268 Shares 174 Views

YouTube ကို Mobile Data သက္သာစြာျဖင့္ ဘယ္လို ၾကည့္မလဲ ?

Jul 28, 2018
268 174

Google က စြမ္းရည္နိမ့္ပါးတဲ့ စမတ္ဖုန္းမ်ားမွာ သြက္လက္လွ်င္ျမန္ေစမယ့္ Android Go OS စီမံကိန္းကို ဖန္တီးေနပါတယ္။ YouTube Go ကလည္း အဲဒီ စီမံကိန္းမ်ားထဲမွ တစ္ခု ျဖစ္ပါတယ္။ အင္တာနက္ အလြန္ ေႏွးေကြးတဲ့ ေနရာမ်ားမွာေတာင္ သူ႔ကို အသံုးျပဳ ႏုိင္ေအာင္ ဖန္တီးထားၿပီး ထစ္ျခင္း မရွိဘဲ ဗီဒီယိုမ်ားကို ေခ်ာမြတ္စြာ ၾကည့္ႏုိင္မွာ ျဖစ္ပါတယ္။ သူ႔မွာ မူလ YouTube App မွာလို ရုပ္ရွင္မ်ား၊ သီခ်င္း မ်ား၊ တီဗီရိႈးမ်ား၊ ဟာသမ်ား၊ ဖက္ရွင္မ်ား၊ ဟင္းခ်က္နည္း မ်ားနဲ႔ How To Video မ်ားကို ရွာေဖြႏိုင္ပါတယ္။ ဗီဒီယိုမ်ားကို ႏွစ္သက္တဲ့ အရည္အေသြးျဖင့္ ၾကည့္ရႈႏုိင္၊ ေဒါင္းလုပ္ျပဳလုပ္ႏိုင္တဲ့ ကုန္က်မယ့္ ေဒတာ ပမာဏနဲ႔ သင့္ စမတ္ဖုန္းမွာ ေနရာယူမယ့္ ေဒတာ ပမာဏကို သင္က စိတ္တိုင္းက် စီမံခန္႔ခြဲႏုိင္ပါတယ္။ အနီးအနားမွ သူငယ္ခ်င္းမ်ားနဲ႔ Bluetooth, WiFi မ်ားက တစ္ဆင့္ သင္ ေဒါင္းလုပ္လုပ္ထားတဲ့ ဗီဒီယိုမ်ားကို မွ်ေ၀ႏုိင္တဲ့အတြက္ မိုဘိုင္းေဒတာ ကုန္က်မႈ သက္သာေစပါတယ္။ သူ႔ရဲ႕ အရြယ္အစားဟာ 9MB သာ ရွိတဲ့အတြက္ မူလ YouTube App ထက္ စမတ္ဖုန္းမွာ ေနရာယူမႈ အလြန္ နည္းပါးပါတယ္။ ဗီဒီယိုမ်ားကို ၾကည့္ရႈျခင္း၊ ေဒါင္းလုပ္လုပ္ျခင္း မျပဳခင္မွာ Preview ၾကည့္ရႈႏိုင္တာက သူ႔ရဲ႕ အားသာခ်က္ ျဖစ္ပါတယ္။

သူ႔ကို ပထမဆံုး အႀကိမ္ဖြင့္ၿပီးရင္ ညႊန္ၾကားခ်က္အတိုင္းလုပ္ေဆာင္ေပးရမွာ ျဖစ္ပါတယ္။ အရင္ဆံုး သူ႔ရဲ႕ စြမ္းေဆာင္ရည္မ်ားကို သင့္အား ျပသေပးမွာ ျဖစ္ပါတယ္။ ညာဘက္ကေန ဘယ္ဘက္သို႔ လက္ျဖင့္ ပြတ္ဆြဲ၍ ၾကည့္ရႈပါ။ ေနာက္ဆံုး စကရင္မွာ Next ကို ႏွိပ္ပါ။ ေနာက္ အဆင့္မွာ သင့္ရဲ႕ ဖုန္းနံပါတ္ကို ျဖည့္ေပးၿပီး Next ကို ႏွိပ္ပါ။

