258 Shares 77 Views

တစ္ႏွစ္ၾကာ ေနေရာင္ျခည္ စြမ္းအင္ျဖင့္ မရပ္မနား ပ်ံသန္းႏိုင္တဲ့ Drone

Jul 29, 2018
258 77

Farnborough International Airshow မွာ PHASA-35 အမည္ရ ဒရုန္းတစ္ခုကို ျပသလိုက္ပါတယ္။ သူဟာ ၃၅ မီတာ အက်ယ္ရွိၿပီး ေတာင္ပံမ်ားဟာ ပါးလႊာပါတယ္။ သူဟာ ေနေရာင္ျခည္ စြမ္းအင္ကို အသံုးျပဳလွ်က္ ပ်ံသန္းႏိုင္ပါတယ္။ တစ္နွစ္ၾကာေတာင္ မရပ္မနား ပ်ံသန္းႏုိင္ပါတယ္။ ျပပြဲမွာ ျပသထားတဲ့ ဒရုန္းဟာ အရြယ္ေသး နမူနာ ေမာ္ဒယ္ ျဖစ္ပ ါတယ္။

လာမယ့္ႏွစ္မွာ စြမ္းရည္ျပည့္ ေမာ္ဒယ္ကို စမ္းသပ္ ပ်ံသန္းမွာ ျဖစ္ပါတယ္။ ၂၀၂၀ သို႔မဟုတ္ ၂၀၂၁ ခုႏွစ္မ်ားမွာ စားသံုးသူမ်ားထံ ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။ သူ႔ကို ေမာင္းသူမဲ့ ေလယာဥ္ နည္းပညာနယ္ပယ္မွာ အထူး ကြ်မ္းက်င္တဲ့ Prismatic နဲ႔ BAE Systems တို႔ ပူးေပါင္း ဖန္တီးထားတာ ျဖစ္ပါတယ္။ “ ကြ်န္ေတာ္တို႔ ဒီဒရုန္းကို ေကာင္းကင္မွာ ၾကာႏုိင္သေလာက္ ၾကာေအာင္ ပ်ံသန္းေစခ်င္တာျဖစ္ပါတယ္။ လမ်ားစြာ၊ ဒီထက္ပိုၿပီး ႏွစ္မ်ားစြာၾကာေအာင္ မရပ္မနား ပ်ံသန္းေစခ်င္ပါတယ္။ “ လို႔ Prismatic ရဲ႕ အင္ဂ်င္နီယာ ဌာနမွ ဒါရိုက္တာ ျဖစ္သူ Jonathan Dixon က Techradar ကို ေျပာပါတယ္။

ဒရုန္းဟာ ၁၅ ကီလိုဂရမ္ အေလးခ်ိန္ကို သယ္ေဆာင္ႏုိင္ပါတယ္။ တကယ္ေတာ့ သူ႔ကိုယ္ထည္ထဲမွာ ဆန္႔သေလာက္ ကုန္ပစၥည္းမ်ားကို သယ္ေဆာင္ႏုိင္ပါတယ္။ သူ႔ကို ေထာက္လွမ္းေရး ဒရုန္းလို႔ ေဖာ္ျပထားေပမယ့္ အျခား အလုပ္မ်ားကို ျပဳလုပ္ႏုိ္င္ပါတယ္။

“ Drone ဟာ 5G, 6G အင္တာနက္ ဆက္သြယ္မႈမ်ားကို ထုတ္လႊင့္ေပးျခင္း၊ ေထာက္လွမ္းေရး ျပဳလုပ္ျခင္း၊ စိုက္ပ်ိဳးေရး၊ သစ္ေတာ ကာကြယ္ေစာင့္ေရွာက္ျခင္း၊ သဘာ၀ေဘး ကယ္ဆယ္ေရးမ်ားလို အလုပ္မ်ားကို ျပဳလုပ္နုိင္ပါတယ္။ “ လို႔ တီထြင္သူမ်ားက ေျပာပါတယ္။

Ref : techradar

unicode

တစ်နှစ်ကြာ နေရောင်ခြည် စွမ်းအင်ဖြင့် မရပ်မနား ပျံသန်းနိုင်တဲ့ Drone

Farnborough International Airshow မှာ PHASA-35 အမည်ရ ဒရုန်းတစ်ခုကို ပြသလိုက်ပါတယ်။ သူဟာ ၃၅ မီတာ အကျယ်ရှိပြီး တောင်ပံများဟာ ပါးလွှာပါတယ်။ သူဟာ နေရောင်ခြည် စွမ်းအင်ကို အသုံးပြုလျှက် ပျံသန်းနိုင်ပါတယ်။ တစ်နှစ်ကြာတောင် မရပ်မနား ပျံသန်းနိုင်ပါတယ်။ ပြပွဲမှာ ပြသထားတဲ့ ဒရုန်းဟာ အရွယ်သေး နမူနာ မော်ဒယ် ဖြစ်ပ ါတယ်။

