119 Shares 52 Views
Jul 29, 2018
119 52
Ref : techradar
unicode
Call Center မှာ AI Agent များ သုံးမယ့် Google
Google က ယခုနှစ် အစောပိုင်းမှာ ကျင်းပခဲ့တဲ့ I/O Developer Conference မှာ လူသားများနဲ့ ဖုန်း ပြောနိုင်တဲ့ ဉာဏ်ရည်တု နည်းပညာကို ပြသခဲ့ပါတယ်။ ဒီနည်းပညာကို Google Duplex လို့ အမည်ပေးထားပါတယ်။ အခုလည်း အလားတူ နည်းပညာ အသစ်တစ်ခုကို Google က ဖန်တီးနေပါတယ်။ Call Center များမှာ လူတွေ မေးမြန်းတာကို ဖြေဆိုပေးမယ့် ဉာဏ်ရည်တု နည်းပညာ ဖြစ်ပါတယ်။
Google က Cloud Next ပွဲမှာ Contact Center AI အသစ်ကို ကြေညာလိုက်တာ ဖြစ်ပါတယ်။ သူက လူများရဲ့ ဘာသာစကားများကို သိနားလည်ပြီး သူတို့ရဲ့ အခက်အခဲများကို ဖြေရှင်းပေးမှာ ဖြစ်ပါတယ်။ ဂူဂယ်လ်ရဲ့ ဝက်ဆိုက်မှ Chatbot နဲ့ Call Centre ကို ဆက်သွယ်တဲ့ ဖုန်းခေါ်ဆိုမှုများဟာ ချိတ်ဆက်ထားနိုင်ပါတယ်။ အဲဒီအတွက် ဂူဂယ်လ်ရဲ့ Database များကနေ စားသုံးသူများ သို့မဟုတ် ဖုန်းခေါ်သူများရဲ့ သတင်းအချက်အလက်များကို Call Center AI က ကြိုတင် သိရှိ နိုင်ပါသေးတယ်။
Google AI ဌာနမှ သိပ္ပံပညာရှင်ချုပ် ဖြစ်သူ Fei-Fei Li က “ AI ရဲ့ စွမ်းရည်များဟာ တိုးတက်လာနေပါပြီ။ လူတိုင်း၊ လုပ်ငန်းတိုင်းမှာ သူ့ကို အသုံးပြုစေချင်ပါတယ်။ ဈေးဆိုင်များကနေ စိုက်ပျိုးရေး ၊ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများအထိ အသုံးပြုနိုင်အောင် ဖန်တီးပေးမှာပါ။ နည်းပညာ နယ်ပယ်မှာတော့ သူဟာ မရှိမဖြစ် ဖြစ်လာပါပြီ။ သူ့ကို ပိုမို ဆန်းသစ်စေမယ့် နည်းလမ်းများကို ကျွန်တော်တို့ ဖန်တီးမှာ ဖြစ်ပါတယ်။ “ လို့ ရှင်းပြပါတယ်။
Ref : techradar
You may be interested
အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်
Android, Apple, HUBS
0 shares0 views
အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်
Ko Thuya - Jan 17, 2019
ဆမ်ဆောင်းက ဒီလ ၂၀ ရက်နေ့မှာ ခေါက်ချိုး စမတ်ဖုန်းကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Huawei နဲ့ LG တို့ကလည်း သူတို့ရဲ့ ခေါက်ချိုး စမတ်ဖုန်းများကို ပြသကြတော့မှာ ဖြစ်ပါတယ်။ Apple ကလည်း ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။ ကုမ္ပဏီက ပြိုင်ဖက်များနဲ့…
ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ
Gadgets, NEWS
0 shares0 views
ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ
Nigma - Jan 17, 2019
(Zawgyi) Nike ဟာ ယနေ့မှာ Adapt BB ဆိုတဲ့ နည်းပညာမြင့် ဘတ်စကတ်ဘောဖိနပ်တမျိုးကို မိတ်ဆက်လိုက်ပါတယ်။ Adapt BB ဖိနပ်ဟာ အလိုအလျောက်ကြိုးချည်နိုင်ပြီး၊ ခြေထောက်အရွယ်အစားနဲ့  အံကိုက် ဖြစ်နေအောင် အလိုအလျောက် ကြိုးအတင်းအလျော့ လုပ်ပေးနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး။ အရင်က…
LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်
Android, HUBS, LG
93 shares9 views
LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်
Ko Thuya - Jan 17, 2019
လာမယ့်လမှာ ဘာစီလိုနာတွင် MWC 2019 ကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ Xiaomi နဲ့ Sony တို့က အဲဒီပွဲမှာ ပါဝင် ပြသဖို့ ဖိတ်စာများ ဝေငှထားပြီးပါပြီ။ LG ကလည်း အဲဒီပွဲမှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမယ်လို့ တောင်ကိုရီးယားကနေ…
Leave a Comment
Most from this category