ေနာက္ အဆင့္မွာ အသံုးျပဳမယ့္ သင့္ရဲ႕ Gmail အေကာင့္ကို ေရြးခ်ယ္ေပးပါ။ ၿပီးရင္ေတာ့ သင့္ရဲ႕ စမတ္ဖုန္းထံ ကုဒ္တစ္ခု ေပးပို႔မွ ျဖစ္ၿပီး သင့္ ဖုန္းနံပါတ္ကို အတည္ျပဳေပးရမွာ ျဖစ္ပါတယ္။ ၿပီးရင္ေတာ့ သူ႔ကို စတင္ အသံုးျပဳႏုိင္ပါၿပီ။

သူ႔ရဲ႕ Home Screen မွာ ဗီဒီယိုမ်ားကို ျပသေပးထားပါတယ္။ ဗီဒီယိုတစ္ခုကို ႏွိ္ပ္ပါ။

ဒါဆိုရင္ ဗီဒီယို အရည္အေသြးမ်ားနဲ႔တကြ ကုန္က်မယ့္ ေဒတာ ပမာဏကို ျပသထားပါတယ္။ ဗီဒီယို အရည္အေသြးကို ေရြးခ်ယ္ေပးပါ။ ၿပီးရင္ Play or Download ျပဳလုပ္ႏုိင္ပါတယ္။

Play ျပဳလုပ္ရင္ေတာ့ မူလ YouTube App မွာလို ဗီဒီယိုကို Full Screen ျဖင့္ ၾကည့္ရႈႏုိင္ပါတယ္။

ေအာက္ေျခမွ Downloads Tab ထဲကို သြားရင္ ေဒါင္းလုပ္လုပ္ထားတဲ့ ဗီဒီယိုမ်ားကို ျပသေပးထားပါ တယ္။

သင့္ဖုန္းကေန ဖ်က္ခ်င္ရင္ ဗီဒီယိုရဲ႕ ညာဘက္ေဘးမွ ေဒါင္လိုက္ အစက္သံုးစက္ကို ႏွိပ္ၿပီး Delete from phone ကို ေရြးေပးပါ။

အနီးအနားမွ သူငယ္ခ်င္းထံ ဗီဒီယိုကို ေပးပို႔ခ်င္ရင္ အေပၚထိပ္ဘားမွ မွ်ားခလုတ္ကို ႏွိပ္ၿပီး Send ကို ႏွိပ္ပါ။ သူငယ္ခ်င္းထံမွ ဗီဒီယိုကို လိုခ်င္ရင္ေတာ့ Receive ကို ႏွိပ္ပါ။ အျပန္အလွန္အားျဖင့္ သူငယ္ခ်င္းကလည္း သူ႔ စမတ္ဖုန္းမွ YouTube Go App ကေန Send or Receive Button မ်ားကို ႏွိပ္ေပးရမွာ ျဖစ္ပါတယ္။

ဒါဆိုရင္ Bluetooth , WiFi ဆက္သြယ္မႈမ်ားျဖင့္ ဗီဒီယိုမ်ားကို ေပးပို႔ ၊ ရယူေပးမွာ ျဖစ္ပါတယ္။

သူ႔ရဲ႕ ဖိုင္အရြယ္အစားမွာ 8MB ရွိၿပီး အသံုးျပဳႏုိင္တဲ့ Android Version ကေတာ့ ဖုန္းတစ္လံုးနဲ႔တစ္လံုး မတူညီပါဘူး။

Download

unicode

YouTube ကို Mobile Data သက်သာစွာဖြင့် ဘယ်လို ကြည့်မလဲ ?