လာမယ့်နှစ်မှာ စွမ်းရည်ပြည့် မော်ဒယ်ကို စမ်းသပ် ပျံသန်းမှာ ဖြစ်ပါတယ်။ ၂၀၂၀ သို့မဟုတ် ၂၀၂၁ ခုနှစ်များမှာ စားသုံးသူများထံ ရောင်းချပေးမှာ ဖြစ်ပါတယ်။ သူ့ကို မောင်းသူမဲ့ လေယာဉ် နည်းပညာနယ်ပယ်မှာ အထူး ကျွမ်းကျင်တဲ့ Prismatic နဲ့ BAE Systems တို့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပါတယ်။ “ ကျွန်တော်တို့ ဒီဒရုန်းကို ကောင်းကင်မှာ ကြာနိုင်သလောက် ကြာအောင် ပျံသန်းစေချင်တာဖြစ်ပါတယ်။ လများစွာ၊ ဒီထက်ပိုပြီး နှစ်များစွာကြာအောင် မရပ်မနား ပျံသန်းစေချင်ပါတယ်။ “ လို့ Prismatic ရဲ့ အင်ဂျင်နီယာ ဌာနမှ ဒါရိုက်တာ ဖြစ်သူ Jonathan Dixon က Techradar ကို ပြောပါတယ်။

ဒရုန်းဟာ ၁၅ ကီလိုဂရမ် အလေးချိန်ကို သယ်ဆောင်နိုင်ပါတယ်။ တကယ်တော့ သူ့ကိုယ်ထည်ထဲမှာ ဆန့်သလောက် ကုန်ပစ္စည်းများကို သယ်ဆောင်နိုင်ပါတယ်။ သူ့ကို ထောက်လှမ်းရေး ဒရုန်းလို့ ဖော်ပြထားပေမယ့် အခြား အလုပ်များကို ပြုလုပ်နိုင်ပါတယ်။

“ Drone ဟာ 5G, 6G အင်တာနက် ဆက်သွယ်မှုများကို ထုတ်လွှင့်ပေးခြင်း၊ ထောက်လှမ်းရေး ပြုလုပ်ခြင်း၊ စိုက်ပျိုးရေး၊ သစ်တော ကာကွယ်စောင့်ရှောက်ခြင်း၊ သဘာဝဘေး ကယ်ဆယ်ရေးများလို အလုပ်များကို ပြုလုပ်နိုင်ပါတယ်။ “ လို့ တီထွင်သူများက ပြောပါတယ်။

Ref : techradar

You may be interested

Android ကို Pro လို သံုးနိုင္မယ့္ Tips မ်ား
Android, FEATURES, HUBS
115 shares49 views

Android ကို Pro လို သံုးနိုင္မယ့္ Tips မ်ား

Ko Thuya - Nov 19, 2018

Android ေပၚလာတာ ဆယ္စုႏွစ္တစ္ခုေက်ာ္လာပါၿပီ။ Update တစ္ခုထြက္တိုင္းမွာ လုပ္ေဆာင္ခ်က္ အသစ္မ်ား ပါလာပါတယ္။ အခ်ိဳ႕ လုပ္ေဆာင္ခ်က္ေတြကို လူေတြ သိပ္မသိၾကပါဘူး။ ဒီပို႔စ္မွာ အန္းဒရြိဳက္ကို ဆရာတစ္ဆူလို သံုးႏိုင္မယ့္ နည္းလမ္းမ်ားကို ေဖာ္ျပလိုက္ပါတယ္။ ၁။ App မ်ားအတြက္ သီးျခား Shortcuts…

Instagram မွ User မ်ားရဲ႕ Password မ်ား ေပါက္ၾကား
Facebook, HUBS, NEWS
56 shares10 views

Instagram မွ User မ်ားရဲ႕ Password မ်ား ေပါက္ၾကား

Ko Thuya - Nov 19, 2018

Instagram မၾကာခင္က မိတ္ဆက္ခဲ့တဲ့ Download Your Data Tool ကေန User မ်ားရဲ႕ Password မ်ား ေပါက္ၾကားသြားတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ဒါေပမယ့္ User အနည္းငယ္သာ ေပါက္ၾကားသြားတာ ျဖစ္ၿပီး အခုေတာ့ လံုျခံဳေရး ဟာကြက္ကို…

အင္တာနက္မွာ ဆယ္လီ ျဖစ္လာတဲ့ ဂ်ပန္မွ ေၾကာင္ႏွစ္ေကာင္
NEWS, Odd
86 shares25 views

အင္တာနက္မွာ ဆယ္လီ ျဖစ္လာတဲ့ ဂ်ပန္မွ ေၾကာင္ႏွစ္ေကာင္

Ko Thuya - Nov 19, 2018

ခ်စ္စရာ အနက္နဲ႔ အ၀ါေရာင္ ေၾကာင္ေလး ႏွစ္ေကာင္ဟာ ဂ်ပန္ႏုိင္ငံ ဟီရိုရွီးမားၿမိဳ႕မွ အနုပညာ ျပတိုက္ကို တစ္ပတ္လွ်င္ ၂ ႀကိမ္၊ ၃ ႀကိမ္ေလာက္ ၀င္ဖို႔ ႀကိဳးစားေနပါတယ္။ သူတို႔ ဒီလိုလုပ္ေနတာ ၂ ႏွစ္ေလာက္ ရွိပါၿပီ။ လံုျခံဳေရး ၀န္ထမ္းမ်ားေၾကာင့္…

Leave a Comment

Most from this category