွာတင္ Redmi Note 7 အလုံးေရ တသန္းအထိ ေရာင္းခ်ႏိုင္ဖို႕ရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဒီေန႔ကေတာ့ Redmi Note 7 ဖုန္းကို ပထမဆုံးအၾကိမ္ အြန္္လိုင္းကေန…

Leave a Comment

Most from this category