Google က စွမ်းရည်နိမ့်ပါးတဲ့ စမတ်ဖုန်းများမှာ သွက်လက်လျှင်မြန်စေမယ့် Android Go OS စီမံကိန်းကို ဖန်တီးနေပါတယ်။ YouTube Go ကလည်း အဲဒီ စီမံကိန်းများထဲမှ တစ်ခု ဖြစ်ပါတယ်။ အင်တာနက် အလွန် နှေးကွေးတဲ့ နေရာများမှာတောင် သူ့ကို အသုံးပြု နိုင်အောင် ဖန်တီးထားပြီး ထစ်ခြင်း မရှိဘဲ ဗီဒီယိုများကို ချောမွတ်စွာ ကြည့်နိုင်မှာ ဖြစ်ပါတယ်။ သူ့မှာ မူလ YouTube App မှာလို ရုပ်ရှင်များ၊ သီချင်း များ၊ တီဗီရှိုးများ၊ ဟာသများ၊ ဖက်ရှင်များ၊ ဟင်းချက်နည်း များနဲ့ How To Video များကို ရှာဖွေနိုင်ပါတယ်။ ဗီဒီယိုများကို နှစ်သက်တဲ့ အရည်အသွေးဖြင့် ကြည့်ရှုနိုင်၊ ဒေါင်းလုပ်ပြုလုပ်နိုင်တဲ့ ကုန်ကျမယ့် ဒေတာ ပမာဏနဲ့ သင့် စမတ်ဖုန်းမှာ နေရာယူမယ့် ဒေတာ ပမာဏကို သင်က စိတ်တိုင်းကျ စီမံခန့်ခွဲနိုင်ပါတယ်။ အနီးအနားမှ သူငယ်ချင်းများနဲ့ Bluetooth, WiFi များက တစ်ဆင့် သင် ဒေါင်းလုပ်လုပ်ထားတဲ့ ဗီဒီယိုများကို မျှဝေနိုင်တဲ့အတွက် မိုဘိုင်းဒေတာ ကုန်ကျမှု သက်သာစေပါတယ်။ သူ့ရဲ့ အရွယ်အစားဟာ 9MB သာ ရှိတဲ့အတွက် မူလ YouTube App ထက် စမတ်ဖုန်းမှာ နေရာယူမှု အလွန် နည်းပါးပါတယ်။ ဗီဒီယိုများကို ကြည့်ရှုခြင်း၊ ဒေါင်းလုပ်လုပ်ခြင်း မပြုခင်မှာ Preview ကြည့်ရှုနိုင်တာက သူ့ရဲ့ အားသာချက် ဖြစ်ပါတယ်။

သူ့ကို ပထမဆုံး အကြိမ်ဖွင့်ပြီးရင် ညွှန်ကြားချက်အတိုင်းလုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ အရင်ဆုံး သူ့ရဲ့ စွမ်းဆောင်ရည်များကို သင့်အား ပြသပေးမှာ ဖြစ်ပါတယ်။ ညာဘက်ကနေ ဘယ်ဘက်သို့ လက်ဖြင့် ပွတ်ဆွဲ၍ ကြည့်ရှုပါ။ နောက်ဆုံး စကရင်မှာ Next ကို နှိပ်ပါ။ နောက် အဆင့်မှာ သင့်ရဲ့ ဖုန်းနံပါတ်ကို ဖြည့်ပေးပြီး Next ကို နှိပ်ပါ။

နောက် အဆင့်မှာ အသုံးပြုမယ့် သင့်ရဲ့ Gmail အကောင့်ကို ရွေးချယ်ပေးပါ။ ပြီးရင်တော့ သင့်ရဲ့ စမတ်ဖုန်းထံ ကုဒ်တစ်ခု ပေးပို့မှ ဖြစ်ပြီး သင့် ဖုန်းနံပါတ်ကို အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ သူ့ကို စတင် အသုံးပြုနိုင်ပါပြီ။

သူ့ရဲ့ Home Screen မှာ ဗီဒီယိုများကို ပြသပေးထားပါတယ်။ ဗီဒီယိုတစ်ခုကို နှိပ်ပါ။

ဒါဆိုရင် ဗီဒီယို အရည်အသွေးများနဲ့တကွ ကုန်ကျမယ့် ဒေတာ ပမာဏကို ပြသထားပါတယ်။ ဗီဒီယို အရည်အသွေးကို ရွေးချယ်ပေးပါ။ ပြီးရင် Play or Download ပြုလုပ်နိုင်ပါတယ်။

Play ပြုလုပ်ရင်တော့ မူလ YouTube App မှာလို ဗီဒီယိုကို Full Screen ဖြင့် ကြည့်ရှုနိုင်ပါတယ်။

အောက်ခြေမှ Downloads Tab ထဲကို သွားရင် ဒေါင်းလုပ်လုပ်ထားတဲ့ ဗီဒီယိုများကို ပြသပေးထားပါ တယ်။

သင့်ဖုန်းကနေ ဖျက်ချင်ရင် ဗီဒီယိုရဲ့ ညာဘက်ဘေးမှ ဒေါင်လိုက် အစက်သုံးစက်ကို နှိပ်ပြီး Delete from phone ကို ရွေးပေးပါ။

