1 Shares 4545 Views

Jia Jia အမည်ရ စက်ရုပ်အလှဘုရင်မတစ်ပါးကို တရုတ်သိပ္ပံပညာရှင်တွေ တီထွင်

Apr 21, 2016
1 4545

ဒီစက်ရုပ်မလေးကို မြင်မြင်ချင်းမှာတော့၊ တကယ့်ကောင်မလေးတစ်ယောက်လားလို့ ထင်မိမှာပါ။ ဒါပေမယ့် တကယ်တမ်းတော့ သူမဟာ Jia Jia လို့ အမည်ပေးထားတဲ့ စက်ရုပ်မလေးဖြစ်ပါတယ်။

Jia Jia ဟာ မျက်လုံးလှုပ်ရှားပုံ၊ နှုတ်ခမ်းလှုပ်စကားပြောပုံကအစ လူသားမိန်းကလေးတစ်ယောက်လိုဖြစ်ပြီး၊ နက်မှောင်ရှည်လျားတဲ့ဆံပင်၊ ပန်းရောင်သန်းနေတဲ့ပါးပြင်နဲ့ တကယ့်မိန်းမချောလေးတစ်ဦးလို့ ထင်မှတ်မှားလောက်ရတာမို့ ‘စက်ရုပ်နတ်မိမယ်လေး’ လို့တောင် နာမည်ပြောင်ပေးခံထားရပါတယ်။

33394D8100000578-0-image-a-17_1460753881222

Jia Jia ကို တရုတ်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က Chen Xiaoping ဆိုသူနဲ့ အပေါင်းအပါတစ်စုက ဖန်တီးခဲ့ကြတာဖြစ်ပြီး၊ ဧပြီလ ၁၅ ရက်နေ့က တရုတ်နိုင်ငံ၊ Hefei မြို့မှာ စတင်ပြသခဲ့တာပါ။

Jia Jia ကို စတင်ပြသတဲ့ပွဲမှာ တီထွင်သူ Xaioping က ‘ဟယ်လို’ လို့ စခေါ်လိုက်တာနဲ့၊ စက်ရုပ်မလေးက ‘ ဟုတ်ကဲ့၊ သခင်၊ ကျွန်မဘာများလုပ်ပေးရမလဲ’ လို့ ချက်ချင်းပြန်ပြောခဲ့တာ မြင်တွေ့ရပါတယ်။

ဒီလို စကားပြောနိုင်၊ မျက်နှာအမူအရာအသေးစားတွေပြုလုပ်နိုင်တဲ့ စက်ရုပ်မျိုးကို ဖန်တီးနိုင်ဖို့အတွက် သုံးနှစ်ကျော်ကြာအချိန်ယူခဲ့ရတယ်လို့ဆိုပါတယ်။ Jia Jia ကို လူသားနဲ့ဆက်သွယ်တုံ့ပြန်ပြောဆိုနိုင်ဖို့ ပရိုဂရမ်ပေးထားပြီး၊ Cloud နည်းပညာကနေတဆင့်၊ ၀န်ဆောင်မှုတွေ လုပ်ပေးနိုင်တယ်လို့ သိရပါတယ်။

Jia Jia ရဲ့ Deep Learning (အယ်ဂိုရီသမ်အရအလိုအလျောက်လေ့လာသင်ယူနိုင်တဲ့စွမ်းရည်) ဟာ ကောင်းမွန်လွန်းလှတာကြောင့်၊ သူမကို ဓာတ်ပုံရိုက်တဲ့အခါ

“ ကျွန်မနားကပ်ပြီး၊ ဓာတ်ပုံမရိုက်နဲ့နော်၊ ကျွန်မမျက်နှာက ပိုပြဲနေသလိုဖြစ်သွားလိမ့်မယ်” လို့ ပြောဆိုခဲ့တာကြောင့် ပွဲလာပရိတ်သတ်တွေအကုန် ရယ်မောခဲ့ရပါသေးတယ်။

33371F8F00000578-3542621-Compared_to_previous_interactive_robots_this_humanoid_has_natura-m-2_1460757781821

Jia Jia စက်ရုပ်ကို တီထွင်ခဲ့တဲ့အဖွဲ့ဟာ ၂၀၁၄ ခုနှစ် RoboCup ချန်ပီယံရှစ်မှာ ပထမဆုရသွားခဲ့တဲ့ ‘Kejia’ အခိုင်းအစေစက်ရုပ်ကို တီထွင်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

Ref: DailyMail

 

 

You may be interested

LG ရဲ့ လေဆိပ် ဧည့်လမ်းညွှန် စက်ရုပ်
NEWS, Tech Update
0 shares0 views

LG ရဲ့ လေဆိပ် ဧည့်လမ်းညွှန် စက်ရုပ်

Ko Thuya - Jul 22, 2017

တောင်ကိုရီးယားမှာ လာမယ့်နှစ်တွင် ကျင်းပမယ့် Winter Olympics ပွဲအတွက် LG က နိုင်ငံရဲ့ အကြီးမားဆုံး လေဆိပ်မှာ စက်ရုပ်များကို စမ်းသပ်နေပါတယ်။ ဒီနေ့ကစပြီး ဆိုးလ်မြို့ရဲ့ အင်ချီယွန် နိုင်ငံတကာ လေဆိပ်မှာ LG ရဲ့ Airport Guide Robot…

Samsung က Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများ ဝေငှ
Mobiles & Tablets, NEWS
99 shares39 views

Samsung က Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများ ဝေငှ

Ko Thuya - Jul 22, 2017

Samsung က သြဂုတ်လ ၂၃ ရက်နေ့မှာ နယူးယောက်စီးတီးတွင် ကျင်းပမယ့် Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများအား မီဒီယာများထံ ဝေငှလိုက်ပါတယ်။ ဖိတ်စာမှာတော့ Galaxy Note 8 ကို မိတ်ဆက်မယ်လို့ မရေးသားထားဘဲ Do bigger…

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် (သို့မဟုတ်) iPhone Pro
Apple, HUBS, Mobiles & Tablets
687 shares1613 views

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် (သို့မဟုတ်) iPhone Pro

zayarsan - Jul 21, 2017

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် လို့ နာမည်ကြီးနေတဲ့ အမျိုးအစား က ဘာများပါလိမ့်...ဆိုတဲ့ မေးခွန်းဟာ လတ်တလောမှာ Apple ထုတ်ကုန်တွေကို စောင့်ကြည့်လေ့လာနေသူတိုင်းအတွက် ခေါင်းစားစေတဲ့ မေးခွန်းတစ်ခု ဖြစ်တယ် လို့ DailyMail က သုံးသပ်ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတဲ့…

Leave a Comment

Most from this category