379 Shares 271 Views
Jul 29, 2018
379 271
Ref : theverge
unicode
အရွယ် ကျစ်လစ်လာပြီး နားကြပ်ပေါက် မပါတော့မယ့် iPad Pro များ
Apple က စက်တင်ဘာလမှာ အိုင်ဖုန်းများနဲ့အတူ တက်ဘလက် အသစ်များကို မိတ်ဆက်မယ်လို့ ထင်ရပါတယ်။ အခုတော့ ဂျပန်မှ ထွက်ပေါ်လာတဲ့ သတင်းအရ Apple ဟာ နောက်ထုတ်မယ့် iPad Pro အသစ်များမှာ အရွယ်အစားကို ကျစ်လစ်အောင် ဖန်တီးထားပြီး နောက်ဆုံးထွက် အိုင်ဖုန်းများမှာလို တက်ဘလက်အသစ်များမှာ နားကြပ်ပေါက်ကို ဖယ်ရှားထားမယ်လို့ သိရပါတယ်။
၁၀.၅ လက်မ မော်ဒယ်များဟာ မီလီမီတာအားဖြင့် ၂၄၇.၅ အမြင့်၊ ၁၇၈.၇ အကျယ်နဲ့ ၆ အထူသာ ရှိမယ်လို့ သိရပါတယ်။ လက်ရှိရောင်းထားတဲ့ မော်ဒယ်ဟာ ၂၅၀.၆ အမြင့်၊ ၁၇၄.၁ အကျယ်နဲ့ ၆.၁ အထူ ရှိပါတယ်။ နောက်ထုတ်မယ့် ၁၂.၉ လက်မ မော်ဒယ်ဟာ ၂၈၀ အမြင့်၊ ၂၁၅ အကျယ်နဲ့ ၆.၄ အထူ ရှိမှာပါ။ လက်ရှိမော်ဒယ်ဟာ ၃၀၅.၇ အမြင့်၊ ၂၂၀.၆ အကျယ်နဲ့ ၆.၉ အထူ ရှိပါတယ်။
ဂျပန်မှ သတင်းအရ အိုင်ပတ် အသစ်များမှာ FaceID လည်း ပါလာမယ်လို့ ရေးသားထားပါတယ်။ ဒီသတင်းကတော့ ထွက်နေတာ ကြာပါပြီ။ အိုင်ပတ်အသစ်မှာ စကရင်ရဲ့ ထိပ်မှာ Notch လည်း ပါလာနိုင်ပါတယ်။ အဲဒီအတွက် သူ့ရဲ့ မျက်နှာပြင် ဘေးဘောင်များဟာ အလွန် ပါးလွှာမှာ ဖြစ်ပါတယ်။ iOS 12 မှာ Face ID အတွက် Multi-User ကို ထောက်ပံံ့လာမယ့်အတွက် အိုင်ပတ်အသစ်မှာ Face ID ပါလာမှာ ပိုပြီး သေချာစေပါတယ်။ Multi-User ကို ထောက်ပံ့ခြင်းဟာ အိုင်ဖုန်း ကိုင်သူများအတွက်တော့ သိပ်မလိုအပ်ဘဲ အိုင်ပတ်ကို မျှေ၀ အသုံးပြုတဲ့ လူများအတွက်တော့ အသုံးဝင်လာမှာ ဖြစ်ပါတယ်။
အိုင်ပတ်ရဲ့ ဒီဇိုင်းကိုလည်း ဆန်းသစ်ထားမှာ ဖြစ်ပါတယ်။ Home Button ကို ဖယ်ရှားထားမှာ ဖြစ်ပြီး iPhone X မှာလို Gesture Navigation များကို သုံးရမှာ ဖြစ်ပါတယ်။ Control Center ကို သုံးတဲ့အခါမှာ iOS 12 Beta မှာ Gesture Navigation အသစ်များ ပါလာပါတယ်။
အိုင်ပတ်မှာ Face ID ထည့်သွင်းခြင်းဟာ လုံခြုံရေးအတွက် သာမက Animoji , Memoji များကို အသုံးပြုနိုင်အောင် ဖြစ်ပါတယ်။ အိုင်ပတ်ကို မိသားစုဝင်များ မျှေ၀ အသုံးပြုကြတဲ့အတွက် Animoji , Memoji များကို သုံးကြရင် ပျော်စရာ ကောင်းမှာပါ။
Ref : theverge
You may be interested
Apple က လာမယ့်လများအတွင်းမှာ MacBook Air အသစ်ကို ကြေညာနိုင်
Apple, HUBS, NEWS
100 shares11 views
Apple က လာမယ့်လများအတွင်းမှာ MacBook Air အသစ်ကို ကြေညာနိုင်
Ko Thuya - Aug 19, 2018
ထိုင်ဝမ်က ထွက်လာတဲ့ သတင်းများအရ Apple ဟာ စက်တင်ဘာလနဲ့ အောက်တိုဘာလများအတွင်းမှာ MacBook Air အသစ်ကို ကြေညာမယ်လို့ သိရပါတယ်။ ထိုင်ဝမ် သုတေသန အဖွဲ့အစည်း TrendForce က ဒီသတင်းကို ဖော်ပြထားတာ ဖြစ်ပါတယ်။ အဲဒီ အချိန်ဇယားဟာ iPhone…
ဒီတစ်ပတ် Game for You ကဏ္ဍအတွက် ရွေးပေးချင်တဲ့ Epic Skater 2
FEATURES, Games
0 shares0 views
ဒီတစ်ပတ် Game for You ကဏ္ဍအတွက် ရွေးပေးချင်တဲ့ Epic Skater 2
Ko Thuya - Aug 19, 2018
Epic Skater 2 ဟာ အသစ်ထွက်ရှိလာတဲ့ စကိတ်စီးတဲ့ ဂိမ်း ဖြစ်ပါတယ်။ တီထွင် ဖန်တီးမှုများဟာ အလွန်ကောင်းပါတယ်။ စိတ်လှုပ်ရှားစွာ ကစားရမှာပါ။ ဒါပေမယ့် ဂရပ်ဖစ် အပိုင်းမှာ သူက အနည်းငယ် အားနည်းပါတယ်။ သူဟာ အလွန်ကောင်းမွန်ပြီး အခမဲ့ ကစားနိုင်တဲ့…
ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ
FEATURES, gadgets
94 shares14 views
ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ
Ko Thuya - Aug 19, 2018
လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ TechDen™ – Screen Time…
Leave a Comment
Most from this category