အနီးအနားမှ သူငယ်ချင်းထံ ဗီဒီယိုကို ပေးပို့ချင်ရင် အပေါ်ထိပ်ဘားမှ မျှားခလုတ်ကို နှိပ်ပြီး Send ကို နှိပ်ပါ။ သူငယ်ချင်းထံမှ ဗီဒီယိုကို လိုချင်ရင်တော့ Receive ကို နှိပ်ပါ။ အပြန်အလှန်အားဖြင့် သူငယ်ချင်းကလည်း သူ့ စမတ်ဖုန်းမှ YouTube Go App ကနေ Send or Receive Button များကို နှိပ်ပေးရမှာ ဖြစ်ပါတယ်။

ဒါဆိုရင် Bluetooth , WiFi ဆက်သွယ်မှုများဖြင့် ဗီဒီယိုများကို ပေးပို့ ၊ ရယူပေးမှာ ဖြစ်ပါတယ်။

သူ့ရဲ့ ဖိုင်အရွယ်အစားမှာ 8MB ရှိပြီး အသုံးပြုနိုင်တဲ့ Android Version ကတော့ ဖုန်းတစ်လုံးနဲ့တစ်လုံး မတူညီပါဘူး။

Download

You may be interested

Samsung Galaxy A40 စမတ္ဖုန္း ထြက္ရွိ
Mobiles & Tablets, NEWS, Samsung
0 shares0 views

Samsung Galaxy A40 စမတ္ဖုန္း ထြက္ရွိ

Nigma - Mar 21, 2019

Galaxy A Series ဖုန္းအသစ္ Galaxy A30 နဲ႔ Galaxy A50 တို႔ ျပည္တြင္းေစ်းကြက္ကို ဝင္ေရာက္လာခ်ိန္မွာ ေနာက္ထပ္ Galaxy A Series ဖုန္းအသစ္တမ်ိဳးကို နယ္သာလန္ႏိုင္ငံမွာ ထပ္မံ မိတ္ဆက္လိုက္ပါတယ္။ Galaxy A30 နဲ႔…

Messenger မွာ မက္ေဆ့တခုကို ေ႐ြးခ်ယ္ Reply ျပန္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ပါဝင္လာ
NEWS, Softwares & Application
59 shares208 views

Messenger မွာ မက္ေဆ့တခုကို ေ႐ြးခ်ယ္ Reply ျပန္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ပါဝင္လာ

Nigma - Mar 21, 2019

Messenger မွာ အဓိက လိုအပ္ေနတဲ့ လုပ္ေဆာင္ခ်က္အသစ္တခု ပါဝင္လာပါတယ္။ Quoted replies ဆိုတဲ့ လုပ္ေဆာင္ခ်က္ပါ။ မက္ေဆ့တခုကို ေ႐ြးခ်ယ္ၿပီး Reply ျပန္ေျပာႏိုင္တဲ့ လုပ္ေဆာင္ခ်က္ျဖစ္ပါတယ္။ သူငယ္ခ်င္းေတြ အမ်ားႀကီးနဲ႔ Group Chat ေျပာတဲ့အခါ တေယာက္တေပါက္နဲ႔ ျပန္ေျပာရတာ အခက္ေတြ႕ၾကမွာပါ။…

မတ္လကုန္မွာ Redmi Note 7 အလံုးေရ ၄ သန္း ေရာင္းခ်ႏုိင္ဖို႔ ႀကိဳးစားေနတဲ့ Xiaomi
Android, HUBS, Mobiles & Tablets
108 shares131 views

မတ္လကုန္မွာ Redmi Note 7 အလံုးေရ ၄ သန္း ေရာင္းခ်ႏုိင္ဖို႔ ႀကိဳးစားေနတဲ့ Xiaomi

Ko Thuya - Mar 21, 2019

Xiaomi က ဇန္န၀ါရီလ ၁၀ ရက္ေန႔မွာ Redmi Note 7 ကို ေၾကညာခဲ့ပါတယ္။ ေရွာင္မီရဲ႕ ဥကၠဌ ျဖစ္သူက ပထမဆံုး ေရာင္းတဲ့ လမွာ အလံုးေရ ၁ သန္းေရာင္းခ်ႏုိင္ဖို႔ ႀကိဳးစားမယ္လို႔ အဲဒီအခ်ိန္က ေျပာခဲ့ပါတယ္။ တကယ္လည္း…

Leave a Comment

Most